Latest News

Saturday, December 31, 2016

ဘရာဇီးလ်နိုင်ငံဆိုင်ရာ ဂရိသံအမတ် ဇနီးရဲ့ချစ်သူကြောင့် အသတ်ခံရ။

ဘရာဇီးလ်နိုင်ငံဆိုင်ရာ ဂရိသံအမတ်ကို သတ်ပစ်ခဲ့တယ်လို့ Rio de Janeiro အခြေစိုက် စစ်ရဲအရာရှိတစ်ဦးက ၀န်ခံကြောင်း ဘရာဇီးရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၂၉ ရက်နေ့က တရားဝင် ပြောကြားလိုက်ပါတယ်။

 အသက် ၅၉ နှစ်အရွယ်ရှိ ဂရိသံအမတ် ကီရီယာကော့စ်-အာမီရီးဒီးစ် ( Kyriakos Amiridis ) ဟာ ဒီဇင်ဘာလ ၂၆ ရက် တနင်္လာနေ့က နေအိမ်ကနေ ရုတ်တရက်ပျောက်ဆုံးသွားပါတယ်။

 ဒီကိစ္စနဲ့ပတ်သက်ပြီး ဘရာဇီးလ်လူမျိုး ဇနီးဖြစ်သူက ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။

အခုတော့ သံအမတ်ရဲ့ဇနီးဖြစ်သူ Françoise Amiridis နဲ့ သူ့ရဲ့တိတ်တခိုးချစ်သူ အသက် ၂၀ အရွယ်ရှိ Rio de Janeiro စစ်ရဲအရာရှိ 

ဘရာဇီးလ်နိုင်ငံဆိုင်ရာ ဂရိသံအမတ် ဇနီးရဲ့ချစ်သူကြောင့် အသတ်ခံရ။



Sergio Moreira တို့ကို ဘရာဇီးလ်ရဲတပ်ဖွဲ့ လူသတ်မှု၊ ပူးပေါင်းကြံစည်မှုတွေနဲ့ ဖမ်းဆီးလိုက်ပါပြီ။

သံအမတ်ရဲ့ဇနီးဖြစ်သူ Françoise ကို ဖမ်းဆီးစစ်ဆေးတဲံအခါ သူ့ချစ်သူ စစ်ရဲအရာရှိက ခင်ပွန်းဖြစ်သူကို သတ်ပစ်ခဲ့တာဖြစ်ကြောင်း ၀န်ခံခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးအရာရှိက သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

ဒီ့နောက်ဆက်ပြီး “ သံအမတ်ကို သတ်ခဲ့တယ်လို့ စစ်ရဲအရာရှိကပါ ၀န်ခံကြောင်း၊ သတ်ဖို့မရည်ရွယ်ခဲ့ပေမဲ့ စကားများရန်ဖြစ်ရာကနေ လက်လွန်ခဲ့ကြောင်း၊ ရုတ်တရက်ဘာလုပ်ရမှန်း မသိတာကြောင့် အလောင်းကို ဖျောက်ဖျက်ဖို့အတွက် ညီဝမ်းကွဲဖြစ်သူကို ဒေါ်လာ ၂၅၀၀၀ နဲ့ညီမျှတဲ့ ဘရာဇီးလ်ငွေ ၈၀၀၀၀ ပေးမယ်လို့ပြောပြီး အကူအညီတောင်းခဲ့ကြောင်း ဖြောင့်ချက်ပေးခဲ့တယ်လို့” ရှင်းပြသွားပါတယ်။

 ဒီ့နောက်ဆက်ပြီး အလောင်းကို ဘယ်လိုဖျောက်ဖျက်ပစ်ခဲသလဲဆိုတာတွေကို စုံစမ်းစစ်ဆေးရေးအရာရှိက ဆက်ရှင်းပြခဲ့ပါတယ်။

အခုအခါ သံအမတ်ရဲ့ဇနီး၊ သူ့ချစ်သူ စစ်ရဲအရာရှိနဲ့အတူ လူသတ်မှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ညီဝမ်းကွဲတော်စပ်သူကိုပါ ဘရာဇီးလ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

အခုအသတ်ခံရတဲ့ ဘရာဇီးလ်နိုင်ငံဆိုင်ရာ ဂရိသံအမတ် အာမီရီးဒီးစ်ဟာ ၂၀၀၁-ကနေ ၂၀၀၄-ခုနှစ်အထိ Rio de Janeiro မြို့မှာ ကောင်စစ်ဝန်ချုပ်အဖြစ် တာဝန်ထမ်းခဲ့ဖူးပါတယ်။

ဒီနော့က် ၂၀၁၂-ကနေ ၂၀၁၆-အထိ လစ်ဗျားနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်တာဝန်ထမ်းခဲ့ပြီး အခု ၂၀၁၆-ခုနှစ်မှာမှ ဘရာဇီးလ်နိုင်ငံဆိုင်ရာ ဂရိထိပ်တန်းသံအမတ်အဖြစ် တာဝန်ထမ်းရွက်ခဲ့ တာဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

ဓါတ်ပုံ-ဘရာဇီးလ် နိုင်ငံဆိုင်ရာ ဂရိသံအမတ် ကီရီယာကော့စ်-အာမီရီးဒီးစ်-GOOGLE SEARCH

Sources From; Aye Aye Mon Journalist DVB

No comments:

Post a Comment