Latest News

Tuesday, December 13, 2016

ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ တက်တူးပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံသား တက်တူးဆရာဒုတိယဆုနဲ့ တတိယဆုရရှိ

ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ တက်တူးပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံသား တက်တူးဆရာဒုတိယဆုနဲ့ တတိယဆုရရှိ



ရန်ကုန်-ဒီဇင်ဘာ ၁၃ ။ ။ ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့တက်တူးပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံသားတက်တူးဆရာဖြစ်တဲ့ ကိုနေလင်းထွန်း(လူလူတက်တူး)ကဒုတိယနဲ့တတိယဆုရရှိခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲကိုကာချနာပူရီမြို့မှာဒီဇင်ဘာလ ၉ ရက်နေ့ကကျင်းပခဲ့တာဖြစ်ပြီးတက်တူးပညာရှင်အယောက် ၁၀၀ ကျော်ထဲမှာ မြန်မာနိုင်ငံသား ကိုနေလင်းထွန်းပဲပါဝင်ခဲ့တာဖြစ်ပါတယ်။

ဇီးကွက်စတိုင်၊ ဂျပန်စတိုင၊် new school၊old school ဆိုပြီးအမျိုးစား ၇ မျိုးသတ်မှတ်ထားရာကြိုက်တဲ့ အမျိုးအစားနဲ့ယှဉ်ပြိုင်နိုင်တာ ဖြစ်ပါတယ်။

တက်တူးပညာရှင် ကိုနေလင်းထွန်းက “ထိုင်းမှာနေတာ ၁၅ နှစ်ကျော်ပြီ စားသောက်ဆိုင်မှာစားဖိုမှူးလုပ်ခဲ့တာ နေ့ခင်းမှာတက်တူးလိုက်ထိုးတယ် ၊ နောက်ပိုင်းကျတော့ စားဖိုမှူးအလုပ်ကိုစွန့်လွှတ်ပြီး တက်တူးရေးရတာကိုဝါသနာပါလို့ကိုယ်ပိုင်ဆိုင်ဖွင့်ပြီးတက်တူးထိုးတဲ့အလုပ်ပဲလုပ်ခဲ့တယ်တက်တူးရေးတာ ၃နှစ်လောက်တော့ရှိပြီ၊ဆုရတော့လူတွေရဲ့ယုံကြည်မှုများလာတာပေါ့”လို့ပြောပါတယ်။

တက်တူးပညာရှင်ကိုနေလင်းထွန်းက ကျောဘက်အပြည့် new school အမျိုးအစားတတိယဆု၊ပေါင်မှာဇီးကွက်ပုံနဲ့ဒုတိယဆုအဖြစ်ရရှိခဲ့တာဖြစ်ပါတယ်။

နောက်ပြီးသူ့အနေနဲ့ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ပြိုင်ပွဲ ၃ ခါဝင်ပြိုင်ခဲ့ရာ အခုသုံးကြိမ်မြောက်ယှဉ်ပြိုင်တဲ့ပွဲမှာ ပထမဆုံးအကြိမ်ဆုရတာ ဖြစ်တယ်လို့ဆိုပါတယ်။

“ကျွန်တော်ကငယ်ငယ်ထဲကပန်းချီဆွဲတာဝါသနာပါတယ်။သူများလိုက်ထိုးတာတွေကြည့်တယ် You-tube တို့ အင်တာနက်ပေါ်ကနေထိုးတာတွေကြည့်ပြီး ရေးတက်သွားတာပါ”လို့ကိုနေလင်းထွန်းကဆိုပါတယ်။

ပြိုင်ပွဲဝင်တက်တူးပညာရှင် အယောက် ၁၀၀ ကျော်မှာ ပညာရှင်(၁၀)ယောက်လောက်ပဲဆုရတာဖြစ်တယ်လို့သိရပါတယ်။

ဝင်ပြိုင်မယ့်ပုံတွေကိုပွဲမတိုင်ခင် ၃ လလောက်ထဲအဆင်သင့်လုပ်ဖို့ပြိုင်ပွဲကတာဝန်ရှိသူတွေကကြေညာထားတာဖြစ်ပါတယ်။သည်တက်တူးပြိုင်ပွဲကြီးကို ထိုင်းနိုင်ငံမှာဆိုရင် ကျင်းပတာ ၁၀ နှစ်နီးပါးရှိပြီ ဖြစ်ပါတယ်။

Sources ; မေဘ်ာလ် ; Kumudra

No comments:

Post a Comment