Latest News

Friday, December 30, 2016

အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ ၂ ဦးကို မောင်တော တွင် ဖမ်းမိ

အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ ၂ ဦးကို မောင်တော တွင် ဖမ်းမိ

ဒီဇင်ဘာ ၃၀

အောက်တိုဘာ ၉ ရက်နေ့က မောင်တောမြို့နယ် ကျီးကန်းပြင် အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်အား အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ ၂ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းအရ သိရှိရသည်။

ဖမ်းဆီးရမိသူ နှစ်ဦးမှာ အကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ကော်ဒီမူလာ(ဘ) ဇော်ကီအာမောက်နှင့် မာမွတ်အာလောင် (ဘ) အော်လီအာမတ်တို့ ဖြစ်ကြသည်။

သူတို့နှစ်ဦးသည် မောင်တောမြို့နယ် ကျီးကန်းပြင် (အနောက်ရွာ)တ၀ိုက်တွင်  ပြန်လည် ၀င်ရောက်လျက်ရှိကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ကျေးရွာအတွင်း ၀င်ရောက်ရှင်းလင်းရာမှ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဖမ်းဆီးရမိသူများအား အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း (ကျီးကန်းပြင်)၌ ထိန်းသိမ်းထားရှိကာ တရားဥပဒေအရ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Sources; Narinjara

No comments:

Post a Comment