Latest News

Thursday, December 8, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘင်းမ်စတက်၏ အတွင်းရေးမှူးချုပ် မစ္စတာ ဆူမစ်နာ ကန်ဒလာ အား လက်ခံတွေ့ဆုံ'

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘင်းမ်စတက်၏ အတွင်းရေးမှူးချုပ် မစ္စတာ ဆူမစ်နာ ကန်ဒလာ  အား လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၈

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဦးဆောင် ဦးရွက်ပြုမှုအစီအစဉ်(ဘင်းမ်စတက်)၏ အတွင်းရေးမှူးချုပ် မစ္စတာ ဆူမစ်နာ ကန်ဒလာ အား ယနေ့နံနက် ၁၀ နာရီတွင်  နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဘင်းမ်စတက်အဖွဲ့အကြား ပူးပေါင်းဆောင်ရွက်ရေး နှင့် ဘင်းမ်စတက်အဖွဲ့၏ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယ၀န်ကြီး ဦကျော်တင်နှင့် တာဝန်ရှိ
သူများ တက်ရောက်ကြသည်။
Ref ; Myanmar State Counsellor Office


No comments:

Post a Comment