Latest News

Monday, December 12, 2016

ရခိုင်ပြည်နယ်အရေးကိစ္စ ဆွေးနွေးရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို မြန်မာနိုင်ငံဖိတ်ခေါ်ထား

ရခိုင်ပြည်နယ်အရေးကိစ္စ ဆွေးနွေးရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို မြန်မာနိုင်ငံဖိတ်ခေါ်ထား



နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ရခိုင်ပြည်နယ်အရေးကိစ္စဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ဖိတ်ခေါ်ထားတယ်လို့ မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဌာနညွှန်ကြားရေးမှုး ဦးမြင့်သူက အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာပြုလုပ်ခဲ့တဲ့ အာဆီယံအစည်းအဝေးမှာ ပြောကြားခဲ့ကြောင်း ဘန်ကောက်အခြေစိုက် နီကီသတင်းဌာနရဲ့ အာဆီယံအရေး ကဏ္ဍမှာ ဖေါ်ပြထားပါတယ်။

အဲ့ဒီတွေ့ဆုံပွဲကို ဒီဇင်ဘာ(၁၉)ရက်နေ့ ရန်ကုန်မှာ ပြုလုပ်မှာဖြစ်ပြီး ဒီလိုအစည်းအဝေးဟာ မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် မြန်မာနိုင်ငံအရေးကိစ္စကို အခြားနိုင်ငံတွေနဲ့ ဆွေးနွေးတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအစည်းအဝေးကို အာဆီယံ ၁၀နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အာဆီယံအတွင်းရေးမှူးချုပ်ပါ တက်ရောက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ယောက်က CNBကို အတည်ပြုပြောဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ(၉)ရက်နေ့က ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှာ ဒေသခံမူဆလင်တွေက နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းတွေကို အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်၊ရဲတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်၊ လက်နက်တွေ သိမ်းယူသွားတာကနေစပြီး နယ်မြေမငြိမ်မသက်မှု စတင်ပေါ်ပေါက်လာတာဖြစ်ပါတယ်။

တပ်မတော်က အကြမ်းဖက်သူများ သိမ်းယူသွားတဲ့လက်နက်တွေ ပြန်ရရေး၊ အကြမ်းဖက်သူတွေကို ဥပဒေအရ ဖမ်းဆီးရေး၊ နယ်မြေတည်ငြိမ်ရေး ပြန်ဆောင်ရွက်တဲ့အခါ ပြည်ပသတင်းဌာနတစ်ချို့နဲ့ မလေးရှားဝန်ကြီးချုပ်ကနေ တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။

အဲဒီအခြေအနေအောက်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ခေါ်ယူတွေ့ဆုံ ရှင်းလင်းဖို့ဖြစ်လာတာပါ။

ဒီသတင်းကိုတော့ Central News Bureau က သတင်းထောက်မေထွယ်ကပေးပို့ထားတာဖြစ်ပါတယ်။
#CNB

No comments:

Post a Comment