Latest News

Thursday, December 29, 2016

ပရိသတ်တွေဝေဖန်မှာ မစိုးရိမ်တဲ့ စန္ဒီမြင့်လွင်

ပရိသတ်တွေဝေဖန်မှာ မစိုးရိမ်တဲ့ စန္ဒီမြင့်လွင်

Hollywood သီချင်းနဲ့ ပတ်သက်ပြီး ပြောတာ ဖြစ်ပါတယ်။

ပရိသတ်တွေအတွက် အသစ်အဆန်းတွေဖြစ်အောင် အမြဲတမ်း ဒါရိုက်တာတွေ တိုင်ပင်ပြီး ရိုက်ကူးတတ်တဲ့ စန္ဒီမြင့်လွင်က Queen အခွေထဲက Hollywood MTV နဲ့ ပတ်သက်ပြီး ပရိသတ်တွေ ဝေဖန်မှာကို မစိုးရိမ်ဘူးလို့ ဆိုပါတယ်။  အဲဒီသီချင်းကို အေးမြတ်သူ၊ သင်ဇာဝင့်ကျော်နဲ့ သူမကိုယ်တိုင်ပါဝင်ရိုက်ကူးထားပြီး Hollywood ကို သွားရောက်ပြီး အောင်မြင်တဲ့ ကြယ်ပွင့်ဖြစ်ချင်တဲ့ အကြောင်းကို ရေးဖွဲ့ထားတဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။

စန္ဒီမြင့်လွင် အနေနဲ့ Hollywood MTV ကို အခွေမဖန်တီးခင် ကတည်းက ကြိုတင်စီိစဉ်ထားတာာဖြစ်ပြီး အခွေအတွက် အကောင်းဆုံးဖြစ်ဖို့ ရိုက်ကူးဖြစ်ခဲ့တာလို့ ဆိုလာပါတယ်။  စန္ဒီမြင့်လွင် Queen MTV ကို ဇန်နဝါရီ (၇)ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပြီး အခွေထွက်မယ့် ညနေ(၅)နာရီမှာ ဂျန်းရှင်းစကွဲ အောက်ဒိုးဧရိယာတွင် ပြုလုပ်သွားမှာ ဖြစ်ပြီး မန္တလေးပရိုမိုးရှင်းကိုတော့ ဇန်နဝါရီ(၈)ရက်နေ့ ညနေ(၄)နာရီ Amazing shopping mall အောက်ဒိုးဧရိယာ တို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်က အခွေကို ပထမဆုံးလာဝယ်တဲ့ ပရိသတ်တွေ အတွက် Queen Logo ပါတဲ့ တီရှပ်တွေကို အမှတ်တရပေးဖို့ စီစဉ်ပေးထားတယ်လို့လည်း ဆိုပါတယ်။

Source : 7day TV & duwun

No comments:

Post a Comment