Latest News
Saturday, December 31, 2016
မလေးရှား၏ ရေယာဉ်များ စေလွှတ်မည့် အစီအစဉ် နိုင်ငံကို စော်ကားခြင်းဟု ပြည်ထဲရေးဝန်ကြီး ပြော
မလေးရှား၏ ရေယာဉ်များ စေလွှတ်မည့် အစီအစဉ် နိုင်ငံကို စော်ကားခြင်းဟု ပြည်ထဲရေးဝန်ကြီး ပြော
မြန်မာအစိုးရ၏ ခွင့်ပြုချက်ကို ရယူခြင်း မရှိဘဲ မလေးရှားနိုင်ငံရှိ အစ္စလာမ်မစ် အဖွဲ့အစည်းများ အတိုင်ပင်ခံကောင်စီက ထောက်ပံ့ရေး ရေယာဉ်များကို ရခိုင်ဒေသသို့ စေလွှတ်ရန် စီစဉ်နေခြင်းသည် မြန်မာနိုင်ငံကို စော်ကားခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောသည်။
ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၁၆) သို့ တက်ရောက်လာသည့် ဒု ဗိုလ်ချုပ်ကြီး ကျော်ဆွေက “နိုင်ငံတော် အစိုးရချင်း အတူတူ တိုင်ပင်ရမယ်။ ဒီအတိုင်း ရခိုင်ပြည်နယ်ထဲကို ဝင်သွားလို့ ဘယ်ရမလဲ။ ဒါမျိုးကို လက်ခံနိုင်စရာ အကြောင်း တခုမှ မရှိဘူး။ လာချင်ရင် တရားဝင် နိုင်ငံခြားရေး ဝန်ကြီးဌာနကတဆင့် လာပါမယ်ဆိုပြီး ဗဟိုအစိုးရကို သတင်းပို့ရမယ်လေ။ ဒါကတော့ တို့နိုင်ငံကို စော်ကားတာလို့ ထင်တဲ့အတွက် လက်မခံနိုင်ဘူး။ ဆောရီး” ဟု သတင်းထောက်များကို ပြောသည်။
မလေးရှားနိုင်ငံ အခြေစိုက် The Star အွန်လိုင်း သတင်းဌာနက မလေးရှားနိုင်ငံ အစ္စလာမ်မစ်အဖွဲ့ အစည်းများ အတိုင်ပင်ခံကောင်စီမှ ထောက်ပံ့ရေး ရေယာဉ်များသည် ၂၀၁၇ ဇန်နဝါရီ လဆန်းပိုင်းတွင် ရခိုင်ပြည်နယ်သို့ သွားရောက်မည် ဖြစ်ပြီး တန် ၂၀ဝ ဝန်းကျင်ရှိ ဆန်၊ ဆေးဝါး အထောက်အပံ့နှင့် လိုအပ်မည့် ပစ္စည်းများ သယ်ဆောင်သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၇ ရက်နေ့က ဖော်ပြခဲ့သည်။
မလေးရှားနိုင်ငံက ရခိုင်ပြည်နယ်သို့ ပစ္စည်းများ ထောက်ပံ့ရန် မြန်မာ အစိုးရထံသို့ တရားဝင် လျှောက်ထားခြင်း ရှိ၊ မရှိကို တိတိကျကျ မပြောနိုင်သေးသော်လည်း အင်ဒိုနီးရှား နိုင်ငံကမူ တရားဝင် လျှောက်ထားလာသဖြင့် ခွင့်ပြုချက် ပေးရန် စီစဉ်နေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးအေးစိုးက ဧရာဝတီသို့ ပြောသည်။
“မလေးရှားက ဘယ်ကို လျှောက်လဲဆိုတာ တိတိကျကျ မသိရသေးဘူး။ အင်ဒိုနီးရှားက နိုင်ငံခြားရေးကို တရားဝင် လျှောက်လာတဲ့ အတွက် ခွင့်ပြုဖို့ ရှိတယ်။ အင်ဒိုနီးရှားက မြန်မာအစိုးရကို အပ်မယ်။ အစိုးရက သွားဝေလိုက်မယ်။ မလေးရှားကတော့ သူ့ဘာသာသူ လာမယ်လည်း ပြောတယ်။ လျှောက်ထားတယ်လည်း ပြောနေတယ်” ဟု ဒေါ်အေးအေးစိုးက ပြောသည်။
အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးလှူမည့် လူသားချင်း စာနာထောက်ထားမှု အထောက် အပံ့များကို မည်သည့် အဖွဲ့အစည်းသို့ ပေးအပ်မည်ဟု ကန့်သတ်ထားခြင်း မရှိဘဲ ရခိုင်ပြည်နယ်ရှိ အကူအညီ လိုအပ်နေသူများ အားလုံးကို အကူအညီ ပေးရန် သမ္မတရုံးနှင့် ညှိနှိုင်းထားပြီး ဖြစ်ကြောင်း သိရသည်။
“ပစ္စည်း ဝေမယ်ဆိုရင် ၂ ဖက် အဖွဲ့အစည်းတွေကို မျှမျှတတ ပစ္စည်းတွေ ဝေရတယ်။ မဟုတ်ရင် ပြဿနာတွေ တက်ပြီး ရှင်းရတာ ခက်လို့ပါ” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုညွှန်ချုပ် ဒေါ်အေးအေးစိုးက ပြောသည်။
မလေးရှားကမူ ရခိုင်ပြည်နယ်ရှိ ဖိနှိပ်ခံထားရသည့် ဘင်္ဂါလီ (၄င်းတို့အခေါ် ရိုဟင်ဂျာ) များကိုသာ အထောက်အပံ့များ ပေးအပ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း The Star အွန်လိုင်း သတင်းဌာနက ဖော်ပြခဲ့သည်။
NLD အစိုးရသစ် လက်ထက်တွင် ရခိုင်ပြည်နယ် ပြဿနာမှာ ပိုမို ကြီးထွားလာခဲ့ပြီး ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင် အသိုင်းအဝိုင်းကြား ပြဿနာများကို အဖြေရှာနိုင်ရေး ကြိုးစားနေရဆဲ ဖြစ်သည်။
Sources; Irrawaddy
နှစ်သစ်ဆုတောင်း
နှစ်သစ်ဆုတောင်း
၁၃၇၈ခုနှစ် ပြာသိုလဆန်း(၃)ရက်နေ့ ၂၀၁၆ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်(စနေနေ့)နှစ်ဟောင်းကုန်လို့ နှစ်သစ်သို့ ကူးပြောင်းတော့မှာဖြစ်ပါတယ်။တိုင်းဧရာ မိသားစုမှ နှစ်သစ် ဆုမွန်ကောင်းတောင်း လိုက်ပါရစေခင်ဗျား။
မြန်မာပြည်ကြီး တိုးတက်ကြီးပွားဖို့ အတွက် ပြည်သူပြည်သားအားလုံးသက်ဆိုင်ရာ ကဏ္ဍ အသီးသီးမှာြေေပြောင်းလည်းနိုင်ကြပါစေကြောင်း
ဘရာဇီးလ်နိုင်ငံဆိုင်ရာ ဂရိသံအမတ် ဇနီးရဲ့ချစ်သူကြောင့် အသတ်ခံရ။
ဘရာဇီးလ်နိုင်ငံဆိုင်ရာ ဂရိသံအမတ်ကို သတ်ပစ်ခဲ့တယ်လို့ Rio de Janeiro အခြေစိုက် စစ်ရဲအရာရှိတစ်ဦးက ၀န်ခံကြောင်း ဘရာဇီးရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၂၉ ရက်နေ့က တရားဝင် ပြောကြားလိုက်ပါတယ်။
 အသက် ၅၉ နှစ်အရွယ်ရှိ ဂရိသံအမတ် ကီရီယာကော့စ်-အာမီရီးဒီးစ် ( Kyriakos Amiridis ) ဟာ ဒီဇင်ဘာလ ၂၆ ရက် တနင်္လာနေ့က နေအိမ်ကနေ ရုတ်တရက်ပျောက်ဆုံးသွားပါတယ်။
 ဒီကိစ္စနဲ့ပတ်သက်ပြီး ဘရာဇီးလ်လူမျိုး ဇနီးဖြစ်သူက ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။
အခုတော့ သံအမတ်ရဲ့ဇနီးဖြစ်သူ Françoise Amiridis နဲ့ သူ့ရဲ့တိတ်တခိုးချစ်သူ အသက် ၂၀ အရွယ်ရှိ Rio de Janeiro စစ်ရဲအရာရှိ 
ဘရာဇီးလ်နိုင်ငံဆိုင်ရာ ဂရိသံအမတ် ဇနီးရဲ့ချစ်သူကြောင့် အသတ်ခံရ။
Sergio Moreira တို့ကို ဘရာဇီးလ်ရဲတပ်ဖွဲ့ လူသတ်မှု၊ ပူးပေါင်းကြံစည်မှုတွေနဲ့ ဖမ်းဆီးလိုက်ပါပြီ။
သံအမတ်ရဲ့ဇနီးဖြစ်သူ Françoise ကို ဖမ်းဆီးစစ်ဆေးတဲံအခါ သူ့ချစ်သူ စစ်ရဲအရာရှိက ခင်ပွန်းဖြစ်သူကို သတ်ပစ်ခဲ့တာဖြစ်ကြောင်း ၀န်ခံခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးအရာရှိက သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။
ဒီ့နောက်ဆက်ပြီး “ သံအမတ်ကို သတ်ခဲ့တယ်လို့ စစ်ရဲအရာရှိကပါ ၀န်ခံကြောင်း၊ သတ်ဖို့မရည်ရွယ်ခဲ့ပေမဲ့ စကားများရန်ဖြစ်ရာကနေ လက်လွန်ခဲ့ကြောင်း၊ ရုတ်တရက်ဘာလုပ်ရမှန်း မသိတာကြောင့် အလောင်းကို ဖျောက်ဖျက်ဖို့အတွက် ညီဝမ်းကွဲဖြစ်သူကို ဒေါ်လာ ၂၅၀၀၀ နဲ့ညီမျှတဲ့ ဘရာဇီးလ်ငွေ ၈၀၀၀၀ ပေးမယ်လို့ပြောပြီး အကူအညီတောင်းခဲ့ကြောင်း ဖြောင့်ချက်ပေးခဲ့တယ်လို့” ရှင်းပြသွားပါတယ်။
 ဒီ့နောက်ဆက်ပြီး အလောင်းကို ဘယ်လိုဖျောက်ဖျက်ပစ်ခဲသလဲဆိုတာတွေကို စုံစမ်းစစ်ဆေးရေးအရာရှိက ဆက်ရှင်းပြခဲ့ပါတယ်။
အခုအခါ သံအမတ်ရဲ့ဇနီး၊ သူ့ချစ်သူ စစ်ရဲအရာရှိနဲ့အတူ လူသတ်မှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ညီဝမ်းကွဲတော်စပ်သူကိုပါ ဘရာဇီးလ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။
အခုအသတ်ခံရတဲ့ ဘရာဇီးလ်နိုင်ငံဆိုင်ရာ ဂရိသံအမတ် အာမီရီးဒီးစ်ဟာ ၂၀၀၁-ကနေ ၂၀၀၄-ခုနှစ်အထိ Rio de Janeiro မြို့မှာ ကောင်စစ်ဝန်ချုပ်အဖြစ် တာဝန်ထမ်းခဲ့ဖူးပါတယ်။
ဒီနော့က် ၂၀၁၂-ကနေ ၂၀၁၆-အထိ လစ်ဗျားနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်တာဝန်ထမ်းခဲ့ပြီး အခု ၂၀၁၆-ခုနှစ်မှာမှ ဘရာဇီးလ်နိုင်ငံဆိုင်ရာ ဂရိထိပ်တန်းသံအမတ်အဖြစ် တာဝန်ထမ်းရွက်ခဲ့ တာဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
ဓါတ်ပုံ-ဘရာဇီးလ် နိုင်ငံဆိုင်ရာ ဂရိသံအမတ် ကီရီယာကော့စ်-အာမီရီးဒီးစ်-GOOGLE SEARCH
Sources From; Aye Aye Mon Journalist DVB
ပျော်ရွှင်ဝမ်းမြောက်ဖွယ်ရာ နှစ်သစ်ကူးနိုင်ရန် ကြိုတင်အသိပေး
ပျော်ရွှင်ဝမ်းမြောက်ဖွယ်ရာ နှစ်သစ်ကူးနိုင်ရန် ကြိုတင်အသိပေး
ဒီဇင်ဘာလ ၃၁ ရက် ၂၀၁၆ ခုနှစ် ကျုံပျော်
ဒီဇင်ဘာလ ၃၁ ရက်နေ့ည ၁၂ နာရီအချိန်သည် ၂၀၁၆ ခုနှစ်အား လမ်းခွဲ နုတ်ဆက်၍ ၂၀၁၇ ခုတည်းဟူသော နှစ်သစ်မင်္ဂလာအား ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ကြိုဆိုနိုင်ရန်အတွက် ကျုံပျော်မြို့ မြို့မရဲစခန်းမှ ကြိုတင် အသိပေးအပ်ပါသည်။
နှစ်သစ်ကူးကာလသည် ကုန်ဆုံးခဲ့သော နှစ်ဟောင်းကာလမှ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို သင်ခန်းစာများရယူ၍ လာမည့်နှစ်သစ်တွင် မိမိ၏ ရပ်တည်နေထိုင်မှုများအား ကောင်းသထက်ကောင်းအောင် နှစ်ဟောင်းကထက် သာလွန်နိုင်သမျှ သာလွန်အောင် နေထိုင်ရပ်တည်သွားမည်ဟု ဘ၀၏ စာမျက်နှာသစ်များ ရေးဖွင့်ကြသည့် အချိန်ကာလဖြစ်ပါသည်။
ထို့ကြောင့် နှစ်သစ်ကူးကာလအချိန်တွင် အများပြည်သူ အထိတ်တလန့်ဖြစ်စေနိုင်သည့် ဗြောက်အိုးများဖောက်ခြင်း၊ မီးရှုးမီးပန်းများ ပစ်လွတ်ဖောက်ခြင်း၊ မြို့၏ သန့်ရှင်းသာယာလှပမှုများကို ဖျက်စီးခြင်း၊ လမ်းမကြီးများဘေးတွင် အုပ်စုဖွဲ့၍ အရက်သေစာများ သောက်စားမူးယစ်ခြင်း၊ ဒုတ်၊ဓား လက်နက်များ ကိုင်ဆောင်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းနှင့် အဖျက်အမှောက် လုပ်ငန်းများ ပြုလုပ် လုပ်ကိုင်လာပါက တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။
အဆိုပါ အသိပေးချက်များအပေါ် လေးစားလိုက်နာမှုမရှိဘဲ အများပြည်သူ စိတ်အနှောက်အယှက်စေအောင် ပြုလုပ်လာပါက ဖမ်းဆီးအရေးယူမည် ဖြစ်ကြောင်း ကျုံပျော်မြို့ မြို့မစခန်းမှုး ထံ မှသိရှိရပါသည်။
Friday, December 30, 2016
အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ ၂ ဦးကို မောင်တော တွင် ဖမ်းမိ
အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ ၂ ဦးကို မောင်တော တွင် ဖမ်းမိ
ဒီဇင်ဘာ ၃၀
အောက်တိုဘာ ၉ ရက်နေ့က မောင်တောမြို့နယ် ကျီးကန်းပြင် အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်အား အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ ၂ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းအရ သိရှိရသည်။
ဖမ်းဆီးရမိသူ နှစ်ဦးမှာ အကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ကော်ဒီမူလာ(ဘ) ဇော်ကီအာမောက်နှင့် မာမွတ်အာလောင် (ဘ) အော်လီအာမတ်တို့ ဖြစ်ကြသည်။
သူတို့နှစ်ဦးသည် မောင်တောမြို့နယ် ကျီးကန်းပြင် (အနောက်ရွာ)တ၀ိုက်တွင်  ပြန်လည် ၀င်ရောက်လျက်ရှိကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ကျေးရွာအတွင်း ၀င်ရောက်ရှင်းလင်းရာမှ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဖမ်းဆီးရမိသူများအား အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း (ကျီးကန်းပြင်)၌ ထိန်းသိမ်းထားရှိကာ တရားဥပဒေအရ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Sources; Narinjara
မြန်မာ့လွတ်လပ်ရေးနေ့ ကန်အစိုးရ သဝဏ်လွှာ
မြန်မာ့လွတ်လပ်ရေးနေ့ ကန်အစိုးရ သဝဏ်လွှာ
ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်မယ့် (၆၉)နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အခါသမယမှာ မြန်မာပြည်သူတွေ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း အမေရိကန် သမ္မတ Barack Obama နဲ့တကွ အမေရိကန်ပြည်သူတွေ ကိုယ်စား ဆုမွန်ကောင်း တောင်းပါကြောင်း နိုင်ငံခြားရေးဝန်ကြီး John Kerry က သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော် အတွင်း ပထမဆုံး ဒီမိုကရေစီနည်းကျ အရွေးချယ်ခံရတဲ့ အရပ်သား အစိုးရ တက်လာတာမို့ ပြီးခဲ့တဲ့နှစ် ဟာ မြန်မာနိုင်ငံအတွက် သမိုင်းဝင်နှစ် တနှစ် ဖြစ်ပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အောင်မြင်တဲ့ အမေရိကန် ခရီးစဉ်နဲ့ အတူ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွါးရေး ဒဏ်ခတ်မှုတွေကို သမ္မတ အိုဘားမား ရုတ်သိမ်းပေးခဲ့တာဟာ အမေရိကန်နဲ့ မြန်မာ ၂ နိုင်ငံကြား နွေးထွေးပြီး ရင်းနှီး ချစ်ကြည်တဲ့ ဆက်ဆံရေး ရှိလာတာရဲ့ သင်္ကေတဖြစ်ပါတယ်။
နောက်မကြာခင်မှာကျင်းပတဲ့ နေပြည်တော်တွေ့ဆုံပွဲကနေ မိတ်ဖက်အသစ် ဖြစ်လာတဲ့ အမေရိကန်- မြန်မာတို့ရဲ့ နှစ်အနည်းငယ်အတွင်း ၂ နိုင်ငံ ဆက်ဆံရေး အတိုင်းတာ ဘယ်လောက်ရှိလာတယ် ဆိုတာကို ပြခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံ အောင်မြင်မှုရစေရေးအတွက် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးရဖို့၊ စီးပွါးရေးနဲ့ လူမှုရေး တိုးတက်ဝပြောဖို့၊ လူ့အခွင့်ရေးလေးစားဖို့ လုပ်ဆောင်နေတဲ့ မြန်မာအစိုးရနဲ့ အဖွဲ့အစည်းအားလုံး နဲ့အတူ ဆက်ပြီး အနီးကပ်လက်တွဲ လုပ်ဆောင်မယ်လို့ သံဓိဌာန်ချထားပြီး လာမယ့်နှစ်မှာ မြန်မာနိုင်ငံသားအားလုံး ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သာယာဝပြောစေဖို့ ဆုမွန်ကောင်း တောင်းလိုက်ကြောင်း လည်း ဖေါ်ပြထားပါတယ်။
Sources; ဗွီအိုအေ
မော်တော်ယာဉ်ခါးပတ် မပတ်လျှင် ဇန်န၀ါရီလမှစ ဒဏ်ရိုက်မည်
မော်တော်ယာဉ်ခါးပတ် မပတ်လျှင် ဇန်န၀ါရီလမှစ ဒဏ်ရိုက်မည်
ရန်ကုန်၊ ဒီဇင်ဘာ ၃၀
နှစ်သစ် ဇန်န၀ါရီလမှ စတင်၍ မော်တော်ယာဉ်မောင်းနှင့် လိုက်ပါ စီးနင်းသူများ ထိုင်ခုံ ခါးပတ် မပတ်ပါက မော်တော်ယာဉ် ဥပဒေဖြင့် ငွေဒဏ်ရိုက်၍ အရေးယူမည် ဖြစ်ကြောင်း အမှတ်၂ ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။
ယာဉ်မတော်တဆမှုများကြောင့် ထိခိုက် သေဆုံးမှု လျော့နည်းစေရန် သတ်မှတ်ခဲ့ခြင်း ဖြစ်ပြီး နိုဝင်ဘာလမှ ဒီဇင်ဘာလကုန်အထိ ပညာပေး ကာလအဖြစ် စစ်ဆေး ဆောင်ရွက်နေပြီး ဇန်န၀ါရီလမှ စတင်၍ အရေးယူမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒုရဲမှူးအဆင့်ရှိ ယာဉ်ထိန်းရဲအရာရှိ တစ်ဦးက ပြောကြားသည်။
“ယာဉ်မောင်းရော နောက်က လူတွေရော ပတ်ဖို့ လိုတယ်။ မော်တော်ယာဉ် ဥပဒေက မော်တော်ယာဉ် အားလုံးပဲ သက်ရောက်တယ်။ ဘတ်စ်ကားတွေက မြို့ထဲမှာ ၃၂ ကီလိုပဲ သွားခွင့် ရှိတဲ့အတွက်ကြောင့် နောက်က လိုက်တဲ့သူက ပတ်စရာ မလိုဘူး၊ ယာဉ်မောင်းပဲ ပတ်ရမယ်”ဟု ၎င်းက ဆိုသည်။
အဝေးပြေး ယာဉ်လိုင်းများ အတွက်မူ ယာဉ်မောင်းနှင့် ခရီးသည်များ အားလုံး ခါးပတ် ပတ်ရမည် ဖြစ်သည်။
“တစ်ခုခုဖြစ်ရင် ခါးပတ်က လူကို ထိန်းထားတဲ့အတွက် ခါးပတ်က ထိုင်ခုံနဲ့ ဆွဲကပ်ထားသလို ဖြစ်တဲ့အတွက် မထိခိုက်ဘူး”ဟု လမ်းမတော်မြို့နယ်မှ ယာဉ်မောင်း တစ်ဦးဖြစ်သူ ကိုအောင်းဆန်းက ပြောဆိုသည်။
ခါးပတ် မပတ်ပါက ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေပုဒ်မ ၅၄ (င) တားမြစ်ချက် ကို ကျူးလွန်သဖြင့် ဒဏ်ငွေ ၃သောင်း ပေးဆောင်ရမည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲများထံမှ သိရှိရသည်။
၂၀၁၅ ခုနှစ်တွင် မော်တော်ယာဉ် တိုက်မှုကြောင့် သေဆုံးသူ နှစ်ထောင်ကျော် ရှိခဲ့ပြီး အများဆုံးမှာ ထိုင်ခုံခါးပတ် မပတ်ထားသဖြင့် သေဆုံးခဲ့ကြကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
Sources; The Voice
ဒေါ်အောင်ဆန်းစုကြည် ပြောသော ဘွဲ့ရတော့ ဘာလုပ်ရမလဲ
ဒေါ်အောင်ဆန်းစုကြည် ပြောသော ဘွဲ့ရတော့ ဘာလုပ်ရမလဲ
ဖခင်တစ်ဦးကမေးတယ်
ကျွန်တော့သားကို စာကြိုးစားဖို့ ပြောတိုင်း ဘွဲ့ရတော့ ဘာလုပ်ရမှာလဲတဲ့။ပြန်မေးနေပါတယ်။ နောက်ပြီးတော့ အခု ချမ်းသာနေတဲ့ လူတွေဟာ ဘာဘွဲ့တွေရတဲ့ လူတွေ များလဲလို့ မေးပါတယ်တဲ့။ (လက်ခုပ်သံများ)
ကျွန်တော် တော်တော်ခက်နေပါတယ်တဲ့။
ဒေါ်စု ရှင်းလင်းမှ ဖြစ်မယ်ဗျို့တဲ့။
(ရယ်လျှက်)
ဘွဲ့ရတော့ ဘာအလုပ်ရမှာလဲ ဆိုတဲ့ အဖြေက အခု အခြေအနေမှာ ဆိုရင်တော့ ဘာအလုပ်မှ ရမှာ မဟုတ်ဘူးလို့ ဖြေရမှာပဲ။
ဒါပေမဲ့ ဒါကြောင့်မို့လို့ စာ မကြိုးစားဘူး ဆိုတာတော့ မမှန်ပါဘူး။
အခု ဘွဲ့ရတွေ အတွက် အလုပ်ကလည်း မရှိဘူး။ ကျွန်မတို့ ရတဲ့ ဘွဲ့တွေကလည်း တန်ဖိုးမရှိဘူးဆိုတာ အမှန်ပါပဲ။
ဒါပေမဲ့ ပညာရဲ့ တန်ဖိုးကတော့ အမြဲရှိနေတာပဲ။
ဘွဲ့နဲ့ ပညာနဲ့ မတူပါဘူး။
ဘွဲ့ရတာတော့ ဘွဲ့ရတာပါ။
ပညာရှိတာဟာ ပညာရှိတာပါ။
အဲ့ဒီတော့ စာကြိုးစားပါလို့ ပြောတာဟာ မိဘတွေကလည်း စာကြိုးစားစေချင်တဲ့ အကြောင်းရင်းကို နည်းနည်း ရှင်းပြဖို့ လိုမယ်လို့ ကျွန်မ ထင်ပါတယ်။ ဒါ ကျွန်မ ကိုယ်တိုင် ကြားဖူးတာပါ။
တချို့ မိဘတွေ ဟာဆိုလို့ရှိရင် သားသမီးတွေကို စာကြိုးစား၊ စာကြိုးစား၊ စာကြိုးစားမှ အလုပ် ကောင်းကောင်းရမယ်။ အလုပ် ကောင်းကောင်း ရမှ ပိုက်ဆံ ကောင်းကောင်း ရမယ် ဆိုပြီးတော့ အဲဒီလို ပြောတာတွေ ကျွန်မတို့ ကြားကြတယ်။ ဒီဟာ ဟာ မှန်ကန်တဲ့နည်းနဲ့ ကလေးတွေကို ပညာ ရှာချင်အောင် လုပ်တာ မဟုတ်ဘူးလို့ ကျွန်မ ယူဆပါတယ်။
ပြီးတော့ ဘာဖြစ်လို့ စာကြိုးစားစေချင်လဲ ဆိုတော့ ဒါ ပညာရစေချင်လို့ပဲ။
နောက်ပြီးတော့ ဝီရိယ မွေးစေချင်လို့ပဲ။ စာကြိုးစားတယ် ဆိုတာ ဒါ ဝီရိယမွေးတာပဲ။
ကိုယ် လုပ်ရမယ့် အလုပ်ကိုဝီရိယရှိရှိနဲ့ လုပ်တတ်အောင်လို့ သင်ပေးတာပေါ့။
အဲဒီလို စိတ်ဓါတ်တွေနဲ့ စာကြိုးစားဖို့
မိဘတွေက သင်ပေးပါ။
စာကြိုးစားမှ အလုပ်ရမယ်။
အလုပ်ရမှ ပိုက်ဆံရမယ်။
ဒီလို စိတ်ဓါတ်တွေ ကလေးတွေကို မသွင်းပေးစေချင်ဘူး။
ဒီတော့ ပညာရှာပါ။ ပညာရှိလို့ရှိရင် ဘာအကျိုးရှိလဲလို့ တချို့က မေးတယ်။
ဒီတော့ ပညာရှိလို့ရှိရင် ဘာအကျိုးရှိလဲ ဆိုတာ ကျွန်မလည်း တစ်ခါတလေ ကလေးတွေက မေးတော့ စဉ်းစားကြည့်ပါတယ်။
ခုနက ပြောတယ်။ ဘွဲ့ရတော့ ဘာအလုပ်ရမှာလဲ။ ဒါတော့ မပြောနိုင်ဘူး။
ဘွဲ့ရတော့ ဘာအလုပ်ရမှာလဲဆိုတာတော့ ကျွန်မ မပြောနိုင်ဘူး။
ဒါပေမဲ့ ပညာရှိများကတော့ ဘယ်လို အကျိုးခံစားနိုင်သလဲ။
ကျွန်မ လောကီကိစ္စတွေ ပြောနေတာပေါ့နော်။ လောကုတ္တရာ ကိစ္စကိုတော့ ရဟန်း သံဃာများက ပြောရမှာပါ။ ပညာရှိလို့ရှိရင် ဘယ်လို အကျိုးခံစားရမလဲ ဆိုတော့ ပညာရှိခြင်း အားဖြင့် အလုပ်ကောင်းကောင်း ရရင်လည်း ရမယ်။ မရရင်လည်း မရဘူး။ ပညာရှိခြင်းအားဖြင့် ဒုက္ခဆင်းရဲ တွေ့ရင်လည်း တွေ့မယ်။
မတွေ့ရင်လည်း မတွေ့ဘူး။ ဒါတော့ ကျွန်မတို့ မပြောနိုင်ဘူး။
အနိစ္စတရားကို ကျွန်မတို့ ဘယ်လိုမှ မလွန်ဆန်နိုင်ဘူး။
လောကဓံတရားရှစ်ပါးကို ကျွန်မတို့ ဘယ်လိုမှ မကျော်လွှားနိုင်ဘူး။
ဆင်းရဲတဲ့အခါ ဆင်းရဲမယ်။ ချမ်းသာတဲ့အခါ ချမ်းသာမယ်။
ဒါပေမဲ့ ပညာရှိတဲ့ လူဟာ ဆင်းရဲဒဏ်ရော၊ ချမ်းသာတဲ့ ဒဏ်ရော နှစ်ခုစလုံးကို ကြံ့ကြံ့ ခံနိုင်တယ်။ ဒါကြောင့်မို့ ပညာကို ရှာပါလို့ ပြောတာပါ။
ဆင်းရဲဒဏ် ခံနိုင်တယ်လို့ ပြောတာဟာ ပညာရှိများဟာ ဆင်းရဲနေသည် ဖြစ်စေ၊ ထောင်ထဲမှာ ရောက်နေသည် ဖြစ်စေ ကြံ့ကြံ့ခံနိုင်တယ်။ ဘာဖြစ်လို့လဲ တရားရှိတယ်။
(လက်ခုပ်သံများ)
ဘယ်လို ဒုက္ခပဲ ဖြစ်ဖြစ် ခံနိုင်တာဟာ ပညာရှိများရဲ့ အရည်အချင်းပဲ။
နောက်ပြီးတော့ ချမ်းသာဒဏ် ခံနိုင်တယ်။ ချမ်းသာဒဏ် ခံနိုင်တယ်ဆိုတာက ဘာကို ပြောတာလဲ ဆိုတော့ လာဘ်ပေး လာဘ်ယူကို လုပ်ချင်တဲ့ စိတ်မရှိဘူး။
ပညာရှိဆိုရင်၊ တကယ့်ပညာရှိဆိုရင် ကိုယ်အခွင့်အရေး ရလာတဲ့အခါကျရင်
ဒီအခွင့်အရေးကို အလွဲသုံးစားမလုပ်ချင်ဘူး။
အဲဒါဟာ ချမ်းသာဒဏ် ခံနိုင်တယ် ဆိုတာကို ပြောတာပါ။
တချို့ဟာ ဆင်းရဲဒဏ်ခံနိုင်ပါတယ်။ ဘယ်လိုပဲ ဖိနှိပ် ဖိနှိပ် ခံနိုင်တယ်။
ဘယ်လိုပဲ ရိုက်ရိုက် ဆော်ဆော် ခြိမ်းခြောက် ခြိမ်းခြောက် ခံနိုင်တယ်။ မဖြုံဘူး။
ဒါပေမဲ့ ပစ္စည်းနဲ့၊ ပိုက်ဆံနဲ့၊ ရာထူးလေးနဲ့ နေရာလေး မျှားလိုက်တဲ့ အခါကျတော့
ပါသွားရော။
အဲဒါဟာ ချမ်းသာဒဏ် မခံနိုင်ဘူး ဆိုတာ ကျွန်မ ဒါကို ပြောတာပါ။
တချို့ကျတော့လည်း ဒါ ကျွန်မပွင့်ပွင့်လင်းလင်း ပြောတာနော်။ ကျွန်မတို့ ဒီမိုကရေစီ ရရော၊ ရလို့ရှိရင် ဒုက္ခခံတုန်းကတော့ ရဲရဲကြီး ရဲရဲဝံ့ဝံ့ ဒုက္ခခံပြီးတော့ ရာထူးနဲ့၊ နေရာနဲ့ ရသွားမှ အကျင့်စာရိတ္တပျက်သွားမယ့် လူတွေ ရှိမှာပဲ။
အဲဒါလည်း ချမ်းသာဒဏ် မခံနိုင်တာပဲ။ အဲ့ဒါကြေင့် ကျွန်မတို့ဟာ ဆင်းရဲဒဏ် ခံနိုင်အောင် ပညာရှာရမယ်။ ပညာ နားလည်တဲ့လူ၊ ပညာရှိတဲ့လူ၊ ပညာလိုလားတဲ့လူ ဆိုတာက ဆင်းရဲဒဏ် ခံနိုင်တယ်။
သြော်… ဒါ ဆင်းရဲဒဏ်ခံတယ်ဆိုတာ အနိစ္စသဘောပဲ။
ငါ ဆင်းရဲလို့၊ ငါ့ ဖိနှိပ်လို့၊ ငါ့ကို ပင်ပန်းအောင် လုပ်လို့ ငါ မလုပ်သင့်၊ မလုပ်ထိုက်တာကို လုပ်လို့ရှိရင် ငါ့အတွက် အများကြီး အကျိုးနည်းမယ် ဆိုတာ သူ့ရဲ့ ပညာဥာဏ်အရ နားလည်တယ်။ ဒီလိုပဲ ချမ်းသာသွားတဲ့ အခါ ငါ ချမ်းသာလို့ ငါ လုပ်ချင်တိုင်း လုပ်မယ်ဆိုရင် ငါ့အတွက် အကျိုးနည်းမယ်။ ငါ့ရဲ့အသိုင်းအဝိုင်း အတွက်လည်း အကျိုးနည်းမယ် ဆိုတာ သိတဲ့အတွက် မလုပ်ဘူး။
အဲဒါကြောင့်မို့လို့ ကလေးတွေကို စာကြိုးစားပါလို့ ပြောတဲ့ အခါ ကျလို့ရှိရင် ဘွဲ့ရတော့ ဘာအလုပ်ရမှာလဲလို့ ပြန်မေးတဲ့အခါ ဘွဲ့ရဖို့၊ မရဖို့ ပြောနေတာ မဟုတ်ဘူး။ ဘွဲ့ရပြီးတဲ့ အခါကျရင် အလုပ်ရမယ်၊ မရမယ်ပြောနေတာ မဟုတ်ဘူး။ ပညာရှိခြင်း အားဖြင့် ဒီဘဝမှာရော၊ နောင်ဘဝတွေရော ကိုယ် နေထိုင်ရမယ့်
ကိစ္စမှန်သမျှကို မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်ဖို့ ပညာရှာပါလို့ ပြောတာလို့ တိုက်တွန်းစေချင်ပါတယ်။
အဲဒီလို ကိစ္စနဲ့ ပညာရှာမယ် ဆိုရင်တော့ ကျွန်မတို့နိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ မတူအောင်လို့ကို တိုးတက်နိုင်တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။
အခု ချမ်းသာနေတဲ့ လူတွေဟာ ဘာဘွဲ့တွေရလို့ ချမ်းသာနေတာလဲ မေးတော့၊ အခု ချမ်းသာနေတဲ့ လူတွေကို ပြည်သူလူထုက ဘယ်လိုမြင်သလဲဆိုတာ ကျွန်မ ပြန်ပြီးတော့ မေးလိုက်ချင်တယ်။ ပြည်သူလူထုက အခု ချမ်းသာနေတဲ့ လူတွေကို အထင်ကြီးသလား၊ ပိုက်ဆံကိုပဲ အထင်ကြီးသလား၊
သူတို့ကိုပဲ အထင်ကြီးတာလား၊ အဲ့ဒါ ခွဲခြားပြီး သိဖို့လိုပါတယ်။
အဲဒီတော့ အခု ချမ်းသာနေပြီးတော့ သူတော်ကောင်းများ၊ ပညာရှိများက မလေးစားဘူး၊ အထင်မကြီးဘူး၊ ရှုတ်ချမယ် ဆိုလို့ရှိရင် ချမ်းသာရကျိုး လုံးလုံး မနပ်ပါဘူး။ ပိုက်ဆံကိုပဲ ကြည့်နေလို့ မဖြစ်သေးဘူး။
ပိုက်ဆံရရင် ပြီးရော ဘာလုပ်ရ လုပ်ရ လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်ဟာ လူမိုက်စိတ်ဓါတ်ပါ။
ပညာရှိစိတ်ဓါတ် မဟုတ်ပါဘူး။ (လက်ခုပ်သံများ)
ဒါကြောင့် ကလေးတွေကို ပိုက်ဆံရှိတဲ့ လူတွေကို အားမကျဖို့ သင်ပေးပါ။
ဒီလူတွေ ပိုက်ဆံရှိတာတော့ ဟုတ်ပါပြီ။
ပိုက်ဆံအပြင် ဘာရှိလဲလို့ အဲဒါလည်း မေးရဦးမယ်။
ဂုဏ်သိက္ခာ ရှိသလား၊
အကျင့်စာရိတ္တ ကောင်းသလား၊
ပညာရှိသလား
ဒါဟာ ကျွန်မ အနေနဲ့ ကျွန်မတို့နိုင်ငံမှာတင် မဟုတ်ပါဘူး။
တခြားနိုင်ငံတွေမှာလည်း ဒီလိုပဲ ဖြစ်နေတယ်။ လူငယ်များဟာ ပိုက်ဆံရရင် ပြီးရော၊
ဘာဖြစ်ဖြစ် လုပ်ချင်တယ် ဆိုတဲ့ စိတ်ဓါတ်တွေ ဖြစ်နေတယ် ဆိုတာ
ဒီမနက်ပဲ နိုင်ငံခြား မဂ္ဂဇင်းတစ်ခုမှ ကျွန်မ ဖတ်လိုက်ရတယ်။
အဲဒီဟာ လူငယ်များဆိုတာ ၁၅ နှစ်၊ ၁၆ နှစ် ဆယ်ကျော်သက် အရွယ်တွေဟာ ပိုက်ဆံရရင် ပြီးရော၊ ဘာလုပ်ရ လုပ်ရ ဆိုတဲ့ စိတ်ဓါတ်တွေ ပေါ်နေတာကြောင့်
ရာဇဝတ်မှုတွေ များနေတယ် ဆိုပြီးတော့ အိန္ဒိယနိုင်ငံက အမျိုးသမီးကြီး တစ်ယောက်က ဒီလိုပဲ ပြောတာ ဖတ်လိုက်ရပါတယ်။ ဒီတော့ ဒါ ကျွန်မတို့နိုင်ငံမှာတင် မဟုတ်ပါဘူး။
နိုင်ငံတကာမှာ ဒီပြဿဿဿ နာ တွေ ကို ရင်ဆိုင်နေရပါတယ်။ ပိုက်ဆံမှ ပိုက်ဆံ ဆိုတဲ့ စိတ်ဓါတ်တွေ၊ အဲဒီစိတ်ဓါတ်တွေဟာ
ကျွန်မတို့ နေ့ချင်း ညချင်းတော့ ပြောင်းလို့ရမှာ မဟုတ်ပါဘူး။
ဒါပေမဲ့လည်း ပိုက်ဆံ မရှိသော်လည်း ပစ္စည်း မရှိသော်လည်း ပညာရှိလို့ ရှိရင် အကျင့်စာရိတ္တ၊ သိက္ခာရှိရင် လူရာဝင်တယ် ဆိုတဲ့ အနေအထား
ဖြစ်အောင်လို့ ကျွန်မတို့အားလုံး ဝိုင်းပြီးတော့ ကြိုးစားရမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်စုကြည်
Sources ; Thura Aung
ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အမေစု ရဲ့ နှုတ်ခွန်းဆက်စကား
ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အမေစု ရဲ့ နှုတ်ခွန်းဆက်စကား
''နိုင်ငံရေး လုပ်စားတဲ့ သူတွေက
နောက် ရွေးကောက်ပွဲ အတွက်ပဲ
စဉ်းစားတယ်
နိုင်ငံအတွက် လုပ်တဲ့ သူတွေက
နောင်မျိုးဆက်အတွက် စဉ်းစားတယ်''
ဒေါ်အောင်ဆန်းစုကြည်
Sources; The Standard Time Daily News
''နိုင်ငံရေး လုပ်စားတဲ့ သူတွေက
နောက် ရွေးကောက်ပွဲ အတွက်ပဲ
စဉ်းစားတယ်
နိုင်ငံအတွက် လုပ်တဲ့ သူတွေက
နောင်မျိုးဆက်အတွက် စဉ်းစားတယ်''
ဒေါ်အောင်ဆန်းစုကြည်
Sources; The Standard Time Daily News
သူငယ်ချင်းဆက်ဆံရေး ပြိုကွဲစေတဲ့ အကြောင်းအရင်း(၅)မျိုး
သူငယ်ချင်းဆက်ဆံရေး ပြိုကွဲစေတဲ့ အကြောင်းအရင်း(၅)မျိုး
ရှည်ကြာခိုင်မြဲတဲ့မိတ်ဆွေဆက်ဆံရေးဆိုတဲ့ ခရီးက တိုတိုလေးမဟုတ်ပါဘူး။ အရှည်ကြီးပါ။ဒီလိုအရှည်ကြီးဖြတ်သန်းတဲ့အခါမျိုးတွေမှာ အမြင်မတူတဲ့အပေါ်မှာ သဘောထားကွဲလွဲကြရင်း တခါတခါ အဖုအ ထစ်လေးတွေ ဖြစ်ပေါ်တတ်ပါ တယ်။ဒါကြောင့် ဘယ်လိုအချက်လေးတွေက သူငယ်ချင်း၊မိတ်ဆွေ ဆက်ဆံရေး ကို ပြိုကွဲစေတတ်တယ်ဆိုတာ ကို ရှောင် ကြဉ်နိုင်ဖို့  ပြောပြပေးချင်ပါတယ်။
(၁)ချို့ယွင်းချက်ကို ပြစ်တင်ဝေဖန်
သူငယ်ချင်းရဲ့ အမှား၊ချို့ယွင်းချက်ကို ပြစ်တင်ဖေ၀န်တာ ဟာ နှစ်အကြာကြီး ခင်မင်လာတဲ့ သံယောဇဉ်ကို ပြတ်တောက်စေနိုင်တဲ့ ဆိုးရွားတဲ့ အပြုအမူ တစ်ခုပါ။သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊တခြားချို့ယွင်းချက်တစ်ခုကို ဖြစ်စေ ကြိမ်ဖန်များစွာ ပြစ်တင်ဝေဖန်တာဟာ နှစ်ဦးကြားဆက်ဆံရေးကို လုံး ၀ပြတ်တောက်သွားစေနိုင်တဲ့ အထိဆိုးရွားစေပါတယ်။
(၂)အမှန်အတိုင်းမပြောတာ
မိန်းကလေးတွေမှာဆိုရင်တော့ ယောက်ျားလေး၊ဆံပင်ပုံစံ၊ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်၊အ၀တ်အစားအစရှိတဲ့အရာတွေနဲ့ပတ်သက်ပြီး သူငယ်ချင်းထံကနေ အကြံဥာဏ်ကို တောင်းခံတတ်ကြပါတယ်။ဒီလိုတောင်းခံတယ် ဆိုတာကလည်း သင်ကသာ သူ့အကြောင်းကို ကောင်းကောင်းသိတဲ့လူလို့ သူ့စိတ်ထဲမှာယူဆ ထားလို့ပါ။ဒီလိုအကြံဥာဏ်တောင်းလာခဲ့ရင် သူကြိုက်၊မကြိုက်ဆိုတာထက် ပွင့်ပွင့်လင်းလင်းနဲ့ အမှန်အတိုင်းပြောပေးပါ။ရိုးသားမှု ဆိုတာ မိတ်ဆွေသူငယ် ချင်း ဆက်ဆံရေးမှာ အဓိကလိုအပ်တဲ့အရာတစ်ခုပါ။
(၃)အခွင့်အရေးယူလွန်းတာ
သူငယ်ချင်းအချင်းချင်း ပစ္စည်းတွေ မျှဝေသုံးတာမျိုးရှိတတ်ပါတယ်။ဒါဟာ သဘာဝပါ။ဒါပေမယ့်လည်း သူ့ဆီကနေ သင်ကအယူသာရှိပြီး၊အပြန်မရှိဘူးဆို ရင်တော့ သင်တို့ရဲ့မိတ်ဆွေဆက်ဆံရေးဟာ တဖြည်းဖြည်း ပြိုကွဲသွားနိုင်ပါ တယ်။သူငယ်ချင်းဆိုတာဟာ သူ့ပစ္စည်းတွေအကုန်လုံးငါငှားသုံးလို့ရတယ် ဆိုတဲ့ အဓိပ္ပါယ်မျိုးမဟုတ်ပါဘူး။အပေးမရှိပဲ အယူတွေပဲများနေရင်တော့ သူ့စိတ်ထဲမှာ သင်က သူ့ကိုခင်မင်တာထက် သူ့ပစ္စည်းတွေကို တပ်မက်နေတယ် လို့ တွေး လာပါလိမ့်မယ်။
(၄)သူစိတ်ဝင်စားနေတဲ့သူကို လုယူတာ
တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက်ချက်တွေ အပြန်အလှန်ဖလှယ်ကြရင်း သူစိတ်ဝင်စားနေတဲ့ လူအကြောင်းကို သင့်ကိုလည်းပြောပြထားမယ်။ဒီလိုအခြေ အနေမျိုးမှာမှ သူစိတ်ဝင်စားနေတဲ့သူကို သင်ကလုယူလိုက်မယ်ဆို ရင်တော့ သေချာပါတယ်။သင်တို့ရဲ့သူငယ်ချင်းဆက်ဆံရေးကတော့ အမှန်အ ကန်ဇာတ်သိမ်းသွားမှာပါ။
(၅)လျှို့ဝှက်ချက်ကို လျှောက်ဖွတာ
သင့်တစ်ယောက်တည်းကိုသာ ရင်ဖွင့်တဲ့ သူ့ရဲ့လျှို့ဝှက်ချက်တွေကို လူတကာ ကို ရည်ရွယ်ချက်ရှိရှိ(သို့)တမင်မရည်ရွယ်ပဲ လိုက်ဖွနေတာမျိုးဟာလည်း သူငယ်ချင်းဆက်ဆံရေးကို အဆုံးသတ်စေမှာပါ။စိတ်ချယုံကြည်လို့အတွင်းရေး အကြောင်းတွေကို ပြောပြလာရင် နားထောင်ပေးလိုက်ပါ။ဒါပေမယ့် နားထောင်ရုံ တင်အားမရပဲ တခြားလူတွေကိုပါ လျှောက်ဖွနေမယ်ဆိုရင်တော့ သင်တို့ရဲ့မိတ်ဆွေဆက်ဆံရေး ကြာရှည်မခံပဲ ပြိုကွဲသွားမှာပါ။
Sources; Shwemom
ထိုင်ဝမ်သမ္မတအား ခြေချခွင့်မပြုရန် အမေရိကန်အား တရုတ်က တိုက်တွန်း
ထိုင်ဝမ်သမ္မတအား ခြေချခွင့်မပြုရန် အမေရိကန်အား တရုတ်က တိုက်တွန်း
လာမည့်လတွင် ထိုင်ဝမ်သမ္မတ ထိုက်အန်ဝန်က လက်တင်အမေရိကသို့ အလည်အပတ်ခရီးသွားရောက်ရာ၌ အမေရိကန်မှ ခရီးထောက်နားကာ အကူးအပြောင်းလုပ်မည်ကို အမေရိကန်အနေဖြင့် ခွင့်မပြုရန် တရုတ်က တိုက်တွန်းလိုက်သည်။
အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်၏ လွတ်လပ်ရေးနှင့်ပတ်သက်ကာ မည်သည့် လုပ်ဆောင်ချက်မျိုးကိုမျှ မှားယွင်းပြုလုပ်လိမ့်မည် မဟုတ်ဟု မျှော်လင့်ပါကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ရိုက်တာသို့ ပေးပို့သည့် ထုတ်ပြန်ချက်၌ ဖော်ပြသည်။
လွတ်လပ်ရေးကို လိုလားလုပ်ဆောင်လာမည်ဟု တရုတ်က ကောက်ချက်ချထားသော ထိုင်ဝမ်သမ္မတ ထိုက်အန်ဝန်က ဟွန်ဒူရပ်စ်၊ နီကာရာဂွါ၊ ဂွါတီမာလာနှင့် အယ်ဆာဗာဒိုနိုင်ငံများသို့ သွားရောက်လည်ပတ်ရာတွင် အမေရိကန်မှ တစ်ဆင့် အကူးအပြောင်းလုပ်ရမည်ဖြစ်သည်။ ဇန်နဝါရီ ၇ ရက်က စတင်ပြီး ခရီးစဉ်ထွက်ခွာမည်ဖြစ်ကာ ဇန်နဝါရီ ၁၅ ရက်တွင် ထိုင်ဝမ်သို့   ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက်က သမ္မတရုံးက ထုတ်ပြန်သည်။
ထိုသို့ အမေရိကန်တွင် ခရီးထောက်ကာ သွားရောက်လည်ပတ်ခြင်းက တရုတ်အတွက် လက်သင့်မခံစရာဖြစ်ကာ ထိုင်ဝမ်သမ္မတ၏ ခရီးတစ်ထောက်နားခြင်းကို ခွင့်မပြုရန် အမေရိကန်ကို တိုက်တွန်းလိုက်ခြင်းလည်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်အား ၎င်းပိုင်ပြည်နယ်တစ်ခုအဖြစ်သာ ရှုမြင်ထားခြင်းဖြစ်သည်။ အမေရိကန်အနေဖြင့်လည်း ၁၉၇၉ ခုနှစ်မှစကာ တရုတ်၏ One China မူဝါဒကို အသိအမှတ်ပြုကာ ထိုင်ဝမ်အား တရုတ်ပိုင် အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်ဆံခဲ့ခြင်းဖြစ်သည်။
Sources; Mizzima
သင့်အလုပ်ရှင်ကို လုံးဝမပြောသင့်တဲ့ စကား (၉) ခွန်း
သင့်အလုပ်ရှင်ကို လုံးဝမပြောသင့်တဲ့ စကား (၉) ခွန်း
သင့်ရဲ့အလုပ်ရှင်နဲ့ စကားပြောတဲ့အခါ အမှားအယွင်းပါပြီး သင့်ရဲ့အသက်မွေးဝမ်းကျောင်းကို ထိခိုက်တာမျိုး မဖြစ်ရလေအောင် အလုပ်သဘောဆန်ဆန် စကားအသုံး အနှုန်းမျိုးကိုသာ ရွေးချယ်ပါ။ အထူးသဖြင့် ဒီစကားကိုးခွန်းကို ဘယ်တော့မှ မပြောမိအောင် ရှောင်ကြဉ်ပါ။
(၁) အချိန်မရှိဘူး
သင့်ကို တစ်ခုခုလုပ်ဖို့ တာဝန်ပေးလာတဲ့အခါ လုပ်ဖို့ အချိန်မရှိဘူးလို့ ဘယ်တော့မှ မပြောမိပါစေနဲ့။ လက်ထဲမှာ အလုပ်တွေ သိပ်များနေတယ် ဆိုရင်တောင် အဲဒီလိုပြောမယ့်အစား ဘယ်ဟာကို အရင်ဦးစားပေး လုပ်သင့်သလဲလို့သာ ပြန်မေးပါ။
(၂) အဲဒါသူလုပ်တာ၊ သူ့အပြစ်
တစ်ယောက်နဲ့ တစ်ယောက် လှည့်ပတ်အပြစ်တင်နေတာဟာ ကလေးဆန်တဲ့ အကျင့်တစ်ခုပါ။ အမှားအယွင်းတစ်ခု ဖြစ်တဲ့အခါ သင်လုပ်တာ မဟုတ်ဘူးဆိုရင် လုပ်ဖော်ကိုင်ဖက်ကို လက်ညှိုးထိုးမယ့်အစား သင့်အပြစ် မဟုတ်ကြောင်းကိုသာ ရှင်းပြပါ။
(၃) အလုပ်သစ် ရှာနေတာ
ဝန်ထမ်းတွေအနေနဲ့ တခြားအလုပ်တစ်ခုကို ပြောင်းဖို့ ကြိုးစားနေနိုင်တယ်ဆိုတာ ဘယ်အလုပ်ရှင်မဆို သတိပြုမိတာချည်းပါပဲ။ ဒါပေမဲ့ သင်အလုပ်ရှာနေတယ့် အကြောင်းကိုတော့ ဘယ်တော့မှ သွားမပြောမိပါစေနဲ့။ ဒါဟာ သူ့ကိုစော်ကားရာ ရောက်ပါတယ်။
(၄) ဒါဘယ်လိုလုပ်ရမလဲ မသိဘူး
သင်မသိတာ တစ်ခုခုကို သင့်အလုပ်ရှင်က တာဝန်ပေးတဲ့အခါ ဘုမသိဘမသိ အမူအရာမျိုး စကားမျိုးတွေ မပြမိ မပြောမိပါစေနဲ့။ မလုပ်တတ်ဘူးလို့ ပြောမယ့်အစား ဘယ်လိုလုပ်သင့်သလဲလို့ တစ်ယောက်ယောက်ဆီက အကြံတောင်းကြည့်ပါ။
(၅) ပိုက်ဆံပြတ်နေလို့ လခတိုးပေးပါ
လခတိုးမတောင်းရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သင်လခတိုးလိုချင်ရတဲ့ အကြောင်းပြချက်က ပိုက်ဆံပြတ်နေတာကြောင့် ဆိုတာတော့ မဖြစ်ပါစေနဲ့။ သင်က အလုပ်ပိုလုပ်ရလို့ ဒါမှမဟုတ် အရည်အသွေး တက်လာလို့ စတဲ့ လုပ်ငန်းစွမ်းဆောင်ရည်နဲ့ဆိုင်တဲ့ အကြောင်းပြချက်မျိုးကိုသာ ပေးပါ။
(၆) အရင်အလုပ်ရှင်ဆို ဒီလိုမလုပ်ဘူး
သင့်နေရာမှာ လုပ်ခဲ့တဲ့ အရင်လူနဲ့ သင့်ကိုနှိုင်းယှဉ်ပြောတာကို သင်မကြိုက်သလိုပဲ သင့်အလုပ်ရှင်ကိုလည်း တခြားသူနဲ့ နှိုင်းယှဉ်မပြောမိအောင် သတိပြုပါ။
(၇) ဒီနေ့ အလုပ်နည်းလို့ စောစောပြန်တော့မယ်
သင့်မှာ အကြောင်းတစ်ခုခု ရှိလို့ ပြန်ဖို့ခွင့်တောင်းတာ ကိစ္စမရှိပါပေမယ့် အလုပ်နည်းလို့ ပြန်မယ်ဆိုတဲ့ အကြောင်းပြချက်ကို အလုပ်ရှင်တွေက သဘောမကျတတ်ပါဘူး။ အလုပ်နည်းတယ်ဆိုရင် တစ်ခုခု ရှာကြံလုပ်နေတာမျိုးကိုသာ သူတို့က ဖြစ်စေချင်တာပါ။
(၈) ပျင်းလိုက်တာ
ဝန်ထမ်းတစ်ယောက်ရဲ့ လခဟာ အလုပ်လုပ်ဖို့အပြင် တက်ကြွဖို့လည်း ပါတဲ့အတွက် ပျင်းတယ်လို့ ပြောမယ့်အစား တာဝန်သစ်တစ်ခု ပေးဖို့သာ အလုပ်ရှင်ကို ပြောပါ။
(၉) အရက်နာကျနေလို့
သင့်အလုပ်ရှင်နဲ့ သင်က ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးရှိတဲ့အခါ ဘာမဆို ပြောလို့ရတယ်လို့ သင်ထင်မိမှာပါပဲ။ တကယ်က မရပါဘူး။ သင်အလုပ်နောက်ကျတဲ့အခါ ဘာကြောင့်နောက်ကျတာလဲလို့ မေးရင် အရက်နာကျနေလို့ ဆိုတဲ့ အကြောင်းပြချက်မျိုး ဘယ်တော့မှ မပေးပါနဲ့။
Sources : rd.com : the voice
ကျိုက်ထီးရိုးဘုရား
ကျိုက်ထီးရိုးဘုရား
မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင်
တည်ထားကိုးကွယ်တော်မူသော ကျိုက်ထီးရိုးစေတီတော်
စေတီတော် တည်ထားပုံ
ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမတောင်တန်း
အပါအဝင်ဖြစ်သော ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိ၍မြန်မာနိုင်ငံတွင် တန်ခိုးကြီးသော စေတီတစ်ဆူဖြစ်သည်။
ကျိုက်ထီးရိုးစေတီကို အစွဲပြု၍ စေတီတော်တီရှိရာတောင်ကို ကျိုက်ထီးရိုးတောင်ဟုခေါ်ကြသည်။ ကျိုက်ထီးရိုးစေတီ တည်ရှိရာတောင်ထွက်မှ ပင်လယ်ပြင်ရေအမြင့်ပေ ၃၆၀၀ ခန့်မြင့်သည်။
ကျိုက်ထီးရိုးစေတီတော် တည်နေပုံမှာ အံ့အားသင့်ဖွယ်ကောင်းလှသည်။
ကြီးမား၍ မတ်စောက်သော ကျောက်ဆောင်တစ်ခု၏ အစွန်းတွင်
လုံးပတ်ပေ ၅၀ ခန့်ရှိသော ဦးခေါင်းပုံသဏ္ဌာန် ကျောက်လုံးကြီးတစ်ခုက
 ပြုတ်လုတည်းကားတင်၍ နေသည်။
ထိုကျောက်တုံးကြီးပေါ်တွင်မှ ဉာဏ်တော် ၁၀ ပေခန့် မြင့်သော စေတီတော်
 တည်ထားသည်။ စေတီတော် တည်ရှိရာ ကျောက်ဆောင်နှင့် ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေသောကြောင့် သံတံတားငယ်ဖြင့် ဆက်သွယ်ထားရသည်။ စေတီတော်တည်ထားရာ ကျောက်တုံးကြီးသည် လူတစ်ယောက် တွန်းရုံမျှဖြင့် လှုပ်ရှား၏။
 ထိုကျောက်တုံးကို တွန်း၍ အောက်ခံကျောက်အကြားသို့ အပ်ချည်ကြိုးကို
သွင်းပြီးလျှင် ဆွဲယူနိုင်သည်။ ကျိုက်ထီးရိုးဘုရားသမိုင်းမှာ မူအမျိုးမျိုး ကွဲလျက်ရှိသည်။ စစ်ကဲကြီး ဦးရွှေနော် ရေးသားသော မွန်ရာဇဝင်နှင့် စေတီတော်
သမိုင်းပေါင်းချုပ်အရ ဖော်ပြပေးပါမည်။
သမိုင်း
မြတ်စွာဘုရားသခင်သည် မဟာသက္ကရာဇ် ၁၁၁ ခုနှစ်ဆောင်းဥတုတွင်
သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ကြွချီတော်မူခဲ့ရာ၊ သထုံဘုရင်
တိဿဓမ္မ သီဟရာဇာမင်းနှင့် မှူးမတ်ပြည်သူအပေါင်းတို့က စံကျောင်းတော်
မဏ္ဍပ်ကြီးကို ဆောက်လုပ်လှူဒါန်းကြသည်။ ဘုရားသခင်သည် ထိုမင်္ဂလာမဏ္ဍပ်တော်၌ ၇ ရက်တိုင်တိုင် စံနေတော်မူစဉ် များစွာသော
 ဝေနေယျသတ္တဝါတို့အား တရားတော် အမြိုက်ဆေး တိုက်ကျွေးတော်မူသည်။
ထိုအခါ ဂစ္ဆဂိရိ တောင်က တိဿကုမာရ ရသေ့၊ ဗန္ဓဝဂိရိ တောင်က သီဟကုမာရ ရသေ့၊ ကုသိနာရုံတောင်က ရသေ့၊ ဒိုးကမော့ခတွံဂလိုင်းတောင်က
ဗုဒ္ဓဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့၊ မဲလံတောင်က ရသေ့၊ ပေါင်း
ရသေ့ ၆ပါးတို့သည် မြတ်စွာဘုရားအား ဖူးမြော်ကန်တော့ကြပြီးနောက်
ဓါတ်တော် မွေတော်များ ချီးမြှင့်မစရန်၊ လျှောက်ထားတောင်းပန်ကြသဖြင့်
ရသေ့တစ်ပါလျှင် ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့လေသည်။
 နောက်နေ့ရက်များမကြာမီ မွတ်လအိတောင်က ကပ္ပရသေ့၊ မွတ်လအပ်တောင်က နာဒရ ရသေ့၊ ဝါဂရုနယ် လမိုင်း ကေလာသတောင်က ရသေ့၊ ကျိုက္ကမီတောင်က ရသေ့၊ ကော့ယက္ခဇုပ်သွတ် ကျွန်းက ဘီလူးညီနောင် ၂ယောက်၊ ဒိုးယွန်းတောင်က ရသေ့၊ ဆောင်ခဲတောင်က အလ္လကပ္ပရသေ့၊ ပေါင်းပုဂ္ဂိုလ် ၇ ဦးတို့ အဖူးအမြော်ရောက်ကြသဖြင့် အထက်အနည်းတူ ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့သည်။
 တိဿဓမ္မသီဟရာဇာမင်းအားလည်း ဆံတော် ၂ဆူ ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။ ဒိုးကမော့ခလွံဂလိုင်းတောင်က ဗုဒ္ဓဉာဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့နှင့် ကုသိနာရုံတောင်က ရသေ့တို့သည် မိမိတို့ရရှိထားသော ဆံတော်ဓာတ်များကို ဌာပနာခြင်းမပြုကြပဲ သိမ်းဆည်းထားကြသည်။
ကာလအတန်ကြာလတ်သော် ဒိုးခလွန်ရသေ့နှင့် ကုသိနာရုံရသေ့တို့မှာ အိုမင်းမစွမ်းရှိကြသည့်အပြင် အာနရောဂါစွဲကပ်လာသည်နှင့် မကွယ်လွန်မီ မိမိတို့ရရှိထားသော ဆံတော်များကို ဗုဒ္ဓါဏရသေ့အား ပေးအပ်ခဲ့လေသည်။
 ဗုဒ္ဓါဏရသေ့သည် ဆံတော်ဓာတ် ၃ဆူကို မပျောက်မပျက်ရအောင် မိမိ၏
 ဆံကျစ်အတွင်း၌ စည်းနှောင်ထားလေ၏။ နောင်နှစ်ကာလ
အတန်ကြာလတ်သော် အနာရောဂါနှိပ်စက်သဖြင့် ရသေ့ကြီးသည်
အကယ်၍ မိမိကွယ်လွန်သွားခဲ့သော် ဆံတော်ဓာတ် ၃ဆူကို မည်သို့
မည်ပုံထားခဲ့ရမည်နည်းဟု တွေးတောပူပန်ခြင်း ဖြစ်မိလေသည်။
ထိုအခါ သိကြားမင်းသည် လူ့ပြည်ဆင်း၍ ရသေ့ကြီး၏ ဆန္ဒအတိုင်း ရသေ့ကြီးဦးခေါင်းနှင့် တူသော ကျောက်တုံးကို ရှာဖွေကာ ကျောက်တုံးထဲကို
သန်လျက်နှင့် ထွင်း၍ ဆံတော်တစ်ဆူကို ဌာပနာခဲ့လေသည်။
ထိုသို့ ကျောက်တုံးပေါ်တွင် တည်ထားခဲ့သော စေတီတော်ကို မွန်ဘာသာဖြင့် ကျိုက်အိသိရိုး၊ မြန်မာဘာသာဖြင့် ရသေ့ရွက်သော ဘုရားဟုခေါ်၏။
 နောင်ကာလကြာလတ်သော် ကျိုက်အိသိရိုးမှ ကျိုက်ထီးရိုးဟု စကားရွေ့လျောလာလေသည်။
ကျန်ဆံတော် ၂ဆူကိုလည်း သိကြားမင်းက ဒိုးခလွန်တောင်နှင့်
ကုသိနာရုံတောင်များတွင် အသီးသီးဌာပနာပေးခဲ့ကြောင်းကို
သမိုင်းများတွင် ဆိုသည်။ ထိုစေတီတော်များမှာ ကေလာသနှင့်
ကုသိနာရုံဟု ထင်ရှားသည်။
ယနေ့ခေတ်အမြင်
ကျိုက်ထီးရို ရင်ပြင်တော်မှ မြင်ရသော ရှုမျှော်ခင်းမှာ အလွန်သာယာသည်။
အနောက်ဘက်သို့ မျှော်ကြည့်လျှင် စစ်တောင်းမြစ်ကို ကျော်လွန်၍ ပဲခူးရွှေမော်ဓော စေတီတော်ကို ဖူးမြင်နိုင်သည်။ ကျိုက်ထီးရိုးစေတီတော်သို့ တက်ရန် လမ်း ၂သွယ် ရှိသည်။ တစ်သွယ်မှာ စစ်တောင်းရွာမှ တက်ရသော လမ်းဖြစ်၍ ကျန်တစ်သွယ်မှာ ကျိုက်ထိုမြို့မှ မော်တော်ကားဖြင့် ၉မိုင်ခန့် ဝေးသော ကင်မွန်းစခန်းမှ တက်ရသော လမ်းဖြစ်သည်။
ဒုတိယလမ်းမှာ ယနေ့ခေတ် ဘုရားဖူးများ အသုံးပြုသော လမ်းဖြစ်သည်။
ကင်မွန်းစခန်းမှ ကျိုက်ထီးရိုးရင်ပြင်တော်အထိ ၇ မိုင်ခွဲခန့်ရှိ၍ စခန်းပေါင်း
၂၇ စခန်းကို ဖြတ်ကျော်သွားရသည်။
ယခုအခါ ကျိုက်ထိုမြို့နယ်သို့ လာရောက်ရန်မှာ ရထားလမ်း၊ ကားလမ်းများ
ရှိနေပြီ ဖြစ်သည်ကတစ်ကြောင်း၊ တောင်တက်ရန်အတွက် စောင့်ဆိုင်းရန်
မလိုခြင်းကတစ်ကြောင်း စသည်တို့ကြောင့် လူပရိတ်သတ်မှာ ယခင်ထက်ပင် စည်ကားလေသည်။
နံနက်ပိုင်းချိန် ကျိုက်ထီးရိုးစေတီတော်နှင့် တောင်ပေါ်ရှူခင်း ကရိုးအီ
မသွားနိုင်ဘဲ ညနေစောင်းချိန် ကျိုက်ထီးရိုးစေတီတော် နှင့် ညပိုင်းရှူခင်း က
တစ်မျိုးတစ်ဖုံလှနေပါသည်။
ကျိုက်ထီးရိုးဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလမှ တန်ခူးလအထိဖြစ်သည်။
 ပွဲတော်အချိန်၌ မြန်မာနိုင်ငံအရပ်ရပ်မှ ထောင်သောင်းမကသော
ဘုရားဖူးများ လာရောက်ကြသည်။ ယနေ့ခေတ်တွင် နိုင်ငံတစ်ကာမှ
ကမ္ဘာလှည့်ခရီးသည်များပါ လာရောက်ကြသဖြင့် ယခင်ကထက် များစွာစည်ကားလေသည်။
ဘုရားသို တက်ရာလမ်းတစ်လျောက်တွင် ဘုရားဖူးများနားနေ
တည်းခိုရန်အတွက် ရေမြောင်လေး၊ ရွှေရင်ဆို့၊ ကင်ပြွမ်းပင်၊ ရေမြောင်ကြီး၊
ဘိုးပြန်တောင်၊ စိုင်တစ်မော့အစရှိသော စခန်းများ၌ ဈေးဆိုင်ကန္နားများ ရှိလေသည်။
ကင်မွန်းစခန်း၌ ဘိုးဘိုးကြီးနတ်နှင့် ဟုံးနတ်စင်များရှိ၍ လမ်းခရီးတွင်
 မျှော်တော်ယောင်စေတီ၊ လွမ်းစေတီ၊ ကျောက်သမ္ဗာန် စသော
 စေတီငယ်များနှင့် ရွှေနန်းကျင်နတ်၊ ပန်းတင်နတ် စသော နတ်ကွန်းများကို တွေ့နိုင်ပေသည်။ ဘုရားဖူးများသည် နေနေနားနား တက်ရောက်လေ့ရှိသည်။
အသက်အရွယ်ကြီးရင့်သူများနှင့် အိုမင်းမစွမ်းသူများတို့သည် အထမ်းပုခက်များစီး၍ တက်လေ့ရှိသည်။ ယနေ့ခေတ်တွင်မူ တောင်တက်ကားများဖြင့် နေ့ချင်းပြန် သွားရောက်ဖူးမျှော်နိုင်ကြပေပြီးဖြစ်သည်။
ဘုရားဖူးများသည် ကျိုက်ထီးရိုးဘုရားမှ တစ်ဆင့် မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရား၊ နဂါးဘုရားများကို ဖြတ်၍ ၄ မိုင်ခန့်ဝေးသော ကျောက်ထပ်ကြီးဘုရားသို့လည်း သွားရောက်ဖူးမြှော် ဆုတောင်လေ့ရှိကြသည်။
ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ပေါ်ရှိ ဘိုးဘိုးကြီး နတ်ရုပ်နှင့် ကျိုက်ထီးရိုးဘုရား မြောက်ဘက်ရှိ ကျီးကန်းပါးစပ်ခေါ် ကျောက်ဂူနေရာတို့မှာ ဘုရားဖူးများ ဆုတောင်း အဓိဌာန်ပြု၍ အမွှေးနံ့သာ ပက်ဖြန်းခြင်း၊ ပိုက်ဆံပစ်ထည့်ခြင်းများ ပြုလုပ်သော နေရာဖြစ်သည်။
Tin Maung Hlaing
ပုသိမ်မြို့တွင် လောင်းကစားဒိုင်အဖွဲ့အား Laptop (၅ ) လုံး ငွေ (၁၂) သိန်းကျော်ဖြင့် ဖမ်းဆီးရမိ
ပုသိမ်မြို့တွင် လောင်းကစားဒိုင်အဖွဲ့အား Laptop (၅ ) လုံး
ငွေ (၁၂) သိန်းကျော်ဖြင့် ဖမ်းဆီးရမိ
ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်းဧ်
လမ်းညွန်ချက်အရ ဒုတိယ (၆) လ မှုခင်းဖော်ထုတ်ဖမ်းဆီး ရေးအတွက် ပြည်သူများဧ် သတင်းပေးချက်အရ (၃၀.၁၂.၁၆) ရက်နေ့ (၁၂၀၀) အချိန် ရဲအုပ် ဇော်မင်းထွန်းနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ တိုင်း ဦး ၁ ဌာနမှ ဒုရဲမှူး မြင့်အောင်ပါ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပုသိမ်မြို့ အမှတ် (၁) ရပ်ကွက် ကမ်းနားလမ်း အိမ်အမှတ် (၇၅၅) နေ မင်းနိုင် နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အပေါ် ထပ် အိပ်ခန်းအတွင်းတွင် မင်းနိုင် ကောင်းထက် ဇင်ထက်လှိုင် နန်တင်ရီတို့အား 2D/3D Software များထည့်ထားသော Laptop (၅) လုံးနှင့် ဆက်စပ်ပစ္စည်းများ ဖုန်းမျိုးစုံ (၆) လုံးနှင့် ငွေ ၁၂၈၈၀၀၀ ကျပ်တို့နှင့်အတူ လောင်းကစားပြုလုပ် နေစဉ် ဖမ်းဆီးရမိခဲ့ သဖြင့် ဥပဒေအရ အမှုဖွင့် အရေးယူထားရှိခဲ့
အမှုမှ ကွင်းဆက်များ ထပ်မံစစ်ဆေးဆောင်ရွက်နေလျက်
ရှိပါကြောင်း ပုသိမ်သူ/သား များအား သိစေအပ်ပါသည်
ကျေးဇူးတင်ပါသည်
Sources သတင်း ဓာတ်ပုံ ; Ko Zaw Min Tun
အချိန်တစ်လမကြာမီ အသားအရေ ကြည်လင်တောက်ပ လာစေမည့်နည်း ၂၈ သွယ်
အချိန်တစ်လမကြာမီ အသားအရေ ကြည်လင်တောက်ပ လာစေမည့်နည်း ၂၈ သွယ်
အသားအရေဆိုတာ ညတွင်းချင်း ပြောင်းလဲမသွားပါဘူး။ အသားအရေကြည်လင်လှပမှုမရှိလို့ ဆိုပြီးလည်း စိတ်ဓာတ်မကျပါနဲ့။ အသားအရေ ကြည်လင်တောက်ပလာစေဖို့အတွက် နေ့တိုင်း နည်းနည်းချင်း ပြောင်းလဲ ထိန်းသိမ်းမှုတွေ လုပ်ပေးဖို့လိုပါတယ်။ အောက်ပါနည်းလမ်းတွေကို တစ်ရက်မှာ အနည်းဆုံးတစ်နည်း ကျင့်သုံးလိုက်နာမယ်ဆိုရင် အသားအရေက ရက် ၃၀ မတိုင်ခင် သိသိသာသာ ကြည်လင်လှပလာမှာ ဖြစ်ပါတယ်။
(၁) အရေပြားအထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ
အသားအရေ ကြည်လင်ဝင်းပလိုသူတွေ လုပ်သင့်တဲ့နည်းပါ။ ဒါပေမယ့် လူအများစုက ဒီနည်းလမ်းကို မေ့လျော့နေတတ်ပါတယ်။ အရေပြား အထူးကုဆရာဝန်က သင့်အသားအရေ အပြစ်အနာအဆာတွေကို ပြုပြင်ကုသပေးမှာဖြစ်သလို နောက်ထပ်အရေပြားပြဿနာတွေ မဖြစ်စေဖို့နဲ့ အသားအရေကြည်လင်လှပနေစေဖို့ရာအတွက် သင့်တော်တဲ့ အကြံဥာဏ်တွေကို ပေးမှာဖြစ်ပါတယ်။ အရေပြားအထူးကု ဆရာဝန်ဆီကို သွားပြတာက သင့်အသားအရေ အလှအပအတွက် လုပ်သင့်တဲ့ နည်းလမ်းကောင်း ဖြစ်ပါတယ်။
(၂) အယ်ကိုဟောသုတ်ထားသည့် ဂွမ်းစဖြင့် ဖုန်းကို သန့်စင်ပါ
ဒီနေ့ခေတ် လူအများစုဟာ ဖုန်းကို အချိန်အများကြီးပေးပြီး ပြောတတ်ကြပေမယ့် ဖုန်းကိုတော့ ပုံမှန်သန့်ရှင်းစင်ကြယ်မှု မလုပ်ဖြစ်ကြပါဘူး။ ဒါကြေင့် ညစ်ပတ်နေတဲ့ ဖုန်းနဲ့ ပြောတဲ့အခါ မျက်နှာအသားအရေကို ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ ဖုန်းကြောင့် အသားအရေ အပြစ်အနာအဆာ မဖြစ်လွယ်စေဖို့ အရက်ပြန်ဆွတ်ထားတဲ့ ဂွမ်းစနဲ့ ဖုန်းမျက်နှာပြင်ကို မကြာခဏ သန့်စင်ပေးပါ။
(၃) ခေါင်းလျှော်ပြီးမှ မျက်နှာသစ်ပါ
ရေချိုးခေါင်းလျှော်ရင်း မျက်နှာသစ်မယ်ဆိုရင် အရင်ဆုံး ခေါင်းလျှော်လိုက်ပါ။ ပြီးမှ မျက်နှာသန့်စင်ဆေး လိမ်းပြီး မျက်နှာသစ်လိုက်ပါ။ ဒိနည်းလမ်းဟာ မျက်နှာအရေပြားပေါ်မှာ ရှမ်ပူနဲ့ ကွန်ဒီရှင်နာ အကြွင်းအကျန်တွေ မကပ်ငြိစေတဲ့နည်းဖြစ်ပါတယ်။ မျက်နှာ အရေပြား ပေါ် ရှမ်ပူနဲ့ ကွန်ဒီရှင်နာတွေ ကပ်ငြိနေရင် အသားအရေကို စပ်ဖျဉ်းဖျဉ်း ဖြစ်စေနိုင်ပါတယ်။
(၄) လုပ်နေကျအကျင့်တစ်ခုရှောင်ရှားပါ
မျက်နှာပေါ် လက်ချောင်းနဲ့ လက်တွေတင်ပြီး ပွတ်သပ်တတ်တဲ့ အကျင့်ဆိုးကို ရှောင်ပါ။ သင့်လက်ပေါ်က ဘက်တီးရီးယားတွေကြောင့် အသားအရေ အပြစ်အနာအဆာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် မဆေးကြောရသေးတဲ့ သင့်လက်တွေနဲ့ မျက်နှာပေါ် မအုပ်မိပါစေနဲ့။
(၅) ဆလီးစလစ်အက်စစ်ပါသော မျက်နှာသန့်စင်ဆေးသုံးပါ
အသားအရေကြည်လင်စေမယ့် မျက်နှာသန့်စင်ဆေးအမျိုးအစားကို ရွေးချယ်အသုံးပြုမယ် ဆိုရင် ဆလီးဆလစ်အက်စစ်ပါဝင်တဲ့ သန့်စင်ဆေးကို ရွေးချယ်သုံးစွဲပါ။ ဆလီးစလစ် အက်စစ်က မျက်နှာအရေပြား ဆဲလ်သေတွေကို ကြွေကျစေပြီး ချွေးပေါက်ကျယ်တာကို သိသိသာသာ လျော့ကျစေပါတယ်။
(၆) နူးညံ့သော မျက်နှာသုတ်ပ၀ါဖြင့် အရေပြားကို ခြောက်သွေ့အောင်သန့်စင်ပါ
မျက်နှာသစ်ပြီးတဲ့အခါ မျက်နှာကို နူးညံ့တဲ့ မျက်နှာသစ်ပုဝါနဲ့ ခြောက်အောင် သုတ်ပေးပါ။ တချို့ မျက်နှာသုတ်ပုဝါတွေက ကြမ်းတမ်းပြီး အသားအရေကို သေးငယ်တဲ့ပြတ်ရှ ထိခိုက်ရာ တွေ ဖြစ်စေနိုင်သလို အရေပြားထဲကို ဘက်တီးရီးယားပိုးတွေ ၀င်လွယ်စေပါတယ်။
(၇) အပြစ်အနာအဆာများကို ဖုံးအုပ်ပါ
နေ့ဘက်အတွင်း သင့်မျက်နှာပေါ်က အပြစ်အနာအဆာတွေကို ဖုံးအုပ်ထားရင် သင့်ကို အလှမပျက ကြည့်ကောင်းစေပါတယ်။ သင့်မျက်နှာအပြစ်အနာအဆာတွေကို ဖုံးအုပ်နိုင်တဲ့ မိတ်ကပ်အမျိုးအစားကို စနစ်တကျ ရွေးချယ်တတ်ရင် ၀က်ခြံအဖုအပိမ့်တွေကိုပါ အနာကျက်
စေနိုင်ပါတယ်။
(၈) နေ့ဘက်တွင် ရက်တီနောအလှကုန်ကို ထိန်းချုပ်သုံးပါ
နေ့ဘက်မှာ နေရောင်ခြည်ကြောင့် ရက်တီနောအလှကုန်တွေရဲ့ အာနိသင် ပျက်ပြယ်မှု ဖြစ်တတ်တဲ့အတွက် နေ့ဘက်မှာ ထိန်းချုပ်အသုံးပြုပါ။
(၉) သကြားရှောင်ပါ
နေ့စဉ် သင် စားသောက်နေကျ အစာထဲမှာ သကြားကို တတ်နိုင်သမျှ ရှောင်ပါ။ အများစုအနေနဲ့ သကြားကို ရှောင်တဲ့အတွက် မျက်နှာအသားအရေ ချက်ချင်းကြည်လင် လာတာကို တွေ့ရတတ်ပါတယ်။
(၁၀) တစ်လတစ်ကြိမ်ကြီးမားသော ၀က်ခြံဖုပေါက်နေလျှင် ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်
တစ်လတစ်ကြိမ်ကြီးမားသော ၀က်ခြံဖုက မေးရိုးနေရာတစ်ဝိုက်ပေါက်နေရင် ဟော်မုန်း အပြောင်းအလဲကြောင့် ဖြစ်နိုင်ပါတယ်။ လစဉ်ရာသီလာခါနီးမှာ ဆားကဲတဲ့ အစားအသောက် တွေကို လျှော့စားပါ။ ရေများများသောက်ပြီး အိပ်ရေး၀၀ အိပ်စက်အနားယူပေးပါ။
(၁၁) မျက်နှာလိမ်းဆီဖြင့် အစိုဓာတ်ထိန်းပါ
မျက်နှာအသားအရေ စိုပြည်အောင် ထိန်းသိမ်းနေချိန်မှာ အဆီတစ်မျိုးမျိုး(ဥပမာ- သံလွင်ဆီ၊ ဗက်ဆလင်းအလှဆီ)ကို လိမ်းတာအကောင်းဆုံးပါ။ ဒါမှသာ ဆီကြည်အပိုတွေ မထွက်ရှိစေဘဲ အသားအရေ စိုပြည်နူးညံ့နေမှာ ဖြစ်ပါတယ်။
(၁၂) မိတ်ကပ်ဘရပ်ရှ်များကို တစ်ပတ်တစ်ကြိမ် ဆေးကြောပါ
မိတ်ကပ်ဘရပ်ရှ်များကို ဆေးကြောသန့်စင်ဖို့ မေ့လျော့နေပါသလား။ မိတ်ကပ်ဘရပ်ရှ်တွေမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားပိုးတွေက သင့်မျက်နှာပေါ်မှာ ကပ်ငြိရင်း အဖုအပိမ့်တွေ ဖြစ်ပေါ် လာတတ်ပါတယ်။ ဒါကြောင့် တစ်ပတ်မှာ အနည်းဆုံးတစ်ကြိမ် မိတ်ကပ်ဘရပ်ရှ်တွေကို သန့်စင်ပေးသင့်ပါတယ်။
(၁၃) မျက်နှာသစ်ပြီးတိုင်း တိုနာလိမ်းပါ
မျက်နှာသစ်ပြီးတဲ့အခါ အရေပြားပေါ်က သဘာဝအဆီတွေ ကင်းစင်မသွားစေဖို့နဲ့ ချွေးပေါက် ကျဉ်းကာ သန့်ရှင်းစင်ကြယ်နေစေဖို့ တိုနာလိမ်းသင့်ပါတယ်။
(၁၄) စိမ်းစိုသော အသီးအနှံများထည့်စားပါ
အသားအရေ ကြည်လင်သန့်စင်စေဖို့ရာအတွက် နေ့စဉ်စားသောက်တဲ့ အစာထဲမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေကို ထည့်စဉ်းစားပေးရပါမယ်။
(၁၅) တစ်ပတ်တစ်ကြိမ် ခေါင်းအုံးစွပ်လျှော်ဖွတ်ပါ
တစ်ပတ်မှာ တစ်ကြိမ်ခန့် ခေါင်းအုံးစွပ်နဲ့ အိပ်ရာခင်းကိုလျှော်ဖွတ်ပေးပါ။ ခေါင်းအုံးစွပ်နဲ့ အိပ်ရာခင်းမှာ ဘက်တီးရီးယားပိုးတွေ ကပ်ငြိနေရင် သင့်မျက်နှာအသားအရေကို အပြစ် အနာအဆာ ထင်လွယ်စေနိုင်ပါတယ်။
(၁၆) အရေပြားနီမြန်းမှုကိုလျှော့ချပါ
အရေပြားနီမြန်းမှုဖြစ်နေရင် ရေခဲတုံးကပ်တဲ့နည်း ဒါမှမဟုတ် ရေခဲရေဖျန်းတဲ့နည်းနဲ့ အရေပြား နီမြန်းမှုကို လျှော့ချပါ။ နီမြန်းနေတဲ့ ၀က်ခြံအဖုတွေပေါ် ရေခဲကပ်ပေးပါ။
(၁၇) ဆံစပ်တစ်လျှောက် အဖုအပိမ့်ပေါက်လျှင် ရှမ်ပူပြောင်းသုံးပါ
ဆံစပ်နဲ့ ဆံပင် ထိတွေ့နေတဲ့ အရေပြားပေါ်မှာ အဖုအပိမ့်တွေ ပေါက်နေရင် ခေါင်းလျှော်ရည်နဲ့ ဓာတ်မတည့်တာကြောင့် ဖြစ်နိုင်တဲ့အတွက် တခြားဖော်မြူလာနဲ့ လုပ်ထားတဲ့ ခေါင်းလျှော်ရည်ကို ပြောင်းသုံးပါ။
(၁၈) မျက်နှာအသားအရေကို ကြေးချွတ်ပါ
တစ်လမှာ အနည်းဆုံး တစ်ကြိမ်ခန့် မျက်နှာအသားအရေကို ကြေးချွတ်ပေးပါ။ ရှောက်သီး၊ သံပရာသီး၊ ရှလကာရည်အစရှိတဲ့ ကြေးချွတ်ပစ္စည်းတွေ သုံးပြီး မျက်နှာ အသားအရေကို သန့်စင်အောင် ကြေးချွတ်ပေးနိုင်ပါတယ်။
(၁၉) အက်စ်ပရင်နှင့်ပေါင်းတင်ပါ
ဝက်ခြံအဖုအကြီးတွေ ပေါက်နေရင် အက်စ်ပရင် ၅-၈ပြားကို ကြိတ်ခြေပြီး ရေနဲ့ ဆေးပျစ်အောင် ဖျော်ကာ ၀က်ခြံအဖုအပိမ့်တွေပေါ်မှာ သုတ်လိမ်းပေးပါ။ တစ်ညတာအတွင်း အဖုအရွယ်အစား သိသိသာသာ လျော့ပါးသက်သာသွားပါလိမ့်မယ်။
(၂၀) ချွေးပေါက်များကို သန့်စင်ပါ
ချွေးပေါက်ထဲမှာ ဖုန်မှုန့်၊ မိတ်ကပ်အကြွင်းအကျန် အစရှိတဲ့ အညစ်အကြေးတွေ ပိတ်ဆို့နေနိင် တာကြောင့် တစ်ပတ်မှာ နှစ်ကြိမ်ခန့် သန့်စင်ဆေးကြောပေးသင့်ပါတယ်။
(၂၁) ရာသီတိုင်း နေကာခရင်မ်လိမ်းပါ
နွေရာသီမှာတင်မက ဆောင်းတွင်းကာလနဲ့ မိုးရာသိတွေမှာပါ နေကာခရင်မ်ကို လိမ်းသင့်ပါတယ်။ သင့်မျက်နှာအတွက် ၀က်ညခံ အဖုအပိမ့်မဖြစ်လွယ်တဲ့ နေကာခရင်မ် အမျိုးအစားကို ရွေးချယ်လိမ်းသင့်ပါတယ်။
(၂၂) အိပ်ရေး၀၀ အိပ်စက်အနားယူပါ
ညဘက်မှာ အိပ်ရေး၀၀ အိပ်စက်အနားယူတာကြောင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်ရုံသာမက အသားအရေ အပြစ်အနာအဆာတွေကိုလည်း ကင်းစင် သက်သာသွားစေပါတယ်။
(၂၃) တစ်ပတ်တစ်ကြိမ်ပေါင်းတင်ပါ
မျက်နှာအသားအရေ ကြည်လင်လှပစေဖို့ တစ်ပတ်မှာတစ်ကြိမ်ခန့် မျက်နှာသန့်စင်စေတဲ့ ပေါင်းတင်ကပ်ခွာ( Skin Clearing Mask) ကိုသုံးပြီး ပေါင်းတင်ပေးသင့်ပါတယ်။
(၂၄) တစ်နေ့တာအတွင်း ရေများများသောက်ပါ
ရေများများ သောက်တာကြောင့် တစ်နေ့တာအတွင်း စိတ်ရောကိုယ်ပါ လန်းဆန်းစေသလို အသားအရေကိုလည်း ကြည်လင်ဝင်းပစေပါတယ်။
(၂၅) မိတ်ကပ်မဖျက်ဘဲ အိပ်ရာမ၀င်ရ
မိတ်ကပ်တွေကို သန့်စင်ဆေးကြောမှု မလုပ်ဘဲ အိပ်ရာမ၀င်သင့်ပါဘူး။ ဒါကို စည်းမျဉ်း တစ်ရပ်လို လိုက်နာပါ။ အထူးသဖြင့် မျက်နှာကို အနည်းဆုံး စနိုးတာဝါနဲ့ သန့်စင်ပြီမှ အိပ်ရာဝင်သင့်ပါတယ်။
(၂၆) တစ်ပတ်သုံးကြိမ် လေ့ကျင့်ခန်းလုပ်ပါ
တစ်ပတ်မှာ အနည်းဆုံးသုံးကြိမ်ခန့် လေ့ကျင့်ခန်းလုပ်တာကြောင့် ကိုယ်တွင်းကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ရုံသာမက ချွေးထွက်ကာ အသားအရေကိုလည်း ဟန်ချက်ညီညီ လှပကြည့်ကောင်းစေပါတယ်။
(၂၇) သင့်ခန္ဒာကိုယ်ကိုလည်း မေ့လျော့မထားပါနှင့်
ရေချိုးပြီး အရေပြားကို ခြောက်သွေ့အောင် သုတ်ပြီးချိန်မှာ တစ်ကိုယ်လုံးကို ဘော်ဒီလိုးရှင်း လိမ်းပေးပါ။ ခန္ဒာကိုယ်အသားအရေကို စိုပြည်နူးညံ့ချောမွေ့စေပါတယ်။
(၂၈) အသားအရေ ထိန်းသိမ်းမှုကို ဆက်လက်လုပ်ဆောင်ပါ
အထက်က အသားအရေ ထိန်းသိမ်းနည်းတွေကို လုပ်ဆောင်ရင်း အသားအရေက သိသိသာသာ ကြည့်ကောင်းလာတယ်ဆိုရင် သင်လိုချင်တဲ့ အတိုင်းအတာအထိ မြင်တွေ့ရစေဖို့ အသားအရေကို ဆက်လက် ထိန်းသိမ်းသွားသင့်ပါတယ်။
မှတ်ချက်။ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလထုတ် အာရောဂျံမဂ္ဂဇင်း အတွဲ(၂၅၉) မှ ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)ရေးသားသော ဆောင်းပါးအား ကောက်နုတ်တင်ပြသည်။
Sources From; Original Writer: SearchMyanmar
သဘာဝနည်းနဲ့ အိမ်တွင်းက ကြွက်တွေကို မောင်းထုတ်နည်း
သဘာဝနည်းနဲ့ အိမ်တွင်းက ကြွက်တွေကို မောင်းထုတ်နည်း
အစားအစာရှိတဲ့နေရာမှာ ကြွက်တွေ ပျော်ကြပါတယ်။ အထူးသဖြင့် ၎င်းတို့အတွက် အစားအစာ လွယ်ကူတဲ့နေရာမျိုးဆို မိသားစုလိုက် အုပ်လိုက်ကျင်းလိုက် နေတတ်ပါတယ်။ ကြွက်က လူတွေအတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ အားလုံး သိပြီးသားပါ။ တစ်ချို့က ကြွက်ကို ထောင်ခြောက်နဲ့ဖမ်းပြီး သတ်ကြပါတယ်။ ဒါကတော့ အကုသိုလ်များတဲ့ နည်းပေါ့။ အကုသိုလ်ကင်းကင်းနဲ့ အိမ်မှာ ကြွက်မနေနိုင်အောင် လုပ်ဖို့ အလွယ်ဆုံးနည်းတွေကို ဖော်ပြပေးထားပါတယ်။
(၁) ငရုတ်ဆီ+ဂွမ်း
ဂွမ်းစတွေကို အလုံးကလေးတွေ လုံးပြီး ငရုတ်ဆီနဲ့ ဆွတ်ကာ ကြွက်တွေ ကြင်လည်ရာ နေရာတစ်လျှောက်မှာ ချထား
လိုက်ပါ။ ကြွက်တွေက ငရုတ်ဆီကို ကြောက်ကြပါတယ်။
(၂) လေညှင်းဆီ+လေညှင်းပွင့်
ကြွက်တွေ မခံနိုင်တဲ့ အနံ့ထဲမှာတော့ လေညှင်းနံ့လည်း ပါဝင်ပါတယ်။ လေညှင်းနံ့ နံတဲ့နေရာဆိုရင် ကြွက်တွေက နောက်
တစ်ကြိမ် ထပ်မလာတော့ဘူးလို့တောင် သိရပါတယ်။ လေညှင်းပွင့် လေညှင်းဆီကတော့ အိမ်အတွက် အကောင်းဆုံး
ဖြစ်ပါတယ်။ အိမ်လည်း ပေကျန်မှု မဖြစ်တဲ့အပြင်၊ လူတွေ ကိုင်မိရင်လည်း ပူလောင်ခြင်း စသည်တို့ မဖြစ်စေပါဘူး။
(၃) ပရုတ်လုံး
ပရုတ်လုံးထည့်တဲ့ သေတ္တာလေးထဲမှာ ကြွက်နေတတ်တဲ့နေရာနဲ့ ကြွက်ရောက်တတ်တဲ့ နေရာတွေမှာ ချထားလိုက်ပါ။
ကြွက်တွေ အိမ်ဘက်ကိုတောင် ခြေဦးမလှည့်စေတော့တဲ့အထိ ပရုတ်လုံးက စွမ်းပါတယ်။
(၄) ဆပ်ပြာမှုန်+ငရုတ်ဆီ
ဆပ်ပြာမှုန့်ကို ရေနဲ့နှစ်ဆတစ်ဆ ရောစပ်ပြီး ဖျော်လိုက်ပါ။ ငရုတ်ဆီအနည်းငယ်ထည့်ပြီး Spray ဘူးထဲကို ထည့်ပြီး ကြွက်ရောက်နိုင်တဲ့ နေရာတွေမှာ ဖြန်းပေးပါ။ သုံးလေးရက် တစ်ခါလောက်မှ ဒီနည်းကို သုံးလို့ရပါတယ်။ ဆပ်ပြာမှုန့်က ငရုတ်ဆီရဲ့ အရည်အသွေးကို သုံးလေးရက်လောက် ထိန်းပေးထားနိုင်လို့ စာရိတ်သက်သာတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
Source : myhealthtips.in လင်းဇော်ကို (Shwemom)
အစိုးရကို ချစ်လို့ တောင်းပန်ခြင်းဟု ဒေါက်တာသန်းထွဋ်အောင်ပြော
အစိုးရကို ချစ်လို့ တောင်းပန်ခြင်းဟု ဒေါက်တာသန်းထွဋ်အောင်ပြော
Eleven မီဒီယာ၏ ရန်ကုန်တိုင်းဒေသကြီးအစိုးရအပေါ် တောင်းပန်မှုနှင့် ပတ်သက်ပြီး ယနေ့ရုံးထုတ်တွင် ဒေါက်တာသန်းထွဋ်အောင်က အချက်နှစ်ချက်ပြောခဲ့ပြီး ကျန်းမာရေးအခြေအနေချို့ယွင်းချက်နှင့် လက်ရှိအစိုးရကို ချစ်လို့တင်ထားခြင်းဟု ပြောဆိုလိုက်သည်။
"နံပါတ် ၁ က ကျွန်တော်ကျန်းမာရေးတော်တော်ချို့ယွင်းနေတယ်။ နံပါတ်နှစ်အချက်တော့ ဒီအစိုးရက ကျွန်တော်တို့ ချစ်လို့ ၊ ကျွန်တော်တို့ ကြိုက်လို့ တင်ထားတဲ့အစိုးရ ဖြစ်တယ်။ အဲ့ဒီနှစ်ချက်ကြောင့် ကျွန်တော်တောင်းပန်တာ " ဟု ဒေါက်တာသန်းထွဋ်အောင်က တာမွေမြို့နယ်တရားရုံးက အထွက်တွင် ပြောဆိုခဲ့ပြီး ၎င်း၏ကျန်းမာရေးအာမခံမှာ သုံးကြိမ်မြောက် ပယ်ချခံရသည်ဟု သိရသည်။
ယနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့ တွင် Eleven Media Group ရဲ့ CEO ဒေါက်တာသန်းထွဋ်အောင် နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့အား တာမွေမြို့နယ် တရားရုံးတွင် ငါးကြိမ်မြောက်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ယနေ့ရုံးထုတ် စစ်ဆေးရာတွင် အာမခံထပ်မံလျှောက်ထားခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး ဇန်န၀ါရီ ၆ ရက်နေ့ကို ထပ်မံချိန်းဆိုခဲ့သည်ဟု အမှု၏ အကျိုးဆောင်ရှေ့နေ ဦးကြီးမြင့်က ပြောဆိုခဲ့သည်။
"ဒီနေ့အာမခံလျှောက်တယ်၊ ထပ်အပယ်ခံရတယ် ၊ ကျန်းမာရေးအခြေအနေက လမ်းမှာလည်းပဲ Heart attack ဖြစ်လာတယ်။ ဒီမှာလည်း မထိုင်နိုင်ဘူး၊ တုံးလုံးလှဲနေရတယ်။  မြောက်ဥက္ကလာ   ဆေးရုကြီးကို ၀င်ပြခွင့်ပြုပါဆိုတော့ ဒီမှာပဲ ဆရာဝန်နဲ့ ပြလိုက်ပါဆိုလို့ အခု တရားရုံးမှာ ဆရာဝန်နဲ့ ပြနေတယ်" ဟု ဦးကြီးမြင့်က ပြောသည်။ ယနေ့ရုံးထုတ်တွင်လည်း Eleven CEO မှ နှလုံးမှ Internal Pain (အတွင်းပိုင်းမှ နာကျင်မှု) တောက်လျှောက်ရနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ယနေ့ ရုံးထုတ်စစ်ဆေးရာတွင် တရားလိုဘက်သို့ စစ်ဆေးရမည့်နေ့ ဖြစ်ပေမယ့် တရားလိုက နေပြည်တော်တွင် အစည်းအဝေးရှိလို့ လာရောက်နိုင်ခြင်းမရှိကြောင်း တရားရုံးကို တင်ပြလာသည်ဟု ဦးကြီးမြင့်၏ ဖြေကြားချက်အရသိရသည်။
နိုဝင်ဘာ ၆ ရက်နေ့က ထုတ်ဝေခဲ့သည့် Daily Eleven သတင်းစာ၌ “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သော အယ်ဒီတာ့အာဘော်တွင် ကိုးကားဖော်ပြခဲ့သည့် အချက်အလက်အချို့သည် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့်ပတ်သက်ပြီး လွဲမှားသည့်အချက်အလက်များဖြစ်နေသည့်အတွက် အနူးအညွတ်တောင်းပန်ကြောင်း ဒီဇင်ဘာ ၂၇ရက်ထုတ် The Daily Eleven သတင်းစာနှင့် နိုင်ငံပိုင်သတင်းစာ The Global News Light of Myanmar တွင် ထည့်သွင်း ဖော်ပြထားသည်။
Sources; Mizzima - News in Burmese Photo - BBC
အစ်မဖြစ်သူနဲ့ သီချင်းခွေစီစဉ်နေတဲ့ စိုးပြည့်သဇင်
အစ်မဖြစ်သူနဲ့ သီချင်းခွေစီစဉ်နေတဲ့ စိုးပြည့်သဇင်
အစ်မဝမ်းကွဲ စန္ဒီမြင့် လွင်နှင့်အတူ မီနီအယ်လ်ဘမ်အ ခွေစီစဉ်နေပြီး ယင်းအခွေပါ သီ ချင်းတစ်ပုဒ်ကို အွန်လိုင်းတွင် ဖြန့်ချိပေးရန် အစီအစဉ်ရှိကြောင်း စိုးပြည့်သဇင်က ပြောကြားသည်။
‘‘သီချင်းတစ်ပုဒ်ကတော့ ပြီး သွားပြီ။ လောလောဆယ်တော့ တစ်လပိုင်းထဲမှာ အွန်လိုင်းကဖြန့် မယ်။ သီချင်းပုံစံကတော့ R&B ပုံစံလေးပါ။ စိုးပြည့်လည်း R&B တစ်ခါမှ မဆိုဖူးဘူး။ ရက်ပ်နဲ့ လည်း မဆိုဖူးဘူး’’ဟု စိုးပြည့် သဇင်က ပြောသည်။
ထို့ပြင် တစ်ကိုယ်တော်အ ခွေကို အချိန်ယူစီစဉ်မည်ဖြစ်ပြီး လတ်တလောတွင် နယ်ဖျော်ဖြေ ပွဲများ သွားရောက်ဖျော်ဖြေရန်ရှိ ကြောင်း ၎င်းက ဆိုသည်။
အဝေးသင်စာမေးပွဲ မဖြေ ဆိုမီက တောင်ငူမြို့၌ ရိုက်ကူးခဲ့ သည့် ‘ရွှေမင်းသမီး’ ဇာတ်ကားကို ဇန်နဝါရီ ၁ ရက်တွင် ဆက်လက် ရိုက်ကူးရန် အစီအစဉ်ရှိကြောင်း စိုးပြည့်သဇင်က ပြောသည်။
‘‘တောင်ငူမှာ ရိုက်ခဲ့တာက တော့ တောင်ငူမှာ ပွဲတော်ရှိတယ်။မင်းခမ်းမင်းနားတွေနဲ့လှည့်တာ။ အဲဒီအချိန်မှာ တောင်သူတစ်မြို့ လုံးက လူတွေကလည်း လာကြည့်ကြတယ်။ ရုပ်ရှင်မင်းသား၊ မင်း သမီးတွေလည်း ပါတယ်။ အဲဒီပွဲ တော်ကို အခြေခံရိုက်တာဆိုတော့အဲဒီပွဲတော်နဲ့ဆိုင်တာတွေကိုပဲ အဓိကရိုက်ကူးဖြစ်တာပါ’’ဟု ၎င်းက ပြောသည်။
ရွှေမင်းသမီးရုပ်ရှင်ဇာတ် ကားတွင် စိုးပြည့်သဇင်သည် တောမှ တက်လာသည့် မိန်းကလေးဘဝမှ အဆိုတော်မင်းသမီးတစ်ဦးဖြစ်လာသူအဖြစ်   သရုပ်ဆောင်ထားကြောင်း သိရသည်။
‘‘ရွှေမင်းသမီးကားက စိုး ပြည့်အတွက် အရမ်းလည်းလုပ် ကွက်ရသလို တစ်ခါမှ သရုပ်မ ဆောင်ဖူးတာကိုလည်း လုပ်ရ မယ်။ အဝတ်အစားကာရိုက်တာ အပြင်အဆင်ကအစ Changes (အပြောင်းအလဲ)လုပ်ရမယ်’’ဟု ယင်းဇာတ်ကားတွင် ပါဝင်သရုပ် ဆောင်ရသည့် ဇာတ်ကောင်စ ရိုက်နှင့်ပတ်သက်၍ ပြောသည်။
Sources; 7 Day
ဒေါ်အောင်ဆန်းစုကြည် ရဲ့ အရည်အချင်း ( ၁၀ ) ခု
ဒေါ်အောင်ဆန်းစုကြည် ရဲ့ အရည်အချင်း ( ၁၀ ) ခု
ဒေါ်စုကို ဘာဖြစ်လို့များ လူတွေက
သည်လောက်တောင် သဲသဲလှုပ် ဖြစ်နေကြရသလဲ။
ကဲ ကို ကဲ လွန်း တယ် ....တဲ့လား။
ပြောပြန်ရင်လည်း အောင်ခိုင် လွန်ရာကျမလား မသိပါဘူး။
နယူးယောက်မှာ ထိုင်းဝန်ကြီးချုပ် ဒေါ်ရင်လတ် အင်္ဂလိပ်လို ပြောတော့ တနာရီမပြည့်ခင် အချိန်အတွင်း အင်္ဂလိပ်စာ အလုံး ၄၀ မှားလို့ ဆိုပြီး FB မှာ ဝေဖန်ပြီး ပြောကြ ဆိုကြ ဒေါ်စုနဲ့ နှိုင်းယှဉ် ကဲ့ရဲ့ကြတယ်ဗျ။ တချို့ကလည်း ဒေါ်စုကို ချီးကျူးပါ.. သူများကိုတော့ မကဲ့ရဲ့ပါနဲ့ စသဖြင့် ပြောကြပါတယ်။ ကျနော် စဉ်းစားမိတယ်။ ဒေါ်စုကို မနှစ်သက်တဲ့သူ ဘက်က စိတ်ကူးယဉ်ပြီးတော့ပေါ့လေ။ ဘာဖြစ်လို့များ ဒေါ်စုကို လူတွေက (မြန်မာသာ မက တစ်ကမ္ဘာလုံး) သည်လောက်တောင် သဲသဲလှုပ် ချစ်ကြ လေးစားကြ ချီးကျူးကြ တသသ တရွရွ တမမ တဖွဖွ ဖြစ်နေရလဲ။
ကဲကို ကဲလွန်းတယ်.။ ဒေါ်စုကို အောက်တန်းကျ မိုက်ရိုင်းစွာ အပုပ်ချ  ရေးသားနေတဲ့ ၀က်ဆိုက် တခုမှာလည်း ဒေါ်စုရဲ့ မကောင်းကွက်တွေကို ရှာကြံပြီး လုပ်ကြံ အပုပ်ချကြတယ် ။ သန်းပေါင်း ၆၀ လူဦးရေမှာ သူဦးဆောင်မှပဲ တိုင်းပြည် တိုးတက် ပြောင်းလဲ တော့မှာလား.. သူတယောက်ပဲ ရှိသလားလို့ ။ ဒီလို ပြောင်းပြန် တမင် စဉ်းစားကြည့်ကာမှ အဖြေတွေက ပေါ်လာပါတယ်။
၁။ ဘာသာစကား
-------------------------
မြန်မာလူဦးရေ သန်း ၆၀ စလုံး အင်္ဂလိပ်စာ ကျွမ်းကျင်နေဖို့ မလိုပါဘူး။ ဂျပန် ထိုင်း တရုတ် တို့မှာလည်း ပြည်သူတိုင်း အင်္ဂလိပ်စာ မကျွမ်းကြပါဘူး ။ သို့သော် နိုင်ငံအုပ်ချုပ်သူ ခေါင်းဆောင်များ လူကြီးများ ကတော့ vocabulary, pronunciation, intonation, tone, grammar, usage, က အစ ကျွမ်းကျင်နေရမှာပါ။ ဒါမှ နိုင်ငံတကာနဲ့ ဆက်ဆံလို့ အဆင်ပြေမှာပါ။ ဒီအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိတယ်။
.
၂။ ဗသုသုတ
---------------------
 .... something special, everything normal ဆိုတဲ့ စကားလို အရာရာသော ရှုတ်ထွေး ကျယ်ဝန်းလှသော ပြသနာ ကိစ္စကြီးငယ်တွေကို အကြမ်းဖျဉ်း (မှန်ကန်စွာ) ခြုံငုံ ဆင်ခြင်နိုင်သော အထွေထွေ ဗဟုသုတနဲ့ အရေးကြီးသော အကြောင်းအရာတွေကို အဂတိတရား မပါ အမြင် ကြည်လင် မတိမ်း မစောင်း စေ့ငုသေချာ ဂဃနဏ သိဖို့လိုပါတယ်။ ဒီအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိတယ်။
.
၃။ ရုပ်ရည်
-----------------
....လူတိုင်းဟာ ရုပ်ရှင်မင်းသား မင်းသမီးလို ချောမော လှပ နေစရာ မလိုပါဘူး။ သို့သော် နိုင်ငံခေါင်းဆောင် ဆိုတာ လူဘုံအလယ်မှာ တင့်တယ် ခန့်ငြား ကျက်သရေ ရှိသော မျက်နှာမြင် ချစ်ခင် လေးစား
လောက်သော (ဒီခေါင်းဆောင်ဟာ အတွင်းစိတ် ကောင်းပါ့မလား..ဟု သံသယ လုံးဝ မရှိနိုင်လောက်သော) မျက်လုံး နှုတ်ခမ်း နဲ့ မျက်နှာ သွင်ပြင်ရှိရပါမယ်။ အ၀တ်အစား အရောင် ဒီဇိုင်း ရွေးချယ်မှု  ကိုယ်နေ လှုပ်ရှားဟန်များ ကလည်း ခန့်ငြား တည်ငြိမ် မ ဟော့ရမ်း မ ကလက်ပဲ အဆင့်အတန်း ရှိ နန်းဆန်ရပါမယ်။ ဒီအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိတယ်။ ဒါတောင် အသက်ကြီးသွား လို့။
ခုနေများ ၅၀ ကျော်လောက်ဆို ကောင်းလေစွ။
.
၎။ ပညာ
--------------
......တက္ကသိုလ်က ရတဲ့ဘွဲ့မှ ပညာလို့မပြောနိုင်ပါဘူး။ လူမှာ အတတ်ပညာ အသိပညာ နှစ်မျိုး မျှတစွာ ရောစပ်နေဖို့လိုအပ်တဲ့ နေရာမှာ နာမည်ကျော် ကမ္ဘာ့တက္ကသိုလ်ကြီးက နိုင်ငံေ၇း ဆိုင်ရာ ဘာသာရပ်မှာ ရခဲ့တဲ့ ဘွဲ့အပြင် နိုင်ငံတကာမှာ လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံများနဲ့ ရေးသားခဲ့တဲ့ စာအုပ်များစွာ၊ ရောက်လေရာမှာ လေ့လာ ဆည်းပူးတတ်တဲ့ အကျင့်၊ အိမ်မှာ အကျဉ်းကျနေစဉ် ဖတ်ရှုခဲ့တဲ စာအုပ်များစွာကြောင့် ဒီ အရည်အချင်းလည်း ဒေါ်စုမှာ ၁၀၀% ရှိတယ်။
.
၅။ သီလ သမာဓိ
--------------------------
.နိုင့်ငံခေါင်းဆောင် ဆိုတာ သာမန်ပြည်သူလို သီလ မလုံ တရား မရှိ နေချင်သလို နေ မရပါ။ ကြံဖန်ပြောရရင် ဒေါ်စုဟာ လူမျိုးခြားကို လက်ထပ်ခဲ့ခြင်းက လွဲလို့ ဘာမှ အပြစ်ပြောစရာ မရှိအောင် ဘ၀တလျှောက်လုံး နေထိုင်ခဲ့သူ ဖြစ်ခြင်း ၊ (လူမျိုးခြား ဆိုပေမဲ့ ဒေါ်စုအား ချစ်ခင်လေးစား တန်ဘိုးထား နားလည်ပေးတတ်တဲ့ ပညာရှိတဲ့ မိမိနှင့် သားများ ကိုပါ ဗုဒဘာသာသို့ ပြောင်းလဲခဲ့နိုင်တဲ့ ခင်ပွန်းကောင်း ဖြစ်ပါတယ်။) အိမ်တွင်း အကျဉ်းကျစဉ် ၀ိပသနာ တရားအားထုတ်မှုကို မပြတ် လေ့ကျင့်ပွားများခဲ့ခြင်း ဆရာတော်ကြီးများရဲ့ အဆုံးအမကို မပြတ်ခံယူခြင်း တို့ကြောင့် ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိပြန်ပါတယ်။
.
၆။ သတိ
---------------
...သာမန်လူတိုင်းဟာ မနော ၀စီ ကာယကံများကို အချိန်နဲ့အမျှ ပြုနေကြရာမှာ အမှတ်တမဲ့ သတိ ကင်းမဲ့လျက်နဲ့ အမှားများစွာ ပြုပြော တွေးနေမိတတ် ပါတယ်။ ဒေါ်စုရဲ့ အမူအရာ စကားလုံး ကိုယ်နေ ဟန်ပန် တို့ကို ကြည့်ပါ။ ထိုင်နေလျှင် ခါးစန့် ခါးမတ် ၊ ဦးခေါင်းကို မတ် ၊ ပျင်းပျင်း ရိရိ ကျောကို မမှီ ၊ ဒူးကို ဘယ်တော့မှ မချိတ် ၊ မိန့်ခွန်းများ ပြောရာမှာ မည်သည့် ဘာသာစကားကို ပြော ပြော လေသံ အတက်အကျက မမြင့်လွန်း မနိမ့်လွန်း မနှေးလွန်း မမြန်လွန်း ၊ ပျာယာမခတ် ။ ရှူးရှူး ရှဲရှဲ မရှိ ။ မှားလို့ပြန်ပြောရသည် ဆိုသည် မရှိသလောက်ရှား ။ ဒါက သတိကပ်နေခြင်းရဲ့ သက်သေ ။ အသံကလည်း ပီသ ၊ မျက်နှာ အမူအရာက တည်သင့်လျှင် တည် ရီသင့်လျှင် ရီ ပြုံးတန်ပြုး ထုံပေပေ ပေါတောတော စပ်ဖြဲဖြဲ ဘယ်ခါမှ မရှိ ။ သည်လောက် မအားသည့်ကြားက အ၀တ်အစား ဘိုသီ ဘတ်သီ မရှိ။ ဒါကြောင့် သတိ ဟူသော...ထိုအရည်အချင်း ဒေါ်စုမှာ
၁၀၀% ရှိပြန်ပါတယ်။
.
၇။ အသံ
-----------------
..... အဆိုတော်များ တမျိုးစီ အသံကောင်းကြပါတယ်။ သီချင်း မဆိုလည်း အသံကောင်းသူ များစွာ ရှိပါတယ်။ ဒါပေမဲ့ လူတိုင်းရဲ့ အသံများမှာ အရောင်လေးတွေ ပါကြပါတယ် ။ အားငယ်သံ မောက်မာသံ အထက်စီးသံ မာနသံ ကြွားဝါသံ ပညာရှိသံ ပညာမဲ့သံ ရိုးသားသံ မြို့ပြသံ ကျေးလက်သံ ဟန်ဆောင်သံ တရားသံ ဆရာကြီးသံ...ပွဲစားသံ ..ထုံထိုင်းသံ..ပျင်းရိသံ...စသဖြင့်။ နိုင်ငံခေါင်းဆောင်၏ အသံကတော့ ပညာရှိသံ ပြတ်သား တိကျသံ ရိုးသားဖြူစင်သံနဲ့ တိုင်းသားပြည်သူများ အပေါ် မေတ္တာ စေတနာငွေ့ လွှမ်းခြုံနေတဲ့ အသံဖြစ်ရပါမယ်။ ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိပြန်ပါတယ်။
.
၈။ မျိုးရိုး.
-------------
...ဘယ်လောကမှာမဆို အောင်မြင်လာမဲ့သူဟာ ရှေ့က မျိုးရိုးရှိချင်မှ ရှိမှာပါ။ မျိုးရိုးရှိတိုင်းလည်း ဆက်ခံတဲ့ သား သမီး မြေး မြစ် က အဖြစ် ရှိချင်မှ
ရှိမှာပါ။ ဗိုလ်မင်းရောင် ဗိုလ်ချုပ်အောင်ဆန်း စတဲ့ သတ္တိပြောင်တဲ့ မျိုးရိုးကို ထိန်းသိမ်းနိုင်တဲ့ သွေးနဲ့ မျိုးရိုး အရည်အချင်းမျိုး အကိုမှာတောင် မရှိဘဲ
ဒေါ်စုမှာသာလျှင် ၁၀၀% ရှိပြန်ပါတယ်။ အင်မတန် မြန်မာဆန်ပြီး အနေအထိုင် လိမ်မာ ကျစ်လျစ်တဲ့မိခင် ဒေါ်ခင်ကြည့်ရဲ့ သွန်သင် ဆုံးမမှု ဟာလည်း မြန်မာဆန်တဲ့ သတ္တိရှိ ရဲရင့်တဲ့ သမီးကောင်းလေးကို ပေါ်ထွန်းစေခဲ့တာဟာ ငြင်းမရပါဘူး။
.
၉။ စွန့်လွှတ်အနစ်နာခံသော စိတ်
------------------------------------------------
နေက္ခမ္မ ပါရမီ လို့ပြောရင် လွန်မလား မသိ။ တိုင်းပြည်ကို ခေါင်းဆောင်မဲ့သူဟာ ပုဂ္ဂိုလ်ရေးရာ family / personal ခံစားချက်တွေကို အတတ်နိုင်ဆုံး လျစ်လှူရှုနိုင်ရပါမယ်။ မိမိဘ၀နဲ့ အချိန်တွေ စိတ်အာရုံတွေကို နိုင်ငံနဲ့ ပြည်သူအတွက် ပေးဆပ်နိုင်ရပါမယ် ။ ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိကြောင်းကတော့ မိန်းမ တစ်သန်းမှာ တယောက် တွေ့ရနိုင်ခဲ့တဲ့ ခင်ပွန်းနဲ့ သားတွေရဲ့ ဘ၀ အဆင်ပြေမှုတွေကို လုံးလုံးလျားလျား လျစ်လျူရှုခဲ့တဲ့ ဒေါ်စုရဲ့ စိတ်ထားမျိုးကတော့ အထူးပြောစရာ မလိုတော့ပါဘူး။
.
၁၀။ မေတ္တာ
-----------------
..... သတ္တလောကကြီးကို ထိန်းချုပ်ပြောင်းလဲနိုင်စွမ်း ရှိသော အရာဟာ စစ်မှန်တဲ့ မေတ္တာပါပဲ။ မိမိ မိသားစုဝင် သုံးယောက် သန်းပေါင်း ၆၀ သော လူသားတွေ အတွက် မေတ္တာကြီးစွာ ထားခဲ့သူပါ။
မေတ္တာတရားနဲ့ ပြည့်ဝလွှမ်းခြုံနေတဲ့ မျက်နှာမျိုး လူတိုင်းမှာ မတွေ့နိုင်ပါဘူး။ ထို အရည်အချင်း မေတ္တာဓါတ်မျိုး ဒေါ်စုမှာသာ ၁၀၀% ရှိကြောင်း ဦးနှောက်မှန်တဲ့ လူတိုင်းရဲ့နှလုံးသားက ခံစားလို့ရပါတယ်။
ပြောခဲ့တဲ့ အချက် (၁၀) ချက်အပြင် အခြားများစွာသော ထူးခြား အရည်အချင်းများနဲ့ ပြည့်စုံတဲ့ ဒေါ်စုနဲ့ တူညီပြည့်မှီတဲ့ အခြား မြန်မာအမျိုးသမီး တဦးဦး မရှိနိုင်ပါဘူး။ တခုတူရင် တခု လိုနေမှာပါ။
.
ဒါ့ေ ကြာ င့်.....
မြန်မာနိုင်ငံ ရှေ့ရေးအတွက် ဦးဆောင်ရမဲ့ နှစ်တရာတခါ ပေါ်ပေါက်ခဲတဲ့ မရှိမဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် သည်လောက်တောင်
သဲသဲလှုပ် ချစ်ကြ လေးစားကြ ချီးကျူးကြ တသသ တရွရွ တမမ တဖွဖွ ဖြစ်နေကြတဲ့ လူတွေ လုံးဝ မလွန်ပါဘူး ။ ကျနော်အခုလို ထင်မြင်ရေးသားမိတာလည်း မလွန်ပါဘူး... ဒေါ်စုကို ချစ်ရင်လေးစားရင် ချစ်နေယုံနဲ့ မပြီးပဲ မိမိတို့ရောက်ရာနေရာတိုင်းမှာ ပြတ်သားရဲရင့် ထက်မြက် တည်ငြိမ်စွာ မြန်မာလူမျိုး သိက္ခာ ထိန်းကြပါ လို့ ရဲရဲကြီးပြောရင်း..
Sources; အောင်ခိုင် Wai Soe အေးချမ်းမွန်
ကိုယ့်ထက် အသက်ကြီးတဲ့ မမတွေနဲ့ တွဲသင့်တဲ့အကြောင်းအရင်း (၇) ချက်
ကိုယ့်ထက် အသက်ကြီးတဲ့ မမတွေနဲ့ တွဲသင့်တဲ့အကြောင်းအရင်း (၇) ချက်
လူမှုအသိုင်းအ၀ိုင်းမှာ အများစုလက်ခံထားတာက ယောက်ျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ထက် အသက်ပိုကြီးမှ လိုက်ဖက်တယ်လို့ပေါ့။ အသက်လေးဆယ် အရွယ်လောက်ရှိတဲ့ အမျိုးသားတစ်ယောက်က သူ့အသက် ထက်ဝက်လောက်ရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွဲတာ ၊ ယူတာကို လက်ခံပေးတတ်ကြပေမယ့် အမျိုးသားတွေ အတွက်တော့ သူ့ထက် တစ်နှစ်လောက်ပိုကြီးတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွဲရင်တောင် အထူးအဆန်းလို့ မြင်ကြပါတယ်။ ခုလိုခေတ်မှာ ဒီလိုအတွေးအခေါ် မျိုးတွေ နည်းလာပေမယ့် စုံတွဲတစ်တွဲမှာ အမျိုးသမီးက အသက်ကြီးနေရင် ပြောချင်ဆိုချင်တတ်ကြတဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ခုပြောပြမယ့် အချက်ကလေးတွေ ပြောပြပေးလိုက်ပါ။ သူတို့သဘောပေါက်သွားပါလိမ့်မယ်။
(၁)နှစ်ဦးကြားမှာပုဂ္ဂိုလ်ရေးစည်းရှိခြင်း
 ပတ်သက်မှုမရှိခင်ရော ရှိပြီးနောက်မှာပါ သင့်အတွက်ရော သူမအတွက်ပါ ကိုယ်ရေးကိုယ်တာ ကိစ္စတွေဟာ ဘယ်လောက် အရေးကြီးမှန်း သူမသိပါတယ်။ သူမ အနားမှာ အချိန်ပြည့်ရှိနေဖို့ မတောင်းဆိုသလို သင့်ရဲ့ ကိုယ်ပိုင်ကိစ္စတွေ ကိုလည်း လေးစားတတ်ပါတယ်။ ခပ်ချွဲချွဲ ကောင်မလေးတွေလိုတော့ သင့်အနားမှာ ကော်လိုလိုက်ကပ်နေမှာ မဟုတ်ပါဘူး။
(၂) ပိုပြီး ပြတ်သားခြင်း
ဆက်ဆံရေးတစ်လျှောက် ဘာဆုံးဖြတ်စရာပဲ ရှိရှိ သင့်ကိုချည်း လွှဲချပြီး သင့်ဆီက အရာအားလုံး မျှော်လင့်နေသူ မိန်းကလေးမျိုးကိုတော့ သင်လိုချင်မှာ မဟုတ်ပါဘူး။ ထက်မြတ် ပြတ်သားတဲ့ မိန်းမတစ်ယောက်အနေနဲ့ သူမဘယ်သူဆိုတာနဲ့ သူမလိုချင်တာ ဘာဆိုတာကို သေချာသိပါတယ်။ ဒီလို မိန်းမသားမျိုးဟာ သင်တို့ချစ်ခရီးလမ်းမှာ အပိုအလုပ်တွေကို ဖြတ်တောက်ပစ်မှာဖြစ်ပြီး လိုရင်းကိုသာ တိုက်ရိုက်သွားပါလိမ့်မယ်။
(၃)  ပညာဥာဏ်ပြည့်ဝသူ ဖြစ်နိုင်ခြင်း
သင့်အနေနဲ့ သင့်အမျိုးသမီးဆီက သင်ခန်းစာတွေ ပြန်သင်ယူတာမျိုး မလုပ်ချင်မှာတော့ အမှန်ပါပဲ။ ဒါပေမယ့် ဒီလို ပညာရည်ပြည်ဝတဲ့ အမျိုးသမီးတစ်ယောက်နဲ့အတူ ရှိရတာက ဘ၀ကို အရာရာအဆိုးမြင်သူ တစ်ယောက်နဲ့ အတူ နေရတာထက်စာရင်တော့ အများကြီးကောင်းပါတယ်။ အသက်ပိုကြီးတာနဲ့အမျှ သူမမှာ သင်မသိနိုင်တဲ့ ဘ၀ရဲ့ အတွေ့အကြုံ ၊  ပညာဥာဏ်ကြီးမားမှုနဲ့ ဆင်ခြင်တုံတရားတွေ ပိုရှိနိုင်ပါတယ်။
(၄) ငွေကြေး ပိုရှိခြင်း
ဟုတ်တာပေါ့။ သူမအနေနဲ့ သင့်ထက်အသက်ကြီးတာကြောင့် ဘ၀ကို တည်ငြိမ်စွာ တည်ဆောက်ပြီးနေ လောက်ပါပြီ။ သင့်ထက်မကောင်းရင်တောင် သင့်အောက်တော့ မကျတဲ့ ၀င်ငွေနဲ့ ဘ၀ကို ရပ်တည်ပြီးနေလောက်ပါပြီ။ ဒီတော့ သူမအတွက် သင်ကုန်ကျရမှုတွေလည်း နည်းပါးသွားနိုင်ပါတယ်။
(၅) ပိုကောင်းတဲ့ လက်တွဲဖော်ဖြစ်ခြင်း
သူမဟာ အပျိုဖော်ဝင်စဆိုပါစို့။ တစ်ခါတစ်လေ သင့်ရဲ့ဒီအရွယ်ကောင်မလေးက အရမ်းကို ကလေးဆန်လွန်းတဲ့ အရိုင်းအစိုင်းလေး ဖြစ်နေတာမျိုး ခံစားဖူးမှာပါ။ ဒီအချိန်မှာ သင့်အနေနဲ့ သင့်ရဲ့ အတွေးတွေကို မှန်မှန်ကန်ကန် ဆင်ခြင်သုံးသပ်နိုင်ပြီး ပိုရင့်သန်ပြည့်စုံတဲ့ ချစ်ခြင်းတစ်ခုကို လိုလိုလားလား တည်ဆောက်ချင်လာပါလိမ့်မယ်။ ဒီလိုအခါမျိုးမှာ အရွယ်ရောက်ပြီးသား အမျိုးသမီး တစ်ယောက်က သင့်ဘ၀ထဲကို ပိုပြီးတည်ငြိမ်တဲ့ အပြောင်းအလဲတစ်ချို့ ယူဆောင်ပေးလာ ပါလိမ့်မယ်။
(၆) ရှေ့ရေးကို ကြိုတွေးထားနိုင်ခြင်း
ဘ၀ကို သင့်ထက်ပိုပြီး ကြိုမြင်နိုင်ပါလိမ့်မယ်။ ဘယ်အရာက ဘ၀မှာ အရေးကြီးပြီး ဘယ်အရာကတော့ အရေးမပါဘူးဆိုတာမျိုး သူမ သိနိုင်ပါလိမ့်မယ်။ သင်နားမလည်နိုင်တဲ့ တစ်ချို့အချက်တွေကို သူမက ကြိုတင်သိမြင် နားလည်ထားနိုင်တဲ့အတွက် သင့်ကို လမ်းပြပေးနိုင် ပါလိမ့်မယ်။
(၇) အတွေ့အကြုံ ပိုရှိခြင်း
ဒီအချက်ကတော့ ဘ၀ထဲမှာသာမက နေ့စဉ်ရှောင်လွှဲမရတဲ့ လင်မယားဘ၀ကိုပါ သူမက ဦးဆောင်နိုင်ပါလိမ့်မယ်။ သူမအနေနဲ့ သင့်ကို အဖက်ဖက်က စည်းစိမ်ရှိအောင် ပြုစုပေးနိုင်တဲ့ ကျွမ်းကျင်သူတစ်ယောက် ဖြစ်နိုင်ပါလိမ့်မယ်။ သင်က ချစ်ချင်းတစ်ခု ပျက်ပြယ်ခြင်းက ဘ၀အဆုံးသတ်ခြင်းလို့ တွေးနေချိန်မှာ သူမကတော့ ယောက်ျားတစ်ယောက်ရဲ့ လိုအင်ကို ကျွမ်းကျင်စွာ မဖြည့်ဆည်းပေးနိုင်တဲ့ အချိန်ဟာ သင်တို့ အိမ်ထောင်ရေး အဆုံးသတ်ဆိုတာ သိနေပါလိမ့်မယ်။ ဘယ်လောက် ဟန်ကျလိုက်သလဲနော်။
Sources; mensxp Trend Myanmar
မိမိတို့သံအရာရှိများ နှင်ထုတ်ခံရမှုအပေါ် လက်တုန့်ပြန်သည့်အနေဖြင့် အမေရိကန်သံအရာရှိများကို ပြန်လည်နှင်ထုတ်ရန် စီစဉ်နေပြီဟု ရုရှနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
မိမိတို့သံအရာရှိများ နှင်ထုတ်ခံရမှုအပေါ် လက်တုန့်ပြန်သည့်အနေဖြင့် အမေရိကန်သံအရာရှိများကို ပြန်လည်နှင်ထုတ်ရန် စီစဉ်နေပြီဟု ရုရှနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
ဆိုက်ဘာစွဲချက်ဖြင့် ၀ါရှင်တန်အစိုးရက မိမိတို့နိုင်ငံမှ သံအရာရှိများ နှင်ထုတ်ခံရမှုဖြစ်စဉ်အပေါ် ပြန်လည်လက်တုန့်ပြန်သည့်အနေဖြင့် နိုင်ငံတွင်းရှိ အမေရိကန်သံအရာရှိ ၃၅ ဦးကို ပြန်လည်နှင်ထုတ်ရန် သမ္မတ ဗလာဒီမာ ပူတင်ထံမှ ခွင့်ပြုချက်တောင်းခံထားကြောင်း ရုရှ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
" နိုင်ငံခြားရေးဝန်ကြီးဌာနကနေ သမ္မတ ဆီ အတည်ပြုချက်တောင်းထားပါပြီ၊ မော်စကိုမှာရှိတဲ့ အမေရိကန်သံရုံးက အမှုထမ်း ၃၁ ဦး၊ နောက် စိန့်ပီတာစဘာ့ဂ်က ကောင်စစ်ဝန်ရုံးအမှုထမ်းလေးဦးတို့ကို   နိုင်ငံကနေ နှင်ထုတ်ဖို့အတွက်ပါ" ဟု နိုင်ငံခြားရေးဝန်ကြီး Lavrov က ပြောသည်။
အလားတူ အမေရိကန်ရှိ ရုရှအဆောက်အအုံနှစ်ခု ပိတ်သိမ်းခံရသည်ကို တုန့်ပြန်သည့်အနေဖြင့် မော်စကိုအနောက်ခြမ်းရှိ ကန်သံအရာရှိများ အားလပ်ရက်သုံးနေအိမ်တစ်လုံးကို ပိတ်သိမ်းလိုက်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း ၎င်းက ပြောသွားသည်။
Sources; Mizzima - News in Burmese
ခရမ်းချဉ်သီးဖျော်ရည်ဟာ ရင်သားကင်ဆာကို တားဆီးပေးနိုင်
ခရမ်းချဉ်သီးဖျော်ရည်ဟာ ရင်သားကင်ဆာကို တားဆီးပေးနိုင်
ခရမ်းချဉ်သီးဖျော်ရည်သောက်ခြင်းဖြင့် ရင်သားကင်ဆာကို တားဆီးနိုင်တယ်လို့ သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ခရမ်းချဉ်သီးဖျော်ရည် တစ်နေ့တစ်ခွက်သောက်ရင် ရင်သားကင်ဆာကို တွန်းလှန်နိုင်တဲ့ ဟော်မုန်း ပမာဏ တက်လာလို့ပါပဲ။
အသက် ၅၅နှစ်နဲ့အထက် အမျိုးသမီးအယောက် ၇၀ရဲ့ ဟော်မုန်းပမာဏကို သုတေသီတွေက တိုင်းတာခဲ့ပါတယ်။ ခရမ်းချဉ်သီး စားသုံးမှုပမာဏများတဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာကို တားဆီးပေးနိုင်တဲ့ adiponectin ဟော်မုန်းပမာဏ ၉ရာခိုင်နှုန်းမြင့်တက်နေတာကို သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။
“ခရမ်းချဉ်သီးနဲ့ ခရမ်းချဉ်သီး အခြေခံထုတ်လုပ်ထားတဲ့ စားသုံးကုန်တွေကို များများစားတာရဲ့ အကျိုးကျေးဇူးကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။ အချိန်တို အတွင်းတောင် သိသာတယ်။” လို့ အမေရိကန် သုတေသီတွေက ပြောပါတယ်။
ခရမ်းချဉ်သီးဖျော်ရည် တစ်နေ့တစ်ခွက်သောက်ရင် လုံလောက်တဲ့ lycopene ပမာဏရရှိမှာဖြစ်ပြီး အဲ့ဒီ့ lycopene ဟာ ကျန်းမာရေး အကျိုးရလဒ်ကောင်း ဖြစ်ထွန်းစေပါတယ်။  Lycopene ဟာ ခရမ်းချဉ်သီးကို ရဲရဲနီစေပြီး ရင်သားကင်ဆာကိုလည်း တားဆီးပေးနိုင်တယ် လို့ ယုံကြည်ခံရပြီးဖြစ်ပါတယ်။
ခရမ်းချဉ်သီးဖျော်ရည် မကြိုက်တဲ့သူတွေအနေနဲ့ ခရမ်းချဉ်သီး စွပ်ပြုတ်၊ အီတလီခေါက်ဆွဲနဲ့ ခရမ်းချဉ်သီးအချဉ်ရည်၊ မှိုခရမ်းချဉ် အချဉ်ရည် တို့ကို စားသုံးနိုင်ပါတယ်။
Sources:dailymail Trend Myanmar
အာလူးရည်ရဲ့ အစွမ်း
အာလူးရည်ရဲ့ အစွမ်း
ဝက်ခြံတွေ အထွက်များတဲ့အခါ သောက်သုံးပေးသင့်ပြီး အသားအရေကို ကြည်လင်စေပါတယ်။
လူတိုင်းက အာလူးကို ပြုတ်စားတာ၊ကြော်စားတာ၊ ချက်စားတာမျိုး လုပ်ကြပါတယ်။  အာလူးရည်ကိုတော့ သုံးစွဲသူနည်းပါတယ်။ အားလူးရည်ကို အခြားဖျော်ရည်တွေနဲ့ တွဲစပ်သောက်သုံးလို့ရသလို ပျားရည်တို့၊ သံပရာရည်တို့နဲ့ တွဲစပ်သောက်သုံးလို့ရပါတယ်။ အာလူးရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁ - အသားအရေခြောက်သွေ့မှု
အသားအရေခြောက်တဲ့အခါ အာလူးဖျော်ရည်ကို တစ်နေ့တစ်ခွက်လောက်သောက်ပေးသင့်ပါတယ်။ အသားအရေညစ်တာတွေကိုလည်း ပျောက်စေပါတယ်။
၂ - ကိုလက်စထရော
ကိုလက်စထရောကို လျှော့ချဖို့ အထူးကောင်းမွန်တဲ့ ဖျော်ရည်လည်း ဖြစ်ပါတယ်။
၃ - အယ်ဇီးမား
နေ့စဉ်သောက်သုံးပေးတဲ့အခါ အယ်ဇီးမား ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
၎ - ဝက်ခြံ
ဝက်ခြံတွေ အထွက်များတဲ့အခါ သောက်သုံးပေးသင့်ပြီး အသားအရေကို ကြည်လင်စေပါတယ်။
၅ - ဝိတ်ကျ
ဝိတ်ချနေတဲ့လူတွေဆိုရင်တော့ မနက်တိုင်း မနက်စာ မစားမီသောက်သုံးပေးသင့်ပါတယ်။ ညဘက်မှာတော့ အိပ်ရာမဝင်မီ နှစ်နာရီ သုံးနာရီ အလိုလောက်မှာ သောက်သင့်ပါတယ်။ နေ့စဉ်သောက်သုံးပေးရမှာ ဖြစ်ပါတယ်။
Photos & Source: Zee News: Duwun
ရခိုင်ပြည်နယ်အရေးဖြေရှင်းပေးရန် ကုလလုံခြုံရေးကောင်စီကို နိုဘယ်ဆုရှင်များတောင်းဆို
ရခိုင်ပြည်နယ်အရေးဖြေရှင်းပေးရန် ကုလလုံခြုံရေးကောင်စီကို နိုဘယ်ဆုရှင်များတောင်းဆို
ရခိုင်ပြည်နယ်က မွတ်စလင်တွေအရေးဖြေရှင်းပေးဖို့ ဘုန်းတော်ကြီးဒတ်စ်မွန်တူးတူးနဲ့ မာလာလာတို့ အပါအ၀င် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ လူမျိုးဖြုတ်သတ်ဖြတ်မှုတွေနဲ့ လူသားတွေအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲထားတဲ့သတင်းတွေကိုအခြေခံပြီး ဖိနိမ်မှုတွေရပ်တန့်အောင် ဆောင်ရွက်ပေးဖို့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တွေအပါအ၀င် နိုင်ငံရေးနဲ့ စီးပွားရေးနယ်ပယ်က တက်ကြွလှုပ်ရှားသူ ၂၃ ဦးက စာရေးတောင်းဆိုလိုက်တာပါ။
အိတ်ဖွင့်ပေးစာကို ပါဝင်လက်မှတ်ထိုးသူတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပါမောက္ခ မိုဟာမက် ယူနွတ်စ်၊ အရှေ့တီမောက ရာမို့စ်ဟော်တာ၊ ပါကစ္စတန်က မာလာလာ ယူဆာ့ဖ်ဇိုင်း၊ တောင်အာဖရိကက ဘုန်းတော်ကြီး ဒတ်စ်မွန်တူးတူး၊ အမေရိကန်က ဂျိုဒီဝီလျံစတဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ၁၃ယောက်ပါဝင်သလို အီတလီ ၀န်ကြီးချုပ်ဟောင်း ရိုမာနို ပရိုဒီ၊ အီတလီ နိုင်ငံခြားရေး ၀န်ကြီးဟောင်း အမ်မာဘိုနီနိုနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ရိုမာနို ပရိုဒီ စသူတွေလည်းပါဝင်ပါတယ်။
ရခိုင်ပြည်နယ်က မွတ်စလင်တွေကို နိုင်ငံသားအခွင့်အရေးတွေ အပြည့်အ၀မျှမျှတတ ရအောင် လုပ်ဆောင်မပေးတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အားမလိုအားမရစိတ်ပျက်တဲ့ အကြောင်းလည်း လုံခြုံရေးကောင်စီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်နိုင်ငံတွေထံပေးပို့တဲ့ စာမှာဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်ပြသနာအကျပ်အတည်းကို လုံခြုံရေးကောင်စီရဲ့ဆွေးနွေးမယ့် အစီအစဉ်မှာ အမြန်ဆုံးထည့်သွင်းဖို့နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ မြန်မာနိုင်ငံကို လာမယ့် သီတင်းပတ်တွေမှာ ဦးစားပေးသွားရောက်ဖို့ ဘန်ကီမွန်းသွားရောက်ဖို့ မဖြစ်နိုင်ပါက အတွင်းရေးမှူးချုပ်အသစ် အန်တိုနီရို ဂူတာရက်စ် အနေနဲ့ဇန်န၀ါရီလမှာ ရာထူးစယူပြီးနောက် ပထမဆုံး တာဝန်တခုအဖြစ် မြန်မာပြည်ကို သွားရောက်ဖို့ တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတံခါးပိတ်အစည်းအဝေးမှာ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး မြန်မာပြည်ဆိုင်ရာကုလသမဂ္ဂအထူးသံတမန် ဗွီဂျေနမ်ဘီးယား က ရှင်းလင်းပြောကြားခဲ့တယ်လို့ ကုလသမဂ္ဂအတွင်းသတင်းတွေကိုရေးနေတဲ့ Inner City Press သတင်းမှာဖော်ပြပါတယ်။
Sources; DVB TV News
ပုသိမ်မြို့မှာ ပထမဆုံးအကြိမ်အဖြစ်ပြုလုပ်မယ့် နှစ်သစ်ကူးကြိုဆိုပွဲမှာဘာအစီအစဉ်တွေ ပါဝင်မလဲ
ပုသိမ်မြို့မှာ ပထမဆုံးအကြိမ်အဖြစ်ပြုလုပ်မယ့် နှစ်သစ်ကူးကြိုဆိုပွဲမှာဘာအစီအစဉ်တွေ ပါဝင်မလဲ
ဒီဇင်ဘာ ၃၀ (ပုသိမ်)
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကမ်းနားလမ်း မြို့တော်ခန်းမအနီးမှာရှိတဲ့ ရှုခင်းသာရင်ပြင်မှာ မြို့ခံလူထုတွေစုပေါင်းပြီး ပထမဆုံးအကြိမ်အဖြစ်
နှစ်သစ်ကူးကြိုဆိုပွဲကို ဒီဇင်ဘာ ၃၁ ရက် ညပိုင်းမှာ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ပုသိမ်မြို့က နှစ်သစ်ကူး ကြိုဆိုပွဲကို မနက်ဖြန် ဒီဇင်ဘာ ၃၁ ရက် ညနေ
၅ နာရီက စတင်ကျင်းပသွားမှာဖြစ်ပြီး Happy New Year 2017 စာလုံးအလှ ပြိုင်ပွဲ၊ တေးဂီတတီးဝိုင်းများနှင့် DJ များဖြင့် ဖျော်ဖြေပွဲ၊ 3D ပုံဆွဲခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းအစီအစဉ်တွေ ပါဝင်မှာဖြစ်တယ်လို့
ပွဲဦးဆောင်ကျင်းပသူများက ပြောပါတယ်။
Happy New Year 2017 စာလုံးအလှပြိုင်ပွဲအတွက် အဖွဲ့ပေါင်း ၁၀ ဖွဲ့ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ပရိတ်သတ်များရဲ့ မဲပေးရွေးချယ်မှုနဲ့
ပထမ၊ ဒုတိယနှင့် တတိယဆုတွေကို ပွဲကျင်းပရေး
ကော်မတီက နှစ်သစ်ကူးပြီးချိန်မှာ ချီးမြှင့်ပေးသွားမှာဖစ်ကြောင်း သိရပါတယ်။
Sources; Ayeyarwaddy Times Photo - Ye Win Aung's Facebook
၂၀၁၆ ရေပန်းစားထင်ရှား မြန်မာပြည်သား – လူထုအမြင်
၂၀၁၆ ရေပန်းစားထင်ရှား မြန်မာပြည်သား – လူထုအမြင်
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တနှစ်တာကာလအတွင်း မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စာပေနဲ့ အနုပညာနယ်ပယ်မှာ ကျော်ကြားထင်ရှား၊ ရေပန်းအစားဆုံး ပုဂ္ဂိုလ်ကို ရွေးချယ်ဆန္ဒမဲပေးနိုင်သလို အမြင်သဘောထားတွေ ရေးထားခဲ့နိုင်ပါတယ်။
၂၀၁၆ ရေပန်းစားထင်ရှား မြန်မာပြည်သား - လူထုအမြင်
 ဦးထင်ကျော် - နိုင်ငံတော်သမ္မတ
 ဦးဝင်းမြင့် - ပြည့်သူ့လွှတ်တော် ဥက္ကဋ္ဌ
 မနော- အမျိုးသားအဆိုတော်
 နီနီခင်ဇော်- အမျိုးသမီးအဆိုတော်
 အောင်သူ- ဘောလုံးသမား
 လုလုအောင်- ကချင်မော်ဒယ်
 မထက်- မိတ်ကပ်ပညာရှင်
 ဖွေးဖွေး-သရုပ်ဆောင်
 ပုညခင်-စာရေးဆရာ
 ဒေါ်ဝင်းဝင်းတင့်- စီးပွားရေးလုပ်ငန်းရှင် စီးတီးမတ်
Sources; DVB
ပေါက်တောဈေးတွင် အမျိုးသမီး ၁ ဦး အဆိပ်သောက်သတ်သေ
ပေါက်တောဈေးတွင် အမျိုးသမီး ၁ ဦး အဆိပ်သောက်သတ်သေ
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မှာ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတဦး အဆိပ်သောက်ပြီး ကိုယ်ကိုယ့်ကိုယ် သတ်သေမှု တခုဖြစ်ပွားခဲ့တယ်လို့ ပေါက်တောမြို့မ ရဲစခန်းတာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဒီဇင်ဘာ ၂၈ ရက်မနက်ပိုင်းက တန်းလွဲချောင်းကျေးရွာ အသက် ၂၄ နှစ်အရွယ် အိမ်ထောင်ရှင် အမျိုးသမီးတဦးဟာ ပေါက်တောမြို့ဈေးထဲမှာ အဝတ်အထည်တွေ ဝယ်နေအချိန်လဲသွားလို့ ဘေးပတ်ဝန်းကျင်ကလူတွေ ရောက်လာပြီး ပေါက်တောမြို့ပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးခဲ့တာပါ။
ဆေးရုံကနေ အဆိုပါအမျိုးသမီးကို အချိန်မီကုသခဲ့ပေမယ့်သောက်ထားတဲ့ ဆေးအရှိန်က အရမ်းပြင်းထန်တဲ့အတွက် ညနေ ၆ နာရီ အချိန်မှာ သေဆုံးသွားတယ်လို့ ပေါက်တောမြို့မရဲစခန်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မိန်းကလေးကပေါက်တောမြို့ကို ဈေးဝယ်ဖို့ လာတာပါ။ ဈေးနားမှာ ခေါင်းမူးပြီးတော့ လဲကျသွားတယ်။ အဲဒီနားက လူတွေကဘာဖြစ်မှန်းမသိလို့ ဆေးရုံပို့တယ်။ အချိန်မမီလိုက်တော့ဘူး။ ညနေ ၆ နာရီ မှာ ဆုံးသွားပါတယ်။ ကလိုရိုကွိန်းဆေးပြားအလုံးရေ ၃၀ ကျော် သောက်ထားတယ်လို့ သိရတယ်။”
စားဝတ်နေရေးအဆင်မပြေလို့ အခုလိုစိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ အထိ ဖြစ်သွားတာလို့ သူက ဆက်လက်ပြောပါတယ်။
“မိန်းကလေးက စက်ချုပ်တယ်။ မိသားစုစားဝတ်နေရေး အဆင်မပြေဘူးလို့ ပြောတယ်ဗျ။ ၅ နှစ် သမီးတယောက်လည်း ရှိတယ်။ သူ့ယောကျာ်းနဲ့ ကွဲနေတာလည်း ၃ နှစ်လောက် ရှိပြီလို့ပြောတယ်။ နောက်ပြီးတော့ မိန်းကလေးက ကျန်းမာရေးသိပ်မကောင်းဘူးလို့ ကြားပါတယ်။”
မအေးခင်ဝင်းသေဆုံးမှုနဲ့ပတ်သက်ပြီး ပေါက်တောမြို့မရဲစခန်းက သေမှုသေခင်း စစ်ဆေး ဆက်လက်ဆောင်ရွက်နေပါတယ်။
Sources; ဝဏ္ဏခွာညို၊ / ကျော်ဝင်း DVB
4G အသုံးပြုနိုင်သည့် ဆင်းမ်ကတ်များ လဲလှယ်ရန် တယ်လီနောတိုက်တွန်း
4G အသုံးပြုနိုင်သည့် ဆင်းမ်ကတ်များ လဲလှယ်ရန် တယ်လီနောတိုက်တွန်း
တယ်လီနောသည် ဆင်းမ်ကတ်အဟောင်း အသုံးပြု နေသူများကို 4G ကွန်ရက်အသုံး ပြုနိုင်သည့် ဆင်းမ်ကတ်အသစ် USIM ဖြင့် လဲလှယ်ရန်တိုက်တွန်း ထားသည်။
လက်ရှိ၌ ဆင်းမ်ကတ် မှတ် ပုံတင်ခြင်းနှင့်အတူ ဆင်းမ်ကတ် အသစ် USIM လဲလှယ်ပေးခြင်း ကိုလည်း တယ်လီနောက၀န် ဆောင်မှု တွဲဖက်ပေးနေသည်။ တယ်လီနောအနေဖြင့် မြန်မာ နိုင်ငံ၌ 2G ကွန်ရက်ကို ၀န် ဆောင်မှုပေးအပ်စဉ်က ဖြန့်ချိခဲ့သော ဆင်းမ်ကတ်များသည် 4G ကွန်ရက်ကို ထောက်ပံ့ခြင်းမ ပြုလုပ်နိုင်သဖြင့် နည်းပညာမြင့် ဆင်းမ်ကတ်များ လဲလှယ် အသုံး ပြုရန်တိုက်တွန်းခြင်းဖြစ်သည်။
‘‘နောက်ပိုင်းထုတ်ပေးထား တဲ့ ဆင်းမ်ကတ်တွေကတော့ USIM တွေပဲ။ အရင်တုန်းက ဖြန့် ချိခဲ့တဲ့ ဆင်းမ်ကတ်တွေကတော့ 4G ကို မထောက်ပံ့နိုင်ဘူး’’ဟု တယ်လီနော ပြန်ကြားရေးတာ ၀န်ခံ ကိုအဲလက်စ်က ပြောသည်။
ဆင်းမ်ကတ်သည် 4G ကွန် ရက်၌ အလုပ်မလုပ်ဆောင်ပါက နီးစပ်ရာ ဆင်းမ်ကတ်မှတ်ပုံတင် နိုင်သည့်နေရာများသို့ သွားရောက်လဲလှယ်နိုင်သည်။
တယ်လီနောနည်းတူ မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းသည် လည်း 4G အသုံးပြုလိုသူများအ တွက် နည်းပညာမြင့် USIM ကို လာရောက်လဲလှယ်ရန် တိုက် တွန်းသည်။ ‘‘USIM နဲ့ အရင် ဆင်းမ်ကတ်တွေက ဘာကွာလဲ ဆိုရင်တော့ နည်းပညာကအစ ကွာတယ်။ အချက်အလက် သိမ်း ဆည်းနိုင်တဲ့ပမာဏလည်း ကွာ တယ်’’ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူ ဦး သိန်းဟုတ်ကပြောသည်။
4G ကွန်ရက်သည် လှိုင်း နှုန်းစဉ်များ တိုးချဲ့အသုံးပြုလာ နိုင်မည့် ၂၀၁၇ ၌ အော်ပရေတာများဝန်ဆောင်မှုပေးလာမည့်ကွန်ရက်ဖြစ်သည်။ လက်ရှိ၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် 4G ကွန်ရက်ကို တည်နေရာ အကန့်အသတ်ဖြင့် ၀န်ဆောင်မှုပေးနေသော်လည်း ဆက်သွယ်ရေး အော်ပရေတာနှစ်ခုဖြစ်သည့် အူရီးဒူးနှင့် တယ်လီနောက ကွန်ရက်တိုးချဲ့တည်ဆောက်ခြင်းကို ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့၌တိုးချဲ့ မှုများဆက်လက်  ပြုလုပ်နေသည်။
4G အသုံးပြုသူအရေအ တွက်ကို ဆက်သွယ်ရေးအော်ပ ရေတာနှစ်ခုဖြစ်သည့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် တယ် လီနောတို့က ထုတ်ပြန်ပြောကြားခြင်းမရှိသော်လည်း အူရီးဒူးက အသုံးပြုသူ ၄ ဒသမ ၆ သန်း ပိုင်ဆိုင်ထားသည်ဟု သတင်း ထုတ်ပြန်ထားသည်။
Sources; 7 Day
မလေးရှားသင်္ဘောလာမည့်ကိစ္စ နိုင်ငံကိုစော်ကားမှုဖြစ်၍ လက်မခံဟုပြည်ထဲရေးတုံ့ပြန်
မလေးရှားသင်္ဘောလာမည့်ကိစ္စ နိုင်ငံကိုစော်ကားမှုဖြစ်၍ လက်မခံဟုပြည်ထဲရေးတုံ့ပြန်
ရခိုင်ပြည်နယ်က မွတ်စလင်တွေအတွက် စားနပ်ရိက္ခာ အကူအညီတွေတင်ဆောင်လာမယ့် မလေးရှားထောက်ပံ့ရေး သင်္ဘောတစ်စီး လာရောက်မှာနဲ့ ပတ်သက်ပြီး နိုင်ငံကိုစော်ကားမှုဖြစ်လို့ လက်မခံဘူးလို့ ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေကပြောကြားလိုက်တယ်။
မလေးရှားအစ္စလာမ်အဖွဲ့များအတိုင်ပင်ခံကောင်စီရဲ့ ထောက်ပံ့ရေးရေယာဉ် ရခိုင်ဒေသကို စေလွှတ်မယ်လို့ မလေးရှားအခြေစိုက်မီဒီယာတွေမှာ သတင်းတွေ ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးက ဒီကနေ့ မီဒီယာတွေကို တုန့်ပြန်ပြောကြားလိုက်တာပါ။
“ဒီကတော့ အဓိပ္ပါယ်မရှိဘူး။ တို့က နိုင်ငံတော်အစိုးရချင်း လာယူရမယ်လေ။ ရခိုင်ပြည်နယ်ကို တိုက် ရိုက်ဝင်သွားလို့ ဘယ်ရမလည်း၊ ဒီဟာကတော့ လက်ခံစရာအကြောင်း တစ်ခုမှ မရှိဘူး။ လက်လည်းမခံဘူး။ လာချင်ရင် တရားဝင် နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် လာပါမယ်။ ဗဟိုအစိုးရပဲ လာသတင်းပို့ရမယ်လေ။ ဘယ် ပြည်နယ်အစိုးရကိုသွားပို့ ဘယ်လက်ခံလို့ရမလည်း။ ဒါကတော့ တို့နိုင်ငံကို စော်ကားတာ လက်မခံဘူး ဆောရီး၊ ဒါမျိုးလက်မခံဘူး။”
မလေးရှားသင်္ဘောဟာ ဇန်န၀ါရီ ၁၀ရက်နေ့မှာ ထွက်လာဖို့ရှိပြီး သင်္ဘောနဲ့အတူ စားနပ်ရိက္ခာ ဆန်တန်ချိန် ၂၀၀ လောက်နဲ့ ဆေးဝါးတွေအပြင် အန်ဂျီအိုနဲ့ မီဒီယာသမားတွေ၊ နိုင်ငံရေးနဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ စေတနာဝန်ထမ်းတွေနဲ့ သင်္ဘောသားတွေ အပါအ၀င်လူ၂၀၀ လောက်လိုက်ပါလာမယ်လို့ မလေးရှား သည်စတားသတင်းမှာ ဖော်ပြပါတယ်။
မလေးရှားအစ္စလာမ်အဖွဲ့များအတိုင်ပင်ခံကောင်စီ အတွင်းရေးမှူးချုပ် ဇယ်ဟာနစ် ဇိုင်နိုကတော့ သင်္ဘောအနေနဲ့ မြန်မာပြည်ကိုဝင်ပြီးအကူအညီတွေပေးခွင့်ရတာ၊ မြန်မာရေပိုင်နက်ထဲက နေနှင်ထုတ်ခံရတာနဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခံရတာ စတဲ့ ဖြစ်လာနိုင်တဲ့ အခြေအနေ သုံး မျိုးရင်ဆိုင်ရ နိုင်တယ်လို့လည်း ပြောထားပါတယ်။
Sources; DVB
တနင်္သာရီ တိုင်းဒေသကြီးတွင် မူးယစ်ဆေးဝါး ရောင်းချပြီး စီးပွားရေးသမား အယောင်ဆောင်နေသူ အများအပြားရှိနေကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ပြောကြား
တနင်္သာရီ တိုင်းဒေသကြီးတွင် မူးယစ်ဆေးဝါး ရောင်းချပြီး စီးပွားရေးသမား အယောင်ဆောင်နေသူ အများအပြားရှိနေကြောင်း တိုင်းရဲတပ်ဖွဲ့မှူးြေေပြောကြား
တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးအား KNU၊ တပ်မတော်နှင့်၊ ပြည်သူစစ် အရာရှိများနှင့်အတူ တွေ့ရစဉ်
တနင်္သာရီ တိုင်းဒေသကြီးတွင် မူးယစ်ဆေးဝါး ရောင်းချပြီး စီးပွားရေးသမား အယောင်ဆောင်ကာ မျက်နှာဖုံး စွပ်ထားသူ အများအပြား ရှိနေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောကြားသည်။
မူးယစ်ဆေးဝါး ရောင်းချကာ ချမ်းသာလာကြပြီး စီးပွားရေးသမား အယောင်ဆောင်ထားကာ မြို့၏မျက်နှာဖုံး လူတန်းစားကဲ့သို့ နေထိုင်နေသူများရှိနေပြီး ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်နေကြောင်း ၎င်းကဆိုသည်။
“စိတ်ကြွဆေးပြားတွေ၊ မူးယစ်ဆေးဝါးတွေ ရောင်းချပြီး သူဌေးဖြစ်နေတဲ့သူတွေ၊ စီးပွားရေးသမား အယောင်ဆောင်ပြီးမှ ချမ်းသာသွားကြတဲ့ မျက်နှာဖုံး စွပ်ထားတဲ့သူတွေ အများအပြား ရှိနေပါတယ်။ ဒါတွေကို ကျွန်တော်တို့ အတတ်နိုင်ဆုံး ဖော်ထုတ်ပြီး ဖမ်းဆီးနေရပါတယ်။ ဒီလိုဖမ်းဆီးတာတင်မကဘူး။ လူတွေရဲ့ အသိပညာမှာ မူးယစ်ဆေးဝါးဆိုရင် မသုံးစွဲဘူး၊ ငါတို့အတွက် ဆိုးကျိုးဖြစ်တယ်ဆိုတာ လူသားအားလုံး၊ မိဘပြည်သူအားလုံး၊ မိဘပြည်သူအားလုံးရဲ့ သားသမီးတွေ အားလုံးက ဒီလိုစိတ်မျိုးမွေးမှ ရှောင်ကျဉ်နိုင်မှာပါ” ဟု ရဲမှူးကြီးနေမျိုးက ပြောကြားသည်။
မူးယစ်ဆေးဝါးများ ဖမ်းဆီးရာတွင် အနည်းငယ် သုံးစွဲသူများနှင့် ရောင်းချနေသူများကိုသာ အဓိက ဖမ်းဆီးရမိနေပြီး တစ်ကယ့်ပင်ရင်းများမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
“အခုဖမ်းမိနေတာက ကိုင်းဖျား၊ ကိုင်းနား အဆင့်ပဲရှိတယ်။ တစ်လုံးတစ်ပိုင်းလောက် သုံးစွဲနေတဲ့သူတွေကို အဓိကဖမ်းတယ်။ သူ့ကိုရောင်းပေးလိုက်တဲ့သူနဲ့ ဒီထက်နည်းနည်း ပိုကိုင်ဆောင်ထားတဲ့ သူတွေအထိလောက်ပဲ ဖမ်းမိတာကို တွေ့ရတယ်။ တကယ့် ထိပ်ပိုင်းက လူတွေဆီကို ဖမ်းဆီးမှုက မရောက်လာဘူး။ ပင်စည်ကို မခုတ်လှဲနိုင်သရွေ့ကတော့ ကိုင်းဖျားကိုင်းနားတွေက ပြန်ထွက်လာနေမှာပဲ။ နောက်ဆုံး ထောင်ထဲမှာ လူတွေမဆန့်အောင် ဖြစ်နေတဲ့သတင်းတွေပဲ ကြားနေရတယ်” ဟု မြိတ်မြို့ခံတစ်ဦးက ဆိုသည်။
တနင်္သာရီ တိုင်းဒေသကြီးအတွင်း အထူးသဖြင့် မြိတ်မြို့တွင် မူးယစ်ဆေးဝါးများ နှင့်ပတ်သက်ပြီး လမ်းကြောင်းစုံတွင် ဖမ်းဆီးရမိနေပြီး အမျိုးအစားလည်း စုံလင်ကြောင်း သိရသည်။ အခြားဒေသများတွင် ဖမ်းဆီးရမိလေ့မရှိသည့် ICE, Ketamine နှင့်ဘိန်းစာမှုန့်များကိုလည်း ဖမ်းဆီးရမိနေပြီး WY စိတ်ကြွဆေးပြားများမှာ အများအပြား ဖမ်းဆီးရမိနေကြောင်း သိရသည်။
ငါးသယ်လှေများ အထူးသဖြင့် မလေးရှားနှင့် ထိုင်းနိုင်ငံသို့ သွားရောက်မည့် လှေများတွင် ICE များသယ်ဆောင်နေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ကာ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရဲမှူးကြီးက ပြောကြားသည်။                
Sources; ဇော်မိုးဦး Eleven Media Group
Thursday, December 29, 2016
၂၀၁၆ ခုနှစ်တွင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ကမောက်ကမ ဖြစ်ရပ် (၄) ခု
၂၀၁၆ ခုနှစ်တွင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ကမောက်ကမ ဖြစ်ရပ် (၄) ခု
ဓမ္မစေတီခေါင်းလောင်းဟာ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင်းမှာ ပေါ်မယ်ဆိုတဲ့ ကောလာဟလတွေကြောင့် လူတွေ သွားရောက်စောင့်ကြည့်တာတွေ ဖြစ်ခဲ့ပါတယ်။
၁ - ဝန်ကြီးချုပ် ဦးဆောင်ပြီး သေနတ်ဖောက်မောင်းခဲ့ရတဲ့ သရဲ
ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဦးဆောင်ပြီး ပရလောကသားတွေကို သေနတ်နဲ့ ပစ်ဖောက်မောင်းထုတ်ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု ၂၀၁၆ အတွင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ မြောင်းမြမြို့ ရှမ်းရေကျော်အထကခွဲကျောင်းမှ ကျောင်းသူတွေကို သရဲပူးကပ်တာကြောင့် ဒီလိုမျိုး မောင်းထုတ်ခဲ့ရတာ ဖြစ်ပါတယ်။
၂ - ဘွဲ့လက်မှတ်အတုနဲ့ ပါမောက္ခလုပ်သူ
ဘွဲ့လက်မှတ်အတုနဲ့ ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) မှာ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေခဲ့သူတစ်ဦးကိုလည်း စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပါတယ်။ လိမ်လည်ခဲ့တဲ့ ဦးတင်ထွန်းကို မီဒီယာအချို့က ရှာဖွေခဲ့ပေမဲ့ ပျောက်သွားခဲ့ပါတယ်။
၃ - အပေါ့သွားလို့ တံတားနိမ့်သွားသည်ဆိုသော ဖြစ်ရပ်
လူတွေ အပေါ့သွားတာကြောင့် ပုသိမ်ကြိုးတံတား နိမ့်ကျမှု ဖြစ်ပွားခဲ့ရတယ်ဆိုတဲ့ သတင်းကလည်း ၂၀၁၆ အတွင်း လူပြောအများဆုံး သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ တံတားပေါ်လာသူတွေဟာ အပေါ့သွားခြင်းတွေကို လုပ်ကြပြီး တံတားကို ထိန်းထားတဲ့ မူလတိုင်ရှစ်လုံးနေရာက မူလီခေါင်းတွေဟာ ဆီးမှာပါဝင်တဲ့အက်ဆစ်ကြောင့် သံချေးစားကုန်တာ ဖြစ်ပါတယ်။ ယာဉ်ကြီးယာဉ်ငယ်တွ ဖြတ်သန်းတဲ့အခါ တုန်ခါမှုတွေကြောင့် မူလီတိုင်တွေ ပွတ်တိုက်ကာာ ပြတ်ထွက်ပြီး ကြိုးတံတားကြီး နိမ့်ကျရခြင်းဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။
၎ - ချင်းတွင်းမြစ်မှာ ဓမ္မစေတီခေါင်းလောင်းပေါ်မယ်
ဓမ္မစေတီခေါင်းလောင်းဟာ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင်းမှာ ပေါ်မယ်ဆိုတဲ့ ကောလာဟလတွေကြောင့် လူတွေ သွားရောက်စောင့်ကြည့်တာတွေ ဖြစ်ခဲ့ပါတယ်။ ဓမ္မစေတီခေါင်းလောင်းကို နဂါးမင်းတို့ လာရောက်ပို့ဆောင်မယ်လို့ မဟာမြိုင်သဲဖြူဆရာတော်ကြီးရဲ့ အိမ်မက်အရ နတ်စာ၊ နဂါးစာကျွေးတာတွေကို ပြုလုပ်ခဲ့ရာမှာ ဒေသခံတွေ လာရောက်ကြည့်ရှုခဲ့ကြတာလည်း ဖြစ်ပါတယ်။ အဆိုပါအချိန်မှာ ယခင်ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်နဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦးတို့မှာလည်း မဟာမြိုင်တောထဲ အဓိဋ္ဌာန်ဝင်ဖို့ ရောက်ရှိနေပြီး လာရောက်ကြည့်ရှုခဲ့တာကြောင့် လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။
Source: 7Day Daily & Duwun
ရန်ကုန်-ပုသိမ်လမ်းမအတိုင်းမောင်းနှင်လာတဲ့ ဟိုင်းလတ်ယာဉ်တစ်စီးအရှိန်လွန်ကာ ကားလမ်းဘေးရှိနေအိမ်မှာ အိပ်ပျော်နေတဲ့ ဇနီးမောင်နှံနှစ်ဦး ကားတိုက်မိပြီးသေဆုံး
ရန်ကုန်-ပုသိမ်လမ်းမအတိုင်းမောင်းနှင်လာတဲ့ ဟိုင်းလတ်ယာဉ်တစ်စီးအရှိန်လွန်ကာ ကားလမ်းဘေးရှိနေအိမ်မှာ အိပ်ပျော်နေတဲ့ ဇနီးမောင်နှံနှစ်ဦး ကားတိုက်မိပြီးသေဆုံး
မောင်းနှင်လာသည့် ဟိုင်း လတ်ယာဉ်တစ်စီးသည် အရှိန် လွန်ကာ ပန်းတနော်မြို့နယ်တွင်ကားလမ်းဘေးရှိ နေအိမ် တစ်လုံးကို ၀င်တိုက်မိသဖြင့် နေအိမ်ပေါ်တွင်အိပ်နေသည့် ဇနီးမောင်နှံနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်-ပုသိမ်လမ်းမအ တိုင်း ရန်ကုန်ဘက်မှ မြောင်းမြ ဘက်သို့ အသက်(၅၀)နှစ်အရွယ် ယာဉ်မောင်းဦးသန်းကျော်မောင်း နှင်လာသည့် ဟိုင်းလတ်ယာဉ် သည် ဒီဇင်ဘာ ၂၉ ရက် နံနက် ၆ နာရီခွဲခန့်က အရှိန်လွန်ကာ ကား လမ်းဘေးရှိနေအိမ်ကို ၀င်တိုက်မိ ကြောင်း ပန်းတနော်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
‘‘ယာဉ်မောင်းကတော့ ကား လမ်းပေါ်ဖြတ်ပြေးတဲ့ ၀က်နှစ် ကောင်ကို ရှောင်လိုက်ရင်းနဲ့ လမ်း ဘေးထိုးကျသွားပြီး တိုက်မိတယ် ပြောတာပဲ။ သူတို့အိမ်ဆိုပေမယ့် အိမ်မကြီးရှေ့မှာ ကပ်ပြီးထိုးတာ တဲ့ တဲလေးပေါ့။ အဲဒီတဲလေးပေါ် မှာ လင်မယားနှစ်ယောက် ငါးကျီး ကျပ်တိုက်ရင်း ညဘက်စောင့်အိပ် ကြတာပေါ့။ ကလေးတွေကတော့ အိမ်မကြီးပေါ်မှာ အိပ်တာ’’ဟု ၎င်းကဆိုသည်။
ကားဖြင့် ၀င်တိုက်မိသော ကြောင့် နေအိမ်ပေါ်တွင်အိပ်ပျော် နေသည့် အသက် (၄၆)နှစ်အရွယ် ဦးအေးသိန်းနှင့် အသက် (၄၁)နှစ်အရွယ် ဒေါ်စန်းစန်းဝင်းတို့ သည် အခင်းဖြစ်နေရာ၌ပင် သေဆုံခဲ့ကြောင်း အဆိုပါ ရဲအရာရှိက ဆက်လက်ရှင်းပြသည်။
Sources; Shwe Nwe 7 Day Comment မှ
လျစ်လျူမရှုသင့်တဲ့ နှလုံးရောဂါ လက္ခဏာ (၆) မျိုး
လျစ်လျူမရှုသင့်တဲ့ နှလုံးရောဂါ လက္ခဏာ (၆) မျိုး
ဒါတွေဖြစ်နေပြီဆိုရင်တော့ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်သင့်နေပါပြီ။
နှလုံးဟာ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုပါ။ နှလုံးကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ နှလုံးရောဂါလက္ခဏာတွေဟာ အစပိုင်းမှာတော့ ခပ်သေးသေးပဲရှိရာက တဖြည်းဖြည်းနဲ့ ပိုမိုထင်ရှားလာတတ်ကြတာပါ။ တက္ကဆက်က နှလုံးအထူးကု ဒေါက်တာ ဂျွန် အာဝင်ကတော့ ဒီလိုလက္ခဏာတွေဟာ နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာရပ်တွေ ဖြစ်လို့ မပေါ့လျော့ဖို့နဲ့ ကျန်းမာရေးစစ်ဆေးမှုခံယူဖို့ တိုက်တွန်းထားပါတယ်။
၁။ အိပ်နေစဉ် ဟောက်ခြင်း
အိပ်ရင် ဟောက်တတ်ခြင်းလိုမျိုး အိပ်စက်မှုကစဉ့်ကလျားဖြစ်စဉ်တွေကလည်း နှလုံးရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်တယ်လို့ ဒေါက်တာအာဝင်က ပြောပါတယ်။ အိပ်ပျော်နေစဉ်မှာ အသက်ရှုရပ်သွားတာမျိုး ရုတ်တရက် နှလုံးခုန်ရပ်သွားတာ၊ နှလုံးလေဟပ်သွားတာမျိုးနဲ့ ဆက်နွှယ်နေနိုင်ပါတယ်။
၂။ လိင်စွမ်းဆောင်ရည် ကျဆင်းခြင်း
များသောအားဖြင့်တော့ ဒါဟာ မျိုးပွားအင်္ဂါတွေနဲ့ဆိုင်တယ်၊ ဒါမှမဟုတ် ဦးနှောက်နဲ့ဆိုင်တယ်လို့ ထင်မိကြပေမဲ့ တကယ်တမ်းတော့ ဒီလက္ခဏာရပ်ဟာ အမျိုးသားတွေမှာ ပင်မနှလုံးသွေးလွှတ်ကြောပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေနိုင်တာကို ပြသနေတာပါ။
၃။ သွားဖုံးသွေးယိုခြင်း
မေးရိုးမှာ တစ်ခုခု ဖြစ်နေရင်လည်း သွားဖုံးသွေးယိုတတ်ပါတယ်။ မကျန်းမာတဲ့ သွားဖုံးဟာ နှလုံးရောဂါနဲ့ ဆက်နွှယ်နေလိမ့်မယ်လို့တော့ ဘယ်သူမှ မတွေးမိကြပါဘူး။ ဒါပေမဲ့ ဒီကိစ္စဟာ ရုတ်တရက် နှလုံးရပ်တန့်မှုနဲ့ဆိုင်ရာ ကြီးမားတဲ့ဆက်နွှယ်မှုတစ်ရပ်ဖြစ်ကြောင်း ဒေါက်တာအာဝင်က ဆိုပါတယ်။
၎။ ပခုံးနဲ့ လည်ပင်း တောင့်တင်းခြင်း
ရုတ်တရက် နှလုံးခုန်ရပ်တန့်ခြင်းမှာ လူတွေ ခံစားရတာက နှလုံးအပေါ်မှာ အရမ်းကို ကြီးမားလေးလံတဲ့ဖိအား ဖြစ်နေတာမျိုး၊ ဒါမှမဟုတ် လက်မောင်းတွေကို ညှစ်ထားသလို တင်းကျပ်နေတာမျိုး ခံစားရလေ့ရှိပါတယ်။ ဒီလက္ခဏာတွေအပြင် အခြားလက္ခဏာရပ်တွေကတော့ လည်ပင်း၊ ပခုံးနဲ့၊ မေးရိုးတို့မှာ ဖိအားများသလို ခံစားရခြင်းတွေကလည်း နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေပါပဲ။
၅။ ခြေဖဝါးနဲ့ခြေထောက်တွေ ရောင်ရမ်းခြင်း
အကြောင်းအမျိုးမျိုးနဲ့ ဖြစ်ပေါ်လေ့ရှိပေမဲ့ အလိုလိုနေရင်း ရောင်နေတာမျိုးဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။
၆။ အစာမကြေခြင်း၊ ရင်ပူခြင်း
မကြာခဏ ဖြစ်လေ့ရှိပြီး ယေဘုယျအားဖြင့်တော့ စိုးရိမ်စရာမလိုတဲ့ ကိစ္စပါ။ ဝမ်းဗိုက်အထက်ပိုင်းမှာ ကိုက်ခဲမှုတွေနဲ့ ရင်ပူခြင်းတွေ ဖြစ်နေပြီဆိုရင်တော့ သတိထားပါလို့လည်း ဒေါက်တာအာဝင်က တိုက်တွန်းထားပါတယ်။
Source : Daily Mail : Duwun
နှင်ထုတ်ခံထိတဲ့ ရုရှ သံဝန်ထမ်းတွေအတွက် အမေရိကန်အပေါ် ပြန်လည် တုံ့ပြန်မယ်လို့ ရုရှ ပြော
နှင်ထုတ်ခံထိတဲ့ ရုရှ သံဝန်ထမ်းတွေအတွက် အမေရိကန်အပေါ် ပြန်လည် တုံ့ပြန်မယ်လို့ ရုရှြေေပြော
ရုရှ သံတမန် ၃၅ ယောက်ကို နိုင်ငံကနေ လာမယ့် တနင်္ဂနွေနေ့ နောက်ဆုံးထား ထွက်ခွာခိုင်းခဲ့တဲ့ အမေရိကန် သမ္မတ အိုဘားမားရဲ့ ညွှန်ကြားချက်ကို ရုရှက ပြန်လည် တုံ့ပြန်မှာ ဖြစ်ကြောင်း ရုရှ သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ပြောပါတယ်။
ဒီလုပ်ရပ်အတွက် သင့်တော်မှန်ကန်တဲ့ တုံ့ပြန်ချက်ဟာ အမေရိကန်အတွက် သိသိသာသာ  ထိခိုက် စေမယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် ရုရှ ဟာ  နောင်လာမယ့် ၃ ပတ် အတွင်းမှာ အမေရိကန် သမ္မတ ရာထူးကို လွှဲပြောင်းရယူတော့မယ် ဒေါ်နယ်ထရမ့် တက်လာချိန် အထိ တုံ့ပြန်မှုကို စောင့်ဆိုင်းမယ့် သဘောမျိုးလည်း အရိပ် အမြွက် ပြောခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲမှာ ရုရှဘက်က အွန်လိုင်းကနေ သတင်းအချက်အလက်တွေကို ဖောက်ထွင်းယူတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လက်မခံတဲ့ သူပါ။
သမ္မတ အိုဘားမားကတော့ ရုရှရဲ့ ဆိုက်ဘာ တိုက်ခိုက် ဖောက်ထွင်းမှုတွေ အတွက် ရုရှ သံရုံး ဝန်ထမ်းတွေကို နိုင်ငံကနေ ၇၂ နာရီ အတွင်းထွက်ခွာဖို့နဲ့ ရုရှာ ထောက်လှမ်းရေးဌာနက အသုံးပြုနေတဲ့ နယူးယောက်နဲ့ မေရီလန်းက ရုံးဌာနဝင်းတွေကိုလည်း ပိတ်သိမ်းဖို့ ညွန်ကြားထားပါတယ်။
Sources; ဘီဘီစီမြန်မာပိုင်း