Latest News

Thursday, December 29, 2016

ဗိုလ်တထောင်ဘုရား ရန်ပုံငွေကျပ်သိန်း ၇၀၀ ကျော်ကို အလွဲသုံးစားပြုသူအား ထောင်ဒဏ် ၁၀ နှစ်ချ

ဗိုလ်တထောင်ဘုရား ရန်ပုံငွေကျပ်သိန်း ၇၀၀ ကျော်ကို အလွဲသုံးစားပြုသူအား ထောင်ဒဏ် ၁၀ နှစ်ချ

ဗိုလ်တထောင် ကျိုက် ဒေးအပ်ဆံတော်ရှင် ဘုရားရန်ပုံ ငွေကျပ်သိန်း ၇၀၀ ကျော်ကို အလွဲသုံးစားပြုလုပ်ခဲ့သည့် အမျိုးသား အား အနောက်ပိုင်းခရိုင်တရားရုံးက အများနှင့် သက်ဆိုင်သော ပစ္စည်း ကာကွယ်စောင့်ရှောက် ရေးဥပဒေပုဒ်မ ၃ အရ အလုပ် နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခဲ့ကြောင်း သတင်းရရှိသည်။

 ထောင်ဒဏ်ချမှတ်ခံရသူ သည် ဗိုလ်တထောင်ဘုရားဂေါပ ကရုံးအဖွဲ့ဝင် ရုံးအဖွဲ့မှူး ဦးတင်ထွန်းအောင်ဖြစ်ပြီး ဘုရားကြီးရန် ပုံငွေစာရင်းများထဲမှ ယာဉ်ရပ်နားခအပါအဝင် အခြားရရှိငွေများ ထဲမှ ကျပ် ၇၄၂ သိန်းကျော်ကို အလွဲသုံးစားလုပ်မှုဖြင့် တရားစွဲဆိုခံနေရသူတစ်ဦးဖြစ်သည်။

ကျပ် ၇၄၂ သိန်းကျော်ကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့သ ဖြင့် ၎င်းအား အများနှင့်သက် ဆိုင်သောပစ္စည်းကာကွယ်စောင့် ရှောက်ရေးဥပဒေ ပုဒ်မ ၃ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အနောက်ပိုင်းခရိုင် တရားရုံးက ဒီဇင်ဘာ ၂၆ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅ နိုဝင်ဘာအတွင်း ဗိုလ်တထောင်စေတီတော် ဂေါပကအဖွဲ့ဝင် ဦးတင်ထွန်းအောင်သည် ဘုရားပိုင်ငွေ ကျပ်သိန်း ၇၀၀ ကျော်ကို ဘဏ်သို့ လစဉ်အပ်နှံ ခြင်းမပြုဘဲ အလွဲသုံးစားပြုလုပ် သည်ဆိုကာ အလှည့်ကျဂေါပကအဖွဲ့ဝင် ဒေါက်တာအေးကျော်က ဆိပ်ကမ်းမြို့မရဲစခန်း၌ ရာဇသတ်ကြီး ပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့် ခဲ့ခြင်းဖြစ်သည်။

ဗိုလ်တထောင် ကျိုက်ဒေး အပ်ဆံတော်ရှင်ဘုရား ဂေါပက ဒေါက်တာအေးကျော်က ဂေါပက ရုံးအဖွဲ့မှူး ဦးတင်ထွန်းအောင်ကို ၁၉၆၃ အများနှင့်သက်ဆိုင်သော ပစ္စည်း ကာကွယ်စောင့်ရှောက် ရေးဥပဒေ ပုဒ်မ  ၃ ဖြင့် တရားစွဲ ဆိုခဲ့ပြီး အနောက်ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး(၅)က ပြစ်မှု ကြီးမှုအမှတ် (၁၅/၂၀၁၆) ဖြင့် လက်ခံစစ်ဆေးခဲ့သည်။

အမှုနှင့်ပတ်သက်၍ သက် သေခံအဖြစ် သိမ်းထားသည့် ငွေ ကြေးအချို့ကို ဘုရားရန်ပုံငွေစာ ရင်းထဲသို့ ပြန်လည်ထည့်သွင်း မည်ဖြစ်သည်။

Sources; 7Day

No comments:

Post a Comment