Latest News

Tuesday, December 6, 2016

ဧရာဝတီတိုင်းဒေသကြီးမှ ရွေးချယ်ခံစည်ပင်ကော်မတီဝင်များ ကိုယ်အိတ်ထဲထည့်ရင် ဖြုတ်မည် ဟု တိုင်းဝန်ချုပ်ကြေေပြော

"ဧရာဝတီတိုင်းဒေသကြီးမှ ရွေးချယ်ခံစည်ပင်ကော်မတီဝင်များ ကိုယ်အိတ်ထဲထည့်ရင် ဖြုတ်မည် ဟု တိုင်းဝန်ချုပ်က ပြော"

"မြို့နယ်သူမြို့နယ်သားတွေ အကျိုးအတွက်မဟုတ်ဘဲ ကိုယ့်အကျိုးအတွက် အိတ်ထဲထည့်ရင် ဖြုတ်လိုက်မယ်။ ၀န်ကြီးချုပ်တယောက်လုပ်ပိုင်ခွင့် ဘာတွေရှိလဲဆိုတာ ပြန်လေ့လာ။ ဖြုတ်ကိုပစ်မှာ မဖြုတ်လို့မရဘူး။ အဲဒီလိုတော့ အဖြစ်မခံဘူး။ ခြိမ်းခြောက်တာ မဟုတ်ဘူး။ တကယ်ပြောနေတာ။ ပြည်သူတွေ တိုင်ခိုင်းထားတဲ့သူများကို ဂုဏ်သရေပျက်စေလိုသော၊ အန္တရာယ်ရှိစေလိုသော သူများကို ဒုက္ခရောက်စေလို့တိုင်ရင် တရားစွဲမယ်။ တိုင်တဲ့သူတိုင်ပါ မဟုတ်ရင် တရားပြန်စွဲမယ်။ အပြန်အလှန် ထိန်းကျောင်းမှုပေါ့ ”ဟု ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမန်းဂျော်နီက မြို့နယ်မြို့များ စည်ပင်သာယာကော်မတီများ ရက်တိုသင်တန်းနှင့် ခန့်အပ်လွှာပေးပွဲအဖွင့်ပွဲတွင် ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ၂၆မြို့နယ်နှင့် ၇ မြို့က ရွေးချယ်ခံထားရသည့် စည်ပင်ကော်မတီ ၈၅ ဦး အား ရက်တိုသင်တန်းပေးခြင်းအား  ဒီဇင်ဘာ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ပုသိမ်မြို့တော်ခန်းမတွင် ပြုလုပ်မှာဖြစ်ပြီး ကော်မတီဝင်ခန့်အပ်လွှာများ ပေးအပ်သွားမည်ဖြစ်သည်။

ဝန်ကြီးချုပ်က ရွေးချယ်ခံစည်ပင်ကော်မတီဝင်များအား "ကိုယ့်မြို့နယ်အတွက် အလုပ်လုပ်ဖို့ ဝင်အရွေးခံတဲ့ရည်ရွယ်ချက်ပါ ။ အခု ပြည်သူက ရွေးချယ်ပေးလိုက်ပြီး၊ခန့်အပ်လွှာပေးအပ်ပြီးတာနဲ့ ကျလာမယ်။ တာဝန်ကို မိမိရဲ့မြို့နယ်အတွက် အကောင်းဆုံးလုပ်သင့်တယ်ဆိုတာ တယောက်တည်း လုပ်ရမယ်ကိစ္စမဟုတ်ဘူး။ အဖွဲ့အစည်းနဲ့လုပ်ရမယ့်ကိစ္စဖြစ်လို့ ပွင့်လင်းဖို့ လိုအပ်ပါတယ်။ ရိုးသားဖို့ လိုအပ်ပါတယ် ။ ဒီအချက်နှစ်ချက်က သိပ်အရေးကြီးပါတယ်”ဟု မှာကြားခဲ့သည်။

မြို့နယ်တွင် ရွေးချယ်ခံ ၃ ဦး၊ မြို့နယ်ဒုအုပ်ချုပ်ရေးမှူးနှင့် အလုပ်အမှုဆောင်တစ်ဦး စုစုပေါင်း ၅ ဦးဖြင့်ဖွဲ့စည်းပြီး၊ မြို့တွင် ရွေးချယ်ခံတစ်ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေးနှင့် အလုပ်အမှုဆောင် စုစုပေါင်းသုံးဦးဖြင့် ဖွဲ့စည်းထားသည်။
Source: Mizzima

No comments:

Post a Comment