Latest News

Tuesday, December 20, 2016

မန်ယူအသင်းဘက် မော်ရင်ဟိုကို နောက်ထပ်ဆယ်နှစ်ခန့် ထပ်ရှိရန် မျှော်လင့်နေ


မန်ယူအသင်းဘက် မော်ရင်ဟိုကို နောက်ထပ်ဆယ်နှစ်ခန့် ထပ်ရှိရန် မျှော်လင့်နေ

မန်ယူအသင်းထိပ်တန်း အရာရှိတွေဘက်က မော်ရင်ဟိုအသင်းမှာ အချိန်ကြာကြာရှိဖို့ မျှော်လင့်ထားပါတယ်။
 

မန်ချက်စတာယူနိုက်တက်အသင်း အကြီးအကဲတွေဘက်က လက်ရှိနည်းပြမော်ရင်ဟိုကို နောက်ထပ် ဆယ်စုနှစ်တစ်ခုလောက် အသင်းကိုကိုင်တွယ်ပေးစေချင်တဲ့ ဆန္ဒရှိနေကြောင်း ဗြိတိန်မီဒီယာတွေကဖော်ပြကြပါတယ်။

မော်ရင်ဟိုဟာ လက်ရှိမှာ သုံးနှစ်စာချုပ်သာ ချုပ်ဆိုထားပေမဲ့ မော်ရင်ဟိုကို အသင်းမှာ ဆက်ရှိနေဖို့အတွက် စတင်ဆွေးနွေးဖို့ အသင်းထိပ်တန်းအရာရှိတွေဘက်က စတင်ကြိုးပမ်းနေပြီလို့ ဆိုပါတယ်။ မော်ရင်ဟိုလက်ထက်မှာ ၂၇ နှစ်အတွင်း ပရီးမီးယားလိဂ် စံချိန်တင်ရလဒ်အဆိုးရွားဆုံး အခြေအနေကြုံခဲ့ရပေမဲ့ မန်ယူအသင်းဟာ အခုရလဒ်ပြန်လည်တည်ငြိမ်လာပြီးနောက်ဆုံး ဆယ်ပွဲဆက်တိုက် ရှုံးပွဲမတွေ့ထားပါဘူး။


အသင်းထိပ်ပိုင်းအရာရှိတွေနဲ့ အသင်းပိုင်ရှင်တွေဘက်က မန်ယူအသင်းဟာ မော်ရင်ဟိုလက်ထပ်မှာ ဖာဂူဆန်လက်ထက်ကလို ကိုယ်ပိုင်ဟန်တစ်ခု ပြန်လည်ရရှိထားတယ်လို့ သုံးသပ်ထားကြတာပါ။ မန်ယူအသင်းနည်းပြငါးလတာ သက်တမ်းအတွင်း မော်ရင်ဟိုဟာ စည်းမျဉ်းချိုးဖောက်တယ်ဆိုပြီး အက်ဖ်အေဘက်က ပွဲပယ်ပြစ်ဒဏ်ကိုနှစ်ကြိမ်ခံထားရသူလည်း ဖြစ်ပါတယ်။

မော်ရင်ဟိုလက်ထက်မှာ အသင်းက နာမည်ကျော် ထိပ်တန်းကစားသမားတွေကို လွယ်လွယ်ကူကူပိုပြီးဝယ်ယူနိုင်လာတာကလည်း သူ့ကိုမန်ယူအသင်းဘက်က ဆက်ထိန်းထားချင်တဲ့ အကြောင်းပြချက်တွေထဲက တစ်ခုဖြစ်ပါတယ်။

Source : Mirror & duwun

No comments:

Post a Comment