Latest News

Wednesday, December 21, 2016

ပွဲတိုင်းကို အနိုင်ကစားမည်ဟု မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနည်းပြချုပ် ပြော

ပွဲတိုင်းကို အနိုင်ကစားမည်ဟု မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနည်းပြချုပ်ြေေပြော

မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသမီးအသင်းအနေနဲ့ AFC U19 Women Championship ခြေစစ်ပွဲ ပွဲဦးထွက်မှာ ပါလက်စတိုင်းအသင်းကို ၁၀ ဂိုးထိသွင်းယူပြီး အုပ်စုပထမနေရာကို ရယူနိုင်ခဲ့ပါတယ်။

မြန်မာအသင်းနဲ့အလားတူ ထိုင်းအသင်းကလည်း ပွဲဦးထွက်မှာ ကာဂျစ်စတန် ယူ-၁၉ အမျိုးသမီးအသင်းကို ၇ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။

ဒါပေမယ့် အခုပြိုင်ပွဲရဲ့ စည်းမျဉ်းတွေအရ ထိပ်တိုက်တွေ့ဆုံမှုကို ဦးစားပေးထားတာကြောင့် အသင်းတွေအနေနဲ့ ဂိုးများများသွင်းဖို့ လိုအပ်နေခဲ့ပါတယ်။

ဂိုးကွာခြားချက် အရေးပါမှုနဲ့ ပတ်သက်လို့ မြန်မာယူ-၁၉ အမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းမြင့်သွင်က ဂိုးကွာခြားချက်က အရေးပါနေပေမယ့် ပွဲတိုင်းကိုပဲ အနိုင်ကစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

နောက်ပြီးတော့ အသင်းရဲ့ ကစားသမားတွေကိုလည်း ခြေစွမ်းပိုင်းနဲ့ပတ်သတ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။

မြန်မာအသင်းဟာ ပွဲအစပိုင်းမှာ အထနှေးခဲ့ပေမယ့် ပွဲကစားချိန် ၂၆ မိနစ်ကစပြီး ဂိုးတွေ တောက်လျှောက်သွင်းယူခဲ့ပြီး ၁၀ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းအတွက် ဂိုးတွေကိုတော့ ဂျူလိုင်ကျော်က ၅ ဂိုး၊ နုနုက ၃ ဂိုးနဲ့ ရွှေမိုးအေးနဲ့ သဉ္ဇာချိုတို့က တဂိုးစီ သွင်းယူပေးခဲ့ပါတယ်။

ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ မြန်မာ့ယူ-၁၉ အသင်းနဲ့ ထိုင်းယူ-၁၉ အသင်းတို့နဲ့ပတ်သက်လို့ အသင်း ၂ သင်းလုံးဟာ တောင့်တင်းပြီး ပုံစံတူအသင်းတွေဖြစ်ကြောင်း ပါလက်စတိုင်း အမျိုးသမီးအသင်းရဲ့ နည်းပြချုပ်က ချီးကျူးပြောကြားလိုက်ပါတယ်။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသမီးအသင်းအနေနဲ့ ဒုတိယပွဲစဉ်အဖြစ် ကာဂျစ်စတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ထိုင်းအမျိုးသမီး ယူ-၁၉ အသင်းကတော့ ပါလက်စတိုင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Sources : ထက်လူ DVB

No comments:

Post a Comment