မြန်မာနိုင်ငံ သတင်းစာဆရာအသင်းကကြီးမှူး၍ သက်ကြီးသတင်းစာပညာရှင်များ ပူဇော်ကန်တော့ပွဲ ကျင်းပ
မြန်မာနိုင်ငံ သတင်းစာဆရာအသင်းမှ ကြီးမှူးကျင်းပသည့် တတိယအကြိမ် သက်ကြီးသတင်းစာပညာရှင် ပူဇော်ကန်တော့ပွဲကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးသီဟစောမှ တတိယအကြိမ် သက်ကြီးသတင်းစာပညာရှင်များ ပူဇော်ကန်တော့ရခြင်းကို ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ အမှာစကားပြောကြားသည်။ ဆက်လက်၍ ဦးဖြိုးမင်းသိန်းက သက်ကြီးသတင်းစာဆရာများကို ပူဇော်ကန်တော့၍ အလှူငွေများ ပေးအပ်သွားသည်။
ယခုကျင်းပသည့် တတိယအကြိမ် ပူဇော်ပွဲတွင် သက်ကြီးသတင်းစာပညာရှင် ၁၂၀ ဦးအား တဦးလျှင် ငွေသားကျပ် တသိန်းစီနှင့် အခြားလှူဖွယ်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။ သက်ကြီးဝါရင့် သတင်းစာပညာရှင်ကြီး အဘ ဦးအုန်းကြိုင်(ဟံသာဝတီ-ဦးအုန်းကြိုင်)မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်း အတွင်းရေးမှူး (၁) ဦးရဲမင်းဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
သတင်း/ဓာတ်ပုံ- ရွှေဖီး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment