Thursday, December 8, 2016
ပရိတ်သတ်များအတွက် ရည်စူး လှုဒါန်း
ပရိသတ်တွေ အတွက် ရည်စူးပြီး အာနန္ဒာစေတီ ထီးတော်ကို မွမ်းမံ လှူဒါန်းမယ့် လူမင်း
ရန်ကုန်၊ ဒီဇင်ဘာ ၅
အကယ်ဒမီ လူမင်း မိသားစုက ပရိသတ်များ အတွက် ရည်စူး၍ ပုဂံရှိ အာနန္ဒာစေတီ ထီးတော်ကို ပြုပြင်မွမ်းမံ လှူဒါန်းမည် ဟု သိရသည်။
လူမင်းနှင့် ၄င်း၏ ဇနီး ခင်စပယ်ဦး တို့သည် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပုဂံသို့ ရောက်ရှိခဲ့ပြီး နဂိုမူလ ထီးတော် အဟောင်းကို လေ့လာရန် အတွက် သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် တိုင်ပင် ဆွေးနွေးခဲ့သည်ဟု သိရသည်။
”ကြံ့ခိုင်မှု ဘယ်လောက်ရှိလဲ၊ အသစ်လဲရမှာလား၊ ဘာတွေပြင်ဖို့ လိုသလဲ ဆိုပြီး ထီးတော်ကို မြေချလိုက်တာ။ ဒါကကျွန်တော့် မိသားစုနဲ့ ကျွန်တော့် ပရိသတ်တွေ အလှူပါ” ဟု လူမင်း က ပြောသည်။
ထူးခြားသော တိုက်ဆိုင်မှုမှာ မူလ ထီးတော်ကြီးအား မြေချပြီးစီးသည့် နောက်ပိုင်းတွင် သြဂုတ်လ အတွင်း ငလျင် ပြင်းထန်စွာ လှုပ်ခတ်ခဲ့ကြောင်း ၄င်းက ပြောသည်။
”စေတီထိပ်မှာ တပ်ထားတဲ့ CCTV ကို ပြန်ကြည့်တော့ ငလျင်က တော်တော်ကြမ်းတယ်။ ထီးတော်သာ ချမထားရင် မြေခမှာ သေချာတယ်” ဟု ၄င်းက ပြောသည်။
အဆိုပါ ထီးတော်တွင် မူလ ရှိပြီးသား ရွှေ၊ ကျောက်သံ ပတ္တမြား များကို ပြုပြင် မွမ်းမံရန် ရွှေအသစ် ထပ်မံချရန်၊ ရတနာများ ထပ်မံ ဖြည့် စွက်ရန် ရှိသဖြင့် အချိန် လေးလခန့် ကြာမြင့်မည်ဟု လူမင်းက ပြောသည်။
Popular
ပရိတ်သတ်များအတွက် ရည်စူး လှုဒါန်း
Reviewed by Ar Ti
on
5:53 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment