Latest News

Wednesday, December 21, 2016

ဆရာဆရာမတွေ ဂျပန်နိုင်ငံကပေးတဲ့ ပညာတော်သင်ဆုလျှောက်ခွင့်မရသူတွေရှိနေ

ဆရာဆရာမတွေ ဂျပန်နိုင်ငံကပေးတဲ့ ပညာတော်သင်ဆုလျှောက်ခွင့်မရသူတွေရှိနေ


ရန်ကုန် ဒီဇင်ဘာ (၂၁)

အခြေခံပညာကျောင်းတွေမှာ ဂျပန် အစိုးရကနေ ခေါ်ယူတဲ့ ပညာသင်ဆုလျှောက်ထားတဲ့ အခါမှာ တချို့ အခြေခံပညာကျောင်းတွေက ဆရာ၊ဆရာမတွေ မသိတာကြောင့်
လျောက်ထားခွင့်မရတာတွေ ရှိနေတယ်လို့ အခြေခံပညာကျောင်းတချို့ဆီက သိရပါတယ်။

” ကျောင်းကို စာပို့တာတော့ မရှိဘူး၊ မြို့နယ်ရုံးရဲ့ ကြော်ငြာဘုတ်မှာပဲ ကပ်ထားပေးတာ၊ ရာထူးတိုးလျောက်လွာတင်ရင်းနဲ့ ဝင်မေးတော့ လူပြည့်သွားလို့လျောက်လို့ မရတော့ဘူးလို့ပြောတယ် ”
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် က အခြေခံပညာကျောင်းတစ်ခုမှာတာဝန်ကျတဲ့ မူလတန်းပြ ဆရာမ ဒေါ်မွန်မွန် ကပြောပါတယ်။

ပညာရေးဝန်ကြီးဌာန အနေနဲ့ နိုင်ငံခြား ပညာတော်သင်ဆုတွေခေါ်ယူတဲ့ အခါမှာ သက်ဆိုင်ရာ တိုင်းဒသေကြီး ပညာရေးမှုးရုံးတွေကနေတဆင့် မြို့နယ် ပညာရေးမှုး ရုံးတွေဆီကို
အဆင့်ဆင့် ညွန်ကြားစာပေးပို့ပြီး မြို့နယ် ပညာရေးမှုးရု့းတွေကနေတဆင့် သက်ဆိုင်ရာ အခြေခံ ပညာကျောင်းတွေကို အကြောင်းကြားစာ ပေးပို့တာဖြစ်ပါတယ်။

မြို့နယ်ရုံးတွေက တဆင့် အခြေခံပညာကျောင်းတွေကို ပေးပို့တဲ့ အခါမှာ တချို့ မြို့နယ်ရုံးတွေက ကျောင်းတွေကို သီးသန့်အကြောင်း ကြားစာပေးပို့တာမျိုးမလုပ်တော့ဘဲ
မြို့နယ်ရုံးရဲ့ ကြော်ငြာဘုတ်မှာ ကပ်ထားပေးတာတွေ ရှိတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံ အစိုးရ က Teacher Training Students Program (2017) အတွက်ခေါ် ယူ တာဖြစ်ပြီး အခြေခံပညာ ကျောင်းတွေနဲ့ ပညာရေးကောလိပ်တွေ၊
ပညာရေး တက္ကသိုလ်တွေနဲ့ လေ့ကျင့်ရေး အထက်တန်းကျောင်းနဲ့ အလယ်တန်းကျောင်းတွေ က ဆရာဆရာမတွေလျောက်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

author မေသော်တာမောင်

Sources : မေသော်တာမောင် Kumudra

No comments:

Post a Comment