Latest News

Tuesday, December 27, 2016

တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးအပေါ် စွဲချက်တင်သင့်မသင့် ဒုတိယအကြိမ်စစ်ဆေး

တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးအပေါ် စွဲချက်တင်သင့်မသင့် ဒုတိယအကြိမ်စစ်ဆေး

တောင်ကိုရီးယား ဖွဲ့စည်းပုံတရားရုံးဟာ သမ္မတ ပတ်ဂွမ်ဟေးအပေါ် စွဲချက်တင်ဖို့သင့်မသင့် ဒီဇင်ဘာ ၂၇ ရက်နေ့က ဒုတိယအကြိမ် စစ်ဆေးခဲ့ပါတယ်။

ဒီကြားနာပွဲကို သမ္မတ ပတ်ရော ဒီပြဿနာရဲ့ အဓိကမဏ္ဍိုင်ဖြစ်တဲ့ သမ္မတရဲ့မိတ်ဆွေ ချွိုင်ဆွန်းဆီရော နှစ်ဦးလုံး မတက်ရောက်ခဲ့ပါဘူး။

ကိုရီးယားလွှတ်တော်ဟာ သမ္မတပတ်ကို လာဘ်စားမှု၊ အာဏာအလွဲသုံးမှုတွေနဲ့ အရေးယူဖို့ ဒီဇင်ဘာ ၉ ရက်နေ့က မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

ဒီအတွက် ဖွဲ့စည်းပုံတရားရုံးက အမှုကို ဆက်လက်စစ်ဆေးနေပြီး သမ္မတကို အရေးယူဖို့ သင့်မသင့် ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ကျဖို့ ရက်ပေါင်း ၁၈၀ ကျော်လောက် ကြာတတ်ပါတယ်။ အဲဒီနောက် ဖွဲ့စည်းပုံတရားရုံးက အပြီးသတ်ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

တတိယအကြိမ် ကြားနာစစ်ဆေးမှုကိုတော့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

Sources; DVB

No comments:

Post a Comment