Latest News

Wednesday, December 21, 2016

မန်းရွှေစက်တော် ဘုရားပွဲတော် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၁၇ ရက်အထိ ကျင်းပမည်

မန်းရွှေစက်တော် ဘုရားပွဲတော် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၁၇ ရက်အထိ ကျင်းပမည်


မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၁၇ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။ ထိုသို့ ကျင်းပနိုင်ရေး အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဂေါပက အဖွဲ့သစ် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း စည်းကမ်းချက် ရေးဆွဲခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယခုနှစ် မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရန် လုပ်ငန်းတင်ဒါများ ချထားပေးရာတွင် ဒေသန္တရ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရာ ၌ ပေးဆောင် နေရသည့် အပိုကြေးများ ကောက်ခံတော့မည် မဟုတ်ကြောင်း သိရသည်။

''ဒီနှစ်တော့ လုပ်ငန်းတွေထဲက ဘုရားဖူး ပြည်သူတွေ ဝန်ထုပ်ဝန် ပိုး ဖြစ်စေမယ့် လုပ်ငန်းတချို့ကို တင်ဒါပေးမှာ မဟုတ်ပါဘူး။ အဓိကက လှေတင်တံတား ဖြတ်သန်းခ၊ ယာဉ်ရပ်နား ကွင်းတွေမှာ ယာဉ်ရပ်နားခ နဲ့ မောင်းတံဂိတ်တွေ ကနေ ဖြတ်သန်းခတွေ လုံးဝမရှိတော့ပါဘူး။ ဆိုင်ကယ်အပ်နှံတဲ့ လုပ်ငန်းတစ်ခုသာ လုပ်ကိုင် ခွင့် ပေးမှာပါ။ ရေထဲဆင်းဖို့ ဘောကွင်းငှားတဲ့ လုပ်ငန်းကိုတော့ တင်ဒါထဲ ထည့်ထားတယ်။ လျှပ်စစ်မီး လုပ်ငန်း ကတော့ ဂေါပကအဖွဲ့ က လုပ်ကိုင် ဆောင်ရွက်ပေး သွားမှာပါ'' ဟု ရွှေစက်တော် ဘုရားဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သိန်း ကပြောသည်။

Sources : Myawady & The Ladies News

No comments:

Post a Comment