Latest News

Monday, December 19, 2016

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် နိုင်ငံခြားသားဧည့်ဝင်ကြေးနှင့် ရွှေစင်ရွှေပြားလှူဒါန်းမှုနှုန်းထားများ ပြောင်းလဲသတ်မှတ်မည်

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် နိုင်ငံခြားသားဧည့်ဝင်ကြေးနှင့်
ရွှေစင်ရွှေပြားလှူဒါန်းမှုနှုန်းထားများ ပြောင်းလဲသတ်မှတ်မည်


ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် နိုင်ငံခြားသား ဧည့်ဝင်ကြေးနှင့် ရွှေစင်ရွှေပြား လှူဒါန်းမှု နှုန်းထားများကို ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ပြောင်းလဲသတ်မှတ်သွားရန် စီစဉ်ထား
ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့၏ ပြောကြားချက်ကို ကိုးကားကာ မြ၀တီသတင်းတစ်ရပ်တွင် ဒီဇင်ဘာ ၁၆ ရက်က
ဖော်ပြထားသည်။

လက်ရှိတွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နိုင်ငံခြားသားဧည့်
ဝင်ကြေးအဖြစ် တစ်ဦးလျှင် ငွေကျပ် ၈ဝဝဝ နှုန်း သတ်မှတ်ထားပြီး
၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ နိုင်ငံခြားသားတစ်ဦးလျှင် ငွေ
ကျပ် ၁ဝဝဝဝ နှုန်း ပြောင်းလဲသတ်မှတ်ကောက်ခံသွားမည် ဖြစ်
သည့်အပြင် ရွှေစင်ရွှေပြားလှူဒါန်းမှု နှုန်းထားကိုလည်း ပြောင်းလဲ
သတ်မှတ်မည် ဖြစ်ပြီး ယခင်က တစ်ကျပ်သား ရွှေစင်ရွှေပြားတစ်ချပ်
လျှင် ငွေ ကျပ် ၆ဝဝဝဝဝ နှုန်း သတ်မှတ်ခဲ့ရာမှ လာမည့် ၂ဝ၁၇
ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ငွေကျပ် ၈၁ဝဝဝဝ နှုန်းဖြင့် လှူဒါန်းမှု
ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခုအခါခရီးသွား ပွင့်လင်းရာသီ စတင်ရောက်ရှိလာပြီ ဖြစ်သည့်
အတွက် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြား
သားခရီးသွားဧည့်သည်အရေအတွက်များပြားလာပြီး ရွှေတိဂုံစေတီ
တော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသော ကမ္ဘာလှည့်ခရီးသည်
များ၊ နိုင်ငံခြားသား ခရီးသွားများလည်း အရေအတွက် တိုးမြင့်လာ
ခဲ့သည်။ ထိုသို့ တိုးမြင့်လာသည့်အတွက် ၂ဝ၁၆ ခုနှစ် အောက်တို
ဘာလတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ နိုင်ငံခြားသား ဧည့်သည်
၅၇၉၆ဝ ဦး လာရောက်ခဲ့ရာမှ ပြီးခဲ့သည့် နိုဝင်ဘာလတွင် နိုင်ငံခြား
သားဧည့်သည် ၇၁၉၈၂ ဦးအထိ မြင့်တက်လာပြီး နိုင်ငံခြားသား ဧည့်ဝင်ကြေးမှာ ငွေကျပ်သိန်းပေါင်း ၅၇ဝဝ ကျော် ရရှိခဲ့သည်ဟု
ဆိုသည်။

ဓာတ်ပုံ။ The Myawady Daily

Sources ; The Myanmar Times

No comments:

Post a Comment