Latest News

Monday, December 26, 2016

မော်စကိုမှာ ဗုံးလန့်ပြီး ဘူတာရုံ ၃ ခုမှ ခရီးသည်များ အရေးပေါ် ရှောင်တိမ်းခဲ့ရ

မော်စကိုမှာ ဗုံးလန့်ပြီး ဘူတာရုံ ၃ ခုမှ ခရီးသည်များ အရေးပေါ် ရှောင်တိမ်းခဲ့ရ


ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုရဲ့ ဘူတာရုံ ၃ခုမှာ ယနေ့ (ဒီဇင်ဘာ ၂၆ ရက်) ဗုံးလန့်ပြီး ခရီးသည်ပေါင်း ၃၀၀၀ ကျော်နဲ့ ဝန်ထမ်းတွေ အရေးပေါ် ရှောင်တိမ်းခဲ့ရပါတယ်။

ဗုံးပေါက်ကွဲမယ်ဆိုတဲ့ ဖုန်းဆက် သတိပေးချက် တစ်ခုကြောင့် ကာဇန်စကီး၊ လီနင်ဂရက်စကီးနဲ့ ယာရိုဆလက်ဗ်စကီး ဘူတာရုံတွေက ခရီးသည်တွေနဲ့ ဝန်ထမ်းတွေကို အရေးပေါ် ရှောင်တိမ်းစေခဲ့ရတာပါ။

လက်ရှိအချိန်မှာ အဆိုပါ ဘူတာရုံတွေမှာ အနံ့ခံခွေးတွေနဲ့ ဗုံးရှာဖွေရေး လုပ်ငန်းတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

Sources  : CNN The Voice

No comments:

Post a Comment