Latest News

Saturday, December 10, 2016

ငွေကျပ် ၁၉ သိန်းကျော်တန်ဖိုးရှိ တရားမဝင် သိုလှောင်ဘီယာ ပါကင်များအား ဝင်ရောက်ဖမ်းဆီး

ငွေကျပ် ၁၉ သိန်းကျော်တန်ဖိုးရှိ တရားမဝင် သိုလှောင်ဘီယာ ပါကင်များအား ဝင်ရောက်ဖမ်းဆီး

သထုံ ဒီဇင်ဘာ ၉

မွန်ပြည်နယ် သထုံမြို့နယ် ထောင်မှူးကျေးရွာအုပ်စု သုဓမ္မဝတီမြို့သစ်၌ ဒီဇင်ဘာ ၈ ရက် ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းအဖွဲ့တို့က သတင်းအရ ဝင်ရောက်ရှာ ဖွေရာမှ ငွေကျပ် ၁၉ သိန်းကျော်တန်ဖိုးရှိ တရားမဝင်သိုလှောင် ထားသော ဘီယာ ပါကင်များကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တရားမဝင် အကောက်ခွန်မဲ့ ဘီယာပါကင်များ သိုလှောင်ထားကြောင်း သတင်း အရ သထုံမြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အခွန်ဦးစီး ဌာနတို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် သုဓမ္မဝတီမြို့သစ် (က) ရပ်ကွက်ရှိ ကိုမျိုးဝင်းလှိုင် ပိုင်ဆိုင်သော ဂိုဒေါင်အားဝင်ရောက်ရှာဖွေရာ ဂိုဒေါင်အတွင်း သိုလှောင်ထားသော CHANG BEER တစ်ပါကင်လျှင် ၂၄ ဘူးပါ ပါကင်ပေါင်း ၁ဝဝ တစ်ပါကင်လျှင် ငွေကျပ် ၁၁ဝဝဝ နှုန်း၊ SINGHA BEER တစ်ပါ ကင်လျှင် ၂၄ ဘူးပါ ပါကင်ပေါင်း ၈၅ ပါကင် တစ်ပါကင်လျှင် ငွေကျပ် ၁ဝဝဝဝ နှုန်း စုစုပေါင်း ကာလတန်ဖိုးငွေကျပ် ၁၉၅ဝဝဝဝ ကို ဖမ်းဆီးရမိခဲ့ကြောင်း သထုံမြို့နယ် ရဲတပ် ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တရားမဝင်ယစ်မျိုးပစ္စည်းများ သိုလှောင်ထားသူ ကိုမျိုးဝင်းလှိုင်အား သုဓမ္မဝတီ နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သက်ဦး(သထုံ)

No comments:

Post a Comment