Latest News

Wednesday, December 21, 2016

၂၀၁၆ခုနှစ်က ကံကောင်းစေတဲ့ နှစ်တစ်နှစ်ဆိုတဲ့ နန်းမြတ်ဖြိုးသင်း

၂၀၁၆ခုနှစ်က ကံကောင်းစေတဲ့ နှစ်တစ်နှစ်ဆိုတဲ့ နန်းမြတ်ဖြိုးသင်း

အိမ်ကြက် ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်ရိုက်ကူးနေတယ်လို့ သိရပါတယ်။

၂၀၁၆ခုနှစ်ထဲမှာ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးလာရတဲ့ နန်းမြတ်ဖြိုးသင်းက ၂၀၁၆ခုနှစ်ဟာ သူမအတွက် ကံကောင်းစေတဲ့ နှစ်တစ်နှစ်လို့ ဆိုပါတယ်။ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကြောင့်  အနုပညာအလုပ်တွေ ပိုလုပ်လာရတဲ့ သူမဟာ ယခုလက်ရှိမှာလည်း "အိမ်ကြက်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ရိုက်ကူးနေပါတယ်။

ဒါရိုက်တာ သြရသရိုက်ကူးသွားမယ့် "အိမ်ကြက်" ရုပ်ရှင်ဇာတ်ကားမှာ သူမကို ရှေးခေတ်ဆင်ယင်ထုံးဖွဲ့မှုတွေနဲ့ ဇာတ်ကားတစ်ကားကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ဇာတ်ကားတစ်ကားလုံးမှာ ဆံပင်ကိုထုံး၊ ပန်းပွင့်တစ်ပွင့် ခေါင်းမှာ ပန်ကာ တောသူနားဆွဲလေးနဲ့ မြန်မာဆန်ဆန်အင်္ကျီလေးတွေကို ဝတ်ပြီး သရုပ်ဆောင်သွားမယ်လို့ သူမက ဆိုပါတယ်။

အိမ်ကြက် ရုပ်ရှင်ဇာတ်ကားမှာ သဲညှာဆိုတဲ့ ကောင်မလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ရမှာ ဖြစ်ပြီး သူမကို ယုံကြည်လာတဲ့ ယုံကြည်မှုတစ်ခုအပေါ်မှာ တန်ပြန်တဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ပြင်ဆင်ထားတယ်လို့ သူမက ဆိုပါတယ်။ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးဖြစ်နေတဲ့ နန်းမြတ်ဖြိုးသင်းဟာ သူမရဲ့ တစ်ကိုယ်တော်အခွေကို ၂၀၁၇ခုနှစ်ထဲမှာ ထွက်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Source : 7day TV & Duwun

Photo  : နန်းမြတ်ဖြိုးသင်း ဖေ့စ်ဘွတ်
 

No comments:

Post a Comment