Latest News

Thursday, December 29, 2016

အလဲအကွဲမကျေပွဲများ မနွှဲကြပါစေလို

အလဲအကွဲမကျေပွဲများ မနွှဲကြပါစေလို

ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ ဒေးလီး အလဲဗင်းမီဒီယာဂရု(ပ်)ဒေါက် တာသန်းထွဋ်အောင်တို့အကြား ဖြစ်ပွားခဲ့တဲ့ ပါတက်ဖိလစ်နာရီ ပြဿနာ(PATEK PHILIPPE GATE)ကတော့ ၂၀၁၆ ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ် ဒေးလီးအလဲဗင်းနေ့စဉ်သတင်းစာ စာမျက်နှာ(၁၇) မှာ ထည့်သွင်းဖော်ပြခဲ့တဲ့ ဝန်ချ တောင်းပန်စာနဲ့အတူ အဆုံးသတ် ခဲ့ပါပြီ။ အဆုံးသတ်ခဲ့ပါပြီဆိုတာ က အမှုကိစ္စပြီးပြတ်သွားပြီလို့ဆို တာမဟုတ်ပါဘူး။ အဖြူအမည်း အမှန်အမှားသဲကွဲသွားပြီလို့ ပြော တာဖြစ်ပါတယ်။

ဒီပါတက်ဖိလစ်နာရီပြဿ နာ(PATEK PHILIPPE GATE) ပြဿနာဖြစ်လာတော့ စာရေးသူ အနေနဲ့ စိတ်မကောင်းဖြစ်ခဲ့ရသ လို တစ်ဖက်ကလည်း ဝမ်းသာခဲ့ရ ကြောင်း သံတော်ဆင့်ဂျာနယ်မှာ ရေးခဲ့ပါတယ်။ စိတ်မကောင်းဖြစ် ရတာက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တကယ်ပဲ ဒီနာ ရီကို လက်ဆောင်အဖြစ် ရယူခဲ့ ရင်တော့ ပြည်သူ့အစိုးရမှာ အ မည်းစက်ထင်စရာဖြစ်ပြီလို့ တွေး မိတာက တစ်ကြောင်း၊ သတင်း မခိုင်လုံဘဲ ရေးတာဆိုရင်တော့ လေးစားရတဲ့၊ သြဇာတိက္ကမရှိတဲ့ သတင်းစာတစ်စောင်ရဲ့လေးစား  ရတဲ့ စီးအီးအိုအပေါ် ကျရောက် လာမယ့် တာဝန်ယူမှု၊ တာဝန်ခံမှု တွေကို ကြိုတင်တွက်ဆမိခဲ့တာ ကြောင့်ပါပဲ။

ဝမ်းသာမိရတယ်ဆိုတာက တော့ သတင်းမီဒီယာတစ်ခုက မှန်မှန်ကန်ကန်ရေးသားခဲ့တာဖြစ် ပြီး ဝန်ကြီးချုပ်က အမှန်တကယ် အပြစ်လုပ်ခဲ့တာဆိုရင် မြေအိုး တစ်လုံးကို ဆိုင်မှာ သွားဝယ်တဲ့ အခါ လက်ထဲတင်အိုးဖင်ပွင့်ကျ တော့ အသစ်ရွေးချိန်ရတာပေါ့လို့ တွေးခဲ့မိလို့ပါပဲ။

ဒီပြဿနာက တကယ်အမှန် သာဖြစ်ခဲ့ရင် ဦးဖြိုးမင်းသိန်းဝန် ကြီးချုပ်အဖြစ်က နုတ်ထွက်ပေးရ ပါမယ်။ နိုင်ငံသားပြည်သူတွေနဲ့ အစိုးရသစ်အတွက်လည်း အကျင့်ပျက်ခြစားတဲ့ ဝန်ကြီးချုပ်တစ် ယောက်ကို စောစောစီးစီး ဖယ်ရှင်းနိုင်ပြီး သန့်ရှင်းတဲ့ ဝန်ကြီးချုပ်တစ် ယောက်ကို ပြည်သူတွေအတွက် ပြန်လည်ရွေးချယ်ပေးနိုင်ခွင့်နဲ့ ပြင်ဆင်နိုင်ခွင့်ရသွားမှာဖြစ်သလို  နောက်နောင်လည်း အစိုးရအဖွဲ့ဝင်တွေရဲ့ အကျင့်ပျက်ခြစားမှု တွေအတွက် ကောင်းကောင်းကြီး သင်ခန်းစာရသွားမှာဖြစ်ပါတယ်။ နောင်တက်လာမယ့် အစိုးရအဖွဲ့ သစ်တွေအတွက်လည်း မိမိတို့ရဲ့ အစိုးရအဖွဲ့မှာ ဒီလိုအကျင့်ပျက် ခြားစားမှုတွေ မပေါ်ပေါက်လာ အောင် အကောင်းဆုံးပြင်ဆင် ရွေးချယ်ဖွဲ့စည်းသွားနိုင်မှာဖြစ် လို့ပါ။

အကယ်၍ အလဲဗင်းသတင်းစာရဲ့စီအီးအိုက သတင်းအချက် အလက်မခိုင်လုံဘဲ ရေးသားခဲ့တာ ဆိုရင်တော့ ဒါဟာ ပြည်သူကို သတင်းမှန်  တင်ပြတာမဟုတ် တော့ဘဲ အစိုးရအဖွဲ့နာမည်ပျက် အောင်၊ ပြည်သူတွေအထင်အ မြင်မှားအောင်၊ ကမ္ဘာ့နိုင်ငံများက အစိုးရအဖွဲ့တွေက မြန်မာနိုင်ငံ အစိုးရသစ်အပေါ် အထင်အမြင် လွဲမှားစရာဖြစ်အောင်၊ မြန်မာနိုင် ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေကြတဲ့ ကမ္ဘာ့စီးပွားရေး လုပ်ငန်းရှင်များအကြား မြန်မာ နိုင်ငံအစိုးရအပေါ် ကောက်ချက် သုံးသပ်ချက်များ လွဲမှားသွား အောင် တမင်ဖန်တီးရာ ရောက် သွားပါပြီ။ ဒီလိုမမှန်မကန် စွပ်စွဲ ရေးသားမှုဟာ တိုင်းဒေသကြီးအ စိုးရအဖွဲ့တစ်ဖွဲ့ရဲ့ အကြီးအမှူး တစ်ယောက်ကို စွပ်စွဲပြစ်တင်ရုံ သက်သက်မျှ မဟုတ်တော့ဘဲ တိုင်းပြည်ရဲ့အကျိုးစီးပွားထိခိုက် အောင် ရည်ရွယ်ချက်ရှိရှိ လုပ် ဆောင်ရာ ကျရောက်သွားမှာဖြစ် ပါတယ်။ ဒါဆိုရင်တော့ အစိုးရ အဖွဲ့အနေနဲ့ ဒီလိုပြုလုပ်ဆောင် ရွက်အားထုတ်မှုအတွက် ထိထိ ရောက်ရောက်အရေးယူဆောင် ရွက်မှုကို မဖြစ်မနေ ပြုလုပ်ရ တော့မှာပါ။

အခုတော့ ဒေးလီးအလဲဗင်း သတင်းစာမှာဖော်ပြခဲ့တဲ့ တောင်း ပန်စာမှာ အနူးအညွတ်တောင်း ပန်ခြင်းလို့ ခေါင်းစီးတပ်ထားတဲ့ အပြင် နောက်နောင် ဤကဲ့သို့ မလုပ်ဆောင်ပါဟု အနူးအညွတ် ဝန်ချတောင်းပန်အပ်ပါသည် လို့ ရေးသားတောင်းပန်ထားတာကို တွေ့ရပါတယ်။ ဒီတောင်းပန်စာ မှာ ‘ဝန်ချ’ ဆိုတဲ့ စကားလုံးက အင်မတန်မှ အနှစ်အသားပါပါ  တယ်။ တောင်းပန်ပါတယ်ဆိုတဲ့ စကားဟာ ဝတ်ကျေတန်းကျေဖြစ် တတ်ပေမယ့်၊ အောင့်အည်းမ သက်သာလို့ ပြောရတာဖြစ်ပေ မယ့် ဝန်ချတောင်းပန်တယ်ဆိုတဲ့ စကားကတော့ တကယ်ကို မှားခဲ့ မိတာပါ၊ အဲဒီအတွက် အပြစ်ရှိပါ တယ်လို့ ဝန်ခံခြင်းနဲ့အတူ တစ် ကြိမ်တစ်ခါ မှားမိတဲ့အပြစ်မှ ခွင့် လွှတ်စေကြောင်း တောင်းပန်ပါ တယ် ဆိုတဲ့ အဓိပ္ပာယ်တွေ ပါဝင် နေပြီးဖြစ်ပါတယ်။

ဒေါက်တာသန်းထွဋ်အောင် ဟာ Wan Ifra အဖွဲ့အစည်းက ချီးမြှင့်ပေးအပ်တဲ့ ရွှေကလောင် ဆုကို ရရှိထားတဲ့သူပါ။ သူဦးစီး ဦးဆောင်ပြုနေတဲ့ အလဲဗင်းမီဒီ ယာဟာလည်း မြန်မာပြည်မှာ ဝါ ရှင်တန်ပို့စ်လောက်နီးနီး သြဇာ ကြီးတဲ့ သတင်းမီဒီယာဖြစ်ပါ တယ်။ စာရေးသူတို့လည်း ဒီသ တင်းစာနဲ့ ဂျာနယ်ကို အမြဲဖတ်ပြီး လိုအပ်တဲ့ သတင်းအချက်အ လက်တွေကို အကိုးအကားပြုရ တဲ့ သတင်းစာ၊ ဂျာနယ်တွေဖြစ်ပါ တယ်။

ဒီလိုလူပုဂ္ဂိုလ်တစ်ယောက် က ဒီလိုသတင်းစာတစ်စောင်မှာ သူမှားယွင်းခဲ့ပါတယ် ဆိုတဲ့စကားနဲ့ ဘယ်သူတွေကို ထိခိုက်နစ်နာ စေခဲ့ပါတယ်လို့ တောင်းပန်စကား ဆိုရာမှာ ‘ဝန်ချ’ ဆိုတဲ့စကားလုံးကိုသုံးစွဲပြီး တောင်းပန်ခဲ့တာဟာ ထိ ခိုက်နစ်နာရသူတွေအနေနဲ့ ကျေ နပ်စရာဖြစ်ပြီလို့ ထင်မြင်ယူဆမိ ပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် နှင့်တကွ အစိုးရအဖွဲ့ဝင်အားလုံး ... တစ်စုံတစ်ရာ ထိခိုက်နစ်နာခဲ့ ရသူအားလုံးကို Eleven Media Group ၏ CEO နှင့်တကွ Eleven Media Group တာဝန်ရှိသူများ အနေဖြင့် နောက်နောင်တွင် ဤကဲ့သို့ မလုပ်ဆောင်ပါလို့ အနူးအညွတ် ဝန်ချတောင်းပန်ခဲ့ခြင်းဟာ သိပ်ကို ကြည်နူးကျေနပ်စရာ ကောင်းတဲ့ တောင်းပန်မှုတစ်ခုဖြစ် မှာပါ။

တိုင်းပြည်တစ်ခုမှာ အစိုးရ နဲ့ စတုတ္ထမဏ္ဍိုင်သတင်းမီဒီယာ ဆိုတာ သိပ်ပြီး တည့်မြတ်နေလို့ မကောင်း၊ မသင့်တော်ပါဘူး။ အစိုးရမကောင်းရင် သတင်းမီဒီ ယာက ဖော်ထုတ်ဝေဖန်ထောက် ပြတည့်မတ်ရမှာဖြစ်သလို သ တင်းမီဒီယာက မမှန်သတင်းတွေနဲ့ စွပ်စွဲပုတ်ခတ်ရေးသားနေခဲ့ရင်၊ နိုင်ငံ့အကျိုးစီးပွား ပျက်ပြားစေ မယ့် အရေးအသားတွေကို ဖော်ပြ နေခဲ့ရင် အစိုးရဘက်က တရား ဥပဒေအတိုင်း ထိထိရောက် ရောက်အရေးယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်လို့ စာရေးသူက ရေး သားတင်ပြခဲ့ပါတယ်။ အစိုးရအ ဖွဲ့၊ အစိုးရအဖွဲ့ဝင်များနဲ့ သတင်းမီဒီယာဆိုတာ နေရာတကာ သဘောထားတိုက်ဆိုင်နေမှာ၊ အ လွမ်းသင့်နေမှာ မဟုတ်ပါဘူး။  အကွဲအလွဲတွေ ရှိကြပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီအကွဲအလွဲတွေမှာ အဓိကဦးထိပ်ထားရမှာက နိုင်ငံ တော်နဲ့ နိုင်ငံသားတို့ရဲ့အကျိုးစီး ပွားကို အခြေခံပြီး ကွဲလွဲကြတာ မျိုးပဲဖြစ်ရပါလိမ့်မယ်။ အမှန်တ ရားပေါ်မှာ အခြေမပြု၊ ခိုင်လုံတဲ့ အကြောင်းခြင်းရာတွေအပေါ်မှာ အခြေမခံ၊ နိုင်ငံတော်နဲ့ နိုင်ငံသား တို့ရဲ့အကျိုးစီးပွားကို အဓိက မထားကြဘဲ မိမိတို့ရဲ့ ပုဂ္ဂလိက အကျိုးစီးပွားအတ္တဝါဒများကို ဦး ထိပ်ထားပြီး ကွဲလွဲကြရင်တော့ အလဲအကွဲတွေ ဖြစ်ကုန်ပါလိမ့် မယ်။ ဒါဟာ အဂတိလိုက်စားခြင်း တစ်မျိုးတစ်စားပါပဲ။ နိုင်ငံတော် နဲ့ နိုင်ငံသားတွေအတွက် အလွန် အန္တရာယ်ကြီးလှပါတယ်။

အခုတော့ မှားခဲ့တဲ့ Eleven Media Group ၏ CEO ဒေါက် တာသန်းထွဋ်အောင်နဲ့ Eleven Media Group တာဝန်ရှိသူများက သူတို့ရဲ့သတင်းမီဒီယာကျင့်ဝတ် ကျိုးပေါက်ခဲ့မှုအတွက် သက်ဆိုင် သူတွေကို အနူးအညွတ်ဝန်ချ တောင်းပန်ခဲ့ကြပါပြီ။ ဒီဝန်ချမှုကို သက်ဆိုင်သူတွေက ကြည်ဖြူကျေနပ်လိုက်ကြစေချင်ပါတယ်။ အ ထူးသဖြင့် ရန်ကုန်တိုင်းဝန်ကြီး ချုပ်နဲ့တကွ အစိုးရအဖွဲ့ဝင်များက သဘောထားကြီးမားနှလုံးသား များလှကြကြောင်း ပြသပေးစေ ချင်ပါတယ်။ စာရေးသူတို့ နိုင်ငံ ဟာ အခုမှ အစစအရာရာပြန် လည်တည်ဆောက်နေရတဲ့ နိုင်ငံ တစ်ခုပါ။ လေကောင်းလေသန့် ဝင်လာစေချင်လို့ ပြတင်းတံခါး ကို ဖွင့်ကြတဲ့အခါ ဖုန်တွေ၊ သစ် ရွက်ကြွေတွေ၊ ခြင်ကောင်၊ ယင် ကောင်တွေလည်း ဝင်လာတတ် တာပဲဆိုတာကို နှလုံးသွင်းကြစေ လိုပါတယ်။ ဒီမိုကရေစီနဲ့လျော်ညီ တဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် ကို ကျင့်သုံးကြတဲ့အခါ တစ်ခါ တလေ ဒီလိုစည်းလွတ်ဘောင် ကျော်ဖြစ်ရပ်မျိုးတွေလည်း ကြုံရ တတ်ပါတယ်။ ဒါတွေဟာ ဒီမိုက ရေစီနဲ့ မယဉ်ပါးသေးလို့၊ အသား မကျသေးလို့ ဖြစ်ရတဲ့အဖြစ်တွေ ပါ။

 စာရေးသူအနေနဲ့ကတော့ အမိမြန်မာနိုင်ငံတော်ကြီးရဲ့ဒီနေ့ ဒီအခြေအနေကို ပဉ္စမနိုင်ငံတော် တည်ဆောက်ချိန်လို့ ယူမှတ်ထား ပါတယ်။ အနော်ရထာမင်းကြီးက ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့တယ်။ ဆင်ဖြူရှင် ဘုရင့်နောင်မင်းတရားကြီးက ဒုတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့ပြီး အလောင်းမင်းတရားကြီး ဦးအောင်ဇေယျကတော့ တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သူလို့ သမိုင်းမှာ မှတ်တမ်းတင်ခဲ့ပြီးဖြစ်ပါတယ်။

 ကုန်းဘောင်ဆက်နောက် ဆုံးဘုရင်ဖြစ်တဲ့ သီပေါမင်းလက် ထက်မှာ ဆုံးရှုံးခဲ့ရတဲ့ မြန်မာ့လွတ် လပ်ရေးကို ပြန်လည်ရယူပေးဖို့ ဦးဆောင်ခဲ့သူ လွတ်လပ်ရေးဗိသု ကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ကျွန်ဘဝက ဆယ်ထုတ်ပေးခဲ့ပြီး စတုတ္ထမြန်မာနိုင်ငံတော်ကြီး ပြန် လည်ပေါ်ထွန်းလာခဲ့ရပါတယ်။ ဒါကိုလည်း သမိုင်းမှာ မော်ကွန်း ထိုးရစ်ကြတော့မှာပါ။

စာရေးသူအနေနဲ့ကတော့ စစ်အာဏာရှင်စနစ် လက် အောက်ကနေ ဒီမိုကရေစီနိုင်ငံ တော်တည်ဆောက်ဖို့ ကြိုးပမ်း အားထုတ်အောင်မြင်ခဲ့တဲ့ ဒီခေတ်ကို ပဉ္စမနိုင်ငံတော်တည်ဆောက် သောခေတ်လို့ ပြောလိုပါတယ်။ ပဉ္စမမြန်မာနိုင်ငံတော်ကို တည် ဆောက်ဖို့ ဦးဆောင်ခဲ့သူဘယ်သူ လဲဆိုတာတော့ ပြည်သူတွေက သတ်မှတ်ကြပြီးဖြစ်ပါတယ်။ စာ ရေးသူအနေနဲ့ တိုက်တွန်းလိုတာ ကတော့ ဒီလိုနိုင်ငံတော်သစ်ကို တည်ဆောက်ကြချိန်မှာ နိုင်ငံသား တိုင်း တစ်စိတ်ဝမ်း တစ်လက်ညီ ပါဝင်တည်ဆောက်ကြဖို့ လိုအပ် တယ်။ ဒီလိုအချိန်မျိုးမှာ ခြေထိုးမှု တွေ မလုပ်ကြဖို့လိုတယ်။ တောင်တက်လှည်းကို စည်းကုံးဖြတ်ပစ် ချင်တဲ့ အမှောင့်အဖျက်စိတ်တွေ မမွေးမြူကြဖို့ လိုတယ်။ ဥပဒေပြု ရေးမဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တို့ အချင်းချင်း ထိန်းညှိမှုတွေနဲ့ အပြန်အလှန်ထိန်းကျောင်းကြဖို့ လိုအပ် သလို စတုတ္ထမဏ္ဍိုင်လို့ တင်စား ရတဲ့ သတင်းမီဒီယာတွေကလည်း ပြည်သူနဲ့ မဏ္ဍိုင်ကြီးသုံးရပ်အ ကြား ဖြောင့်မတ်မှန်ကန်စွာ ထိန်း ညှိပေးဖို့ လိုအပ်တယ်လို့ သတိ ပေးချင်ပါတယ်။

အခု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အကြီးအကဲ၊ အစိုးရ အဖွဲ့ဝင်များနဲ့ Eleven Media Group ရဲ့ CEO အပါအဝင် Eleven Media Group တို့အကြား ဖြစ်ပွားခဲ့တဲ့ ပြဿနာဟာ ဒီမိုက ရေစီအသားမကျ မယဉ်ပါးသေး လို့ ဖြစ်ရတဲ့ပြဿနာ၊ သတင်းနဲ့ အတင်း မကွဲပြားတဲ့ ပြဿနာ၊ သတင်းမီဒီယာသဘောတရားကို လက်ခံကျင့်သုံးမှုအားနည်းလို့ ဖြစ်ရတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါ တယ်။ ဒီမိုကရေစီနိုင်ငံတော်သစ် ကို တည်ဆောက်ခါစ အခြေအ နေမှာ ဒါမျိုးကြီးတွေလည်းဖြစ် တတ်ပါတယ်လို့ ရယ်သရောမော သရောနဲ့ ပြောပြချင်ပါတယ်။

အလဲဗင်းမီဒီယာဂရု(ပ်) စီး အီးအို ဒေါက်တာသန်းထွဋ်အောင် ရဲ့ အရေးအသားတွေဟာ ရန်ကုန်တိုင်းအစိုးရအဖွဲ့အကြီးအကဲနဲ့ အစိုးရအဖွဲ့ဝင်တွေကို ထိခိုက်စေ ခဲ့တယ်ဆိုပေမယ့် ဒီတောင်းပန်စာအရတော့ ထိခိုက်နစ်နာမှုတွေဖြစ် မလာဘဲ ပိုတောင်မှ အရောင် ထွက်စေတဲ့ သဘောကို ဆိုက်ခဲ့ပါ ပြီ။ ဒါကို လက်ခံပေးကြစေချင်ပါ တယ်။

အခုအချိန်က အမျိုးသားပြန် လည်ရင်ကြားစေ့ရေးကာလပါ။ ဒီလိုအချိန်ကာလမျိုးမှာ မှားခဲ့တဲ့ ဘက်က မှားယွင်းမှုကို အနူးအ ညွတ်ဝန်ချတောင်းပန်ပါတယ်လို့ ဆိုလာတဲ့အချိန်မှာ ပြေလည်ကြ၊ ကျေနပ်ကြ၊ ခွင့်လွှတ်လိုက်ကြ စမ်းပါလို့လည်း အလေးအနက် တိုက်တွန်းချင်ပါတယ်။ အကွဲအ လွဲတွေကြောင့် အမှားအယွင်းပြု မိကြတဲ့အခါ တောင်းပန်လည်း မကျေနိုင်ဘူးဆိုတဲ့ စိတ်တွေနဲ့ ရေကုန်ရေခန်း အလဲအကွဲပွဲတွေ မနွှဲကြစေချင်ပါဘူး။ တိုင်းပြည် အတွက် နေ့မနားညမအိပ် အလုပ်လုပ်ကြရမယ့်အချိန်တွေကို ဒီလို မကျေပွဲတွေနဲ့ အချိန်မဖြုန်းကြပါ နဲ့လား...လို့ လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားလိုက်ရပါ တယ်ခင်ဗျာ။။

Sources; 7Day

No comments:

Post a Comment