Latest News

Thursday, December 29, 2016

၂၀၁၆ထဲမှာ အိမ်ထောင်ရေး ပြိုကွဲသွားကြတဲ့ အနုပညာရှင်များ

၂၀၁၆ထဲမှာ အိမ်ထောင်ရေး ပြိုကွဲသွားကြတဲ့ အနုပညာရှင်များ

၂၀၁၆ခုနှစ်ထဲကတော့ ပြည်သူချစ်အနုပညာရှင် တော်တော်များများ အိမ်ထောင်ရေး ပြိုကွဲတဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာပါ။လမ်းခွဲလိုက် ကြတဲ့ အနုပညာရှင်များဟာလည်း ပရိသတ်အားပေးမှု ရရှိထားကြတဲ့ အနုပညာရှင်များ ဖြစ်ကြပါတယ်။

ဝိုင်းစုခိုင်သိန်း

ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းနဲ့ ဥက္ကာမြင့်ကြူတို့ကတော့ စိတ်သဘောထား ချင်း မတိုက်ဆိုင်တော့တဲ့အတွက် နှစ်ဖက် သက်သေ လူကြီးများရှေ့မှောက်မှာ နှစ်ဦးသဘောတူ နားလည်မှုနဲ့ ကွာရှင်းပြတ်စဲ လိုက်ပြီဖြစ်တယ်လို့ အောက်တိုဘာ (၂၂)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာထဲမှာ ကြော်ငြာထည့်သွင်းခဲ့ပါတယ်။ အဲဒီသတင်း ကတော့ ပရိသတ်တွေ ဘယ်လိုမှ မထင်ထားတဲ့ သတင်းတစ်ခုလည်း ဖြစ်ပါတယ်။

အောင်လ

အဆိုတော်အောင်လနဲ့ မိုးငယ်တို့ကတော့ စက်တင်ဘာ(၂၀)ရက်နေ့က နှစ်ဦးသဘောတူ ကွာရှင်းလိုက်ပြီလို့ အောင်လရဲ့ ဖေ့စ်ဘွတ်မှာ အောက်တိုဘာ(၂၂)ရက်နေ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ အောင်လဟာ မမိုးငယ်နဲ့ ၂၀၁၄ခုနှစ်က အိမ်ထောင်ပြုခဲ့ တာဖြစ်ပြီး ချစ်သူသက်တမ်းကတော့ (၅)နှစ်ရှိခဲ့တယ်လို့ သိရပါတယ်။

စည်သူမောင်

သရုပ်ဆောင်လောကမှာ နေရာတစ်နေရာရရှိထားတဲ့ စည်သူမောင်ကတော့ သူ့ရဲ့ ချစ်သူကောင်မလေးနဲ့ ချစ်သူသက်တမ်(၇)နှစ်ကျော်မှာ လက်ထပ်ဖြစ်ခဲ့ပါတယ်။ ကောင်မလေးဘက်က မိဘတွေက သဘောမတူတာကြောင့် နှစ်ယောက်သား ခိုးပြေးခဲ့ကြပြီး ၁၉.၈.၂၀၁၄ ခုနှစ်မှာ နှစ်ဦး သဘောတူ မရမ်းကုန်းတရားရုံးက တရားသူကြီး ရှေ့မှောက်မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမဲ့လည်း အောက်တိုဘာ(၁၇)ရက်နေ့မှာ ကောင်မလေးဘက်က စည်သူမောင်ဆီသို့ အချက်အလက်အမှားတွေနဲ့ နို့တစ်စာပို့ပြီး ကွာရှင်းခွင့်တောင်းခဲ့တယ်လို့ အိုအေစစ်ဂျာနယ်မှာ ဖြေဆိုပေးထားပါတယ်။

ရဲလေး

သရုပ်ဆောင်အဆိုတော် ရဲလေးနဲ့ အေးမြသောင်းတို့ရဲ့ မင်္ဂလာညစာစားပွဲကို ၂၀၁၃ခုနှစ်၊ ဇွန်လ(၇)ရက်နေ့ ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာဆောင်ပြီးနောက်ပိုင်း အနုပညာအလုပ်တွေနဲ့ အဆက်အသွယ်ပြတ်သွားတဲ့ ရဲလေးက အနုပညာလောကထဲကို "နောက်တစ်ခေါက်" ဆိုတဲ့ စီးရီးနဲ့အတူ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ စီးရီးထွက်ပြီးနောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို ပြန်လုပ်လာပြီး နောက်ပိုင်းမှာ သူ့ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ အင်တာဗျုးတိုင်းမှာ "လူပျိုလို့ သတ်မှတ်ရင် သတ်မှတ်လို့ရပါတယ်။ ကျွန်တော့်ကို ချစ်ရင် အနုပညာဘက်ကို လိုက်ခဲ့။ကျွန်တော်ကတော့ အနုပညာကိုခွဲပြီးမလိုက်နိုင်ဘူး" လို့ သူက ပြောပြခဲ့ပါတယ်။ အခုနောက်ပိုင်းလည်း တစ်ယောက်တည်း အနုပညာအလုပ်တွေကို ပိုပြီး လုပ်ကိုင်လာတာတွေ့ရပါတယ်။

မိုးမိုး

အဆိုတော် မိုးမိုးနဲ့ မဖြူသီမျိုးလွင်တို့ဟာ တရားဝင်ကွာရှင်းဖို့အတွက် တရားရုံးမှာ လျှောက်ထားတာ သြဂုတ်လ(၂၃)ရက်နေ့မှာ မဖြူသီမျိုလွင်ကို အနိုင်ဒီဂရိပေးလိုက်ကာ တရားဝင်ကွာရှင်းခွင့်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက အိမ်ထောင်ရေးပြဿ နာတွေကြောင့် တရားရုံးမှာ မိုးမိုးနဲ့ ဇနီးသည်ဟာ ကွာရှင်းခွင့် တောင်းခံခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၆ခုနှစ် သြဂုတ်လ(၂၃)ရက်နေ့က တရားရုံးမှာ ချမှတ်တဲ့အတိုင်း ကွာရှင်းခဲ့တာ ဖြစ်ပါတယ်။

Sources; duwun

No comments:

Post a Comment