Latest News

Tuesday, December 20, 2016

မက္ကစီကို မီးရှူးမီးပန်းဈေး ပေါက်ကွဲမီးလောင်မှု လူ ၂၆ ဦးထက်မနည်း သေဆုံး


မက္ကစီကို မီးရှူးမီးပန်းဈေး ပေါက်ကွဲမီးလောင်မှု လူ ၂၆ ဦးထက်မနည်းေ
သဆုံး

မီးသတ်တပ်ဖွဲ့က ဈေးမှာရှိတဲ့ မီးရှူးမီးပန်းများအားလုံး ပေါက်ကွဲပြီးချိန်အထိ စောင့်ဆိုင်ခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
မက္ကစီကိုမြို့အပြင်ဘက်ရှိ မီးရှူးမီးပန်းဈေးတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

မက္ကစီကို မီးရှူးမီးပန်းဈေး ပေါက်ကွဲမှု

မက္ကစီကိုမြို့အပြင်ဘက် တူလ်တီပက်မြို့စွန်ရှိ ဆန်ပက်ဘလီတို မီးရှူးမီးပန်းဈေုးမှာ အင်္ဂါနေ့ (ဒီဇင်ဘာ ၂၀ ရက်) က ပေါက်ကွဲမှုဖြစ်ပြီး ဈေးအတွင်းရှိ မီးရှူးမီးပန်းများ ဆက်တိုက် ပေါက်ကွဲမီးလောင်မှု အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။

မီးသတ်တပ်ဖွဲ့ဝင်တွေဟ မီးလောင်ကိုထိန်းချုပ်နိုင်ရန် အသည်းအသန် ကြိုးပမ်းခဲ့ရကြောင်း သိရပါတယ်။ မီးသတ်တပ်ဖွဲ့က ဈေးမှာရှိတဲ့ မီးရှူးမီးပန်းများအားလုံး ပေါက်ကွဲပြီးချိန်အထိ စောင့်ဆိုင်ခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမီးလောင်မှုဖြစ်တဲ့ မီးရှူးမီးပန်းဈေးမှာ စစ်တပ်ချထားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံသို့ အရေးပေါ်ကားနဲ့ ရဟတ်ယာဉ်များသုံးပြီး ပို့ဆောင်ခဲ့ရပါတယ်။ မီးရှူးမီးပန်းဈေး ပေါက်ကွဲမီးလောင်မှုကြောင့် ဒဏ်ရာရရှိသူ ၇၀ အထိရှိကြောင်းလည်း သိရပါတယ်။

ယခု ပေါက်ကွဲမီးလောင်မှု ဖြစ်ခဲ့တဲ့ ဆန်ပက်ဘလီတို မီးရှူးမီးပန်းဈေးမှာ ၂၀၀၅ ခုနှစ် စက်တင်ဘာလကလည်း မက္ကစီကို လွတ်လပ်ရေးနေ့ အခမ်းအနားမတိုင်မီ အလားတူ ပေါက်ကွဲမီးလောင်မှုဖြစ်ခဲ့ပြီး အကြီးအကျယ် ပျက်စီးခဲ့ဖူးကြောင်း သိရပါတယ်။

Source & Photo: CNN, AFP, Duwun
 

No comments:

Post a Comment