Latest News

Monday, December 19, 2016

လာမည့်နှစ် ထိုင်းနိုင်ငံတွင် အလုပ်သမားသံအရာရှိ သုံးဦးကို တိုးမြှင့်ခန့်အပ်မည်

လာမည့်နှစ် ထိုင်းနိုင်ငံတွင် အလုပ်သမားသံအရာရှိ သုံးဦးကို တိုးမြှင့်ခန့်အပ်မည်

ထိုင်းနိုင်ငံတွင် အလုပ်သမားသံအရာရှိ သုံးဦးကို လာမည့် ၂၀၁၇ခုနှစ်၌ တိုးမြှင့်ခန့်အပ်သွားမည်ဟု အလုပ်သ မား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ပြောကြား သည်။

“ လာမယ့်နှစ် ထိုင်းနိုင်ငံမှာ အလုပ်သမားသံအရာရှိ သုံးဦးကို တိုးမြှင့်ပြီး မြို့နယ်အလိုက် ခန့်အပ်ဖို့ စီစဉ်ထား ပြီးဖြစ်ပါတယ် ” ဟု ၄င်းက ဒီဇင်ဘာလ ၁၈ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ( MICC 2 )တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့အခမ်း အနား၌ ပြောသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများပြားသည့်အပြင် အမှုအခင်းနှင့် ပြသနာဖြစ်ပွားမှုလည်း များပြားလျက်ရှိရာ သံရုံးဝန်ထမ်းအင်အားနှင့် အလုပ်သမားသံအရာရှိအင်အား မလုံလောက်သောကြာင့် ယခုကဲ့ သို့ တိုးမြှင့်ခန့်အပ်ရခြင်းဖြစ်ကြောင်း ဦးသိန်းဆွေက ဆိုသည်။

“ ထိုင်းမှာက ရွှေ့ပြောင်းအလုပ်သမားတွေများတယ်၊ အမှုအခင်းလည်းများတယ်၊ ပြသနာလည်းများတယ်၊ ဆောင်ရွက်ပေးရမှာလည်း တော်တော်လေးကျယ်ပြန့်တာပေါ့၊ အလုပ်သမားက သန်းနဲ့ ချီပြီး ရှိတဲ့အခါကျ တော့ သံရုံးမှာရှိတဲ့ အင်အားနဲ့ အလုပ်သမားသံအရာရှိက မလောက်နိုင်ဘူး၊ ထိုင်းစကားတတ်တဲ့ ၀န်ထမ်းတစ် ယောက်၊ ဥပဒေကျွမ်းကျင်တဲ့ ၀န်ထမ်းတစ်ယောက်စတဲ့ ထပ်ပြီးတော့ သုံးယောက်လောက် ထပ်ခန့်ဖို့ရှိတယ်၊ သံရုံးကလည်းပဲ နိုင်ငံခြားရေးဝန်ကြီးဌာနအစီအစဉ်နဲ့ ဒီကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့ အင်အားတွေ ထပ်ဖြည့် ပေးနေတယ် ” ဟု ၄င်းက အခမ်းအနားအပြီးတွင် မြန်မာတိုင်း(မ်)ကိုြေေပြောသည်။

Sources ; The Myanmar Times

No comments:

Post a Comment