Latest News

Friday, December 30, 2016

မလေးရှားသင်္ဘောလာမည့်ကိစ္စ နိုင်ငံကိုစော်ကားမှုဖြစ်၍ လက်မခံဟုပြည်ထဲရေးတုံ့ပြန်

မလေးရှားသင်္ဘောလာမည့်ကိစ္စ နိုင်ငံကိုစော်ကားမှုဖြစ်၍ လက်မခံဟုပြည်ထဲရေးတုံ့ပြန်

ရခိုင်ပြည်နယ်က မွတ်စလင်တွေအတွက် စားနပ်ရိက္ခာ အကူအညီတွေတင်ဆောင်လာမယ့် မလေးရှားထောက်ပံ့ရေး သင်္ဘောတစ်စီး လာရောက်မှာနဲ့ ပတ်သက်ပြီး နိုင်ငံကိုစော်ကားမှုဖြစ်လို့ လက်မခံဘူးလို့ ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေကပြောကြားလိုက်တယ်။

မလေးရှားအစ္စလာမ်အဖွဲ့များအတိုင်ပင်ခံကောင်စီရဲ့ ထောက်ပံ့ရေးရေယာဉ် ရခိုင်ဒေသကို စေလွှတ်မယ်လို့ မလေးရှားအခြေစိုက်မီဒီယာတွေမှာ သတင်းတွေ ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးက ဒီကနေ့ မီဒီယာတွေကို တုန့်ပြန်ပြောကြားလိုက်တာပါ။

“ဒီကတော့ အဓိပ္ပါယ်မရှိဘူး။ တို့က နိုင်ငံတော်အစိုးရချင်း လာယူရမယ်လေ။ ရခိုင်ပြည်နယ်ကို တိုက် ရိုက်ဝင်သွားလို့ ဘယ်ရမလည်း၊ ဒီဟာကတော့ လက်ခံစရာအကြောင်း တစ်ခုမှ မရှိဘူး။ လက်လည်းမခံဘူး။ လာချင်ရင် တရားဝင် နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် လာပါမယ်။ ဗဟိုအစိုးရပဲ လာသတင်းပို့ရမယ်လေ။ ဘယ် ပြည်နယ်အစိုးရကိုသွားပို့ ဘယ်လက်ခံလို့ရမလည်း။ ဒါကတော့ တို့နိုင်ငံကို စော်ကားတာ လက်မခံဘူး ဆောရီး၊ ဒါမျိုးလက်မခံဘူး။”

မလေးရှားသင်္ဘောဟာ ဇန်န၀ါရီ ၁၀ရက်နေ့မှာ ထွက်လာဖို့ရှိပြီး သင်္ဘောနဲ့အတူ စားနပ်ရိက္ခာ ဆန်တန်ချိန် ၂၀၀ လောက်နဲ့ ဆေးဝါးတွေအပြင် အန်ဂျီအိုနဲ့ မီဒီယာသမားတွေ၊ နိုင်ငံရေးနဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ စေတနာဝန်ထမ်းတွေနဲ့ သင်္ဘောသားတွေ အပါအ၀င်လူ၂၀၀ လောက်လိုက်ပါလာမယ်လို့ မလေးရှား သည်စတားသတင်းမှာ ဖော်ပြပါတယ်။

မလေးရှားအစ္စလာမ်အဖွဲ့များအတိုင်ပင်ခံကောင်စီ အတွင်းရေးမှူးချုပ် ဇယ်ဟာနစ် ဇိုင်နိုကတော့ သင်္ဘောအနေနဲ့ မြန်မာပြည်ကိုဝင်ပြီးအကူအညီတွေပေးခွင့်ရတာ၊ မြန်မာရေပိုင်နက်ထဲက နေနှင်ထုတ်ခံရတာနဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခံရတာ စတဲ့ ဖြစ်လာနိုင်တဲ့ အခြေအနေ သုံး မျိုးရင်ဆိုင်ရ နိုင်တယ်လို့လည်း ပြောထားပါတယ်။

Sources; DVB

No comments:

Post a Comment