Latest News

Friday, December 30, 2016

မိမိတို့သံအရာရှိများ နှင်ထုတ်ခံရမှုအပေါ် လက်တုန့်ပြန်သည့်အနေဖြင့် အမေရိကန်သံအရာရှိများကို ပြန်လည်နှင်ထုတ်ရန် စီစဉ်နေပြီဟု ရုရှနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

မိမိတို့သံအရာရှိများ နှင်ထုတ်ခံရမှုအပေါ် လက်တုန့်ပြန်သည့်အနေဖြင့် အမေရိကန်သံအရာရှိများကို ပြန်လည်နှင်ထုတ်ရန် စီစဉ်နေပြီဟု ရုရှနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်



ဆိုက်ဘာစွဲချက်ဖြင့် ၀ါရှင်တန်အစိုးရက မိမိတို့နိုင်ငံမှ သံအရာရှိများ နှင်ထုတ်ခံရမှုဖြစ်စဉ်အပေါ် ပြန်လည်လက်တုန့်ပြန်သည့်အနေဖြင့် နိုင်ငံတွင်းရှိ အမေရိကန်သံအရာရှိ ၃၅ ဦးကို ပြန်လည်နှင်ထုတ်ရန် သမ္မတ ဗလာဒီမာ ပူတင်ထံမှ ခွင့်ပြုချက်တောင်းခံထားကြောင်း ရုရှ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

" နိုင်ငံခြားရေးဝန်ကြီးဌာနကနေ သမ္မတ ဆီ အတည်ပြုချက်တောင်းထားပါပြီ၊ မော်စကိုမှာရှိတဲ့ အမေရိကန်သံရုံးက အမှုထမ်း ၃၁ ဦး၊ နောက် စိန့်ပီတာစဘာ့ဂ်က ကောင်စစ်ဝန်ရုံးအမှုထမ်းလေးဦးတို့ကို   နိုင်ငံကနေ နှင်ထုတ်ဖို့အတွက်ပါ" ဟု နိုင်ငံခြားရေးဝန်ကြီး Lavrov က ပြောသည်။

အလားတူ အမေရိကန်ရှိ ရုရှအဆောက်အအုံနှစ်ခု ပိတ်သိမ်းခံရသည်ကို တုန့်ပြန်သည့်အနေဖြင့် မော်စကိုအနောက်ခြမ်းရှိ ကန်သံအရာရှိများ အားလပ်ရက်သုံးနေအိမ်တစ်လုံးကို ပိတ်သိမ်းလိုက်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း ၎င်းက ပြောသွားသည်။


Sources; Mizzima - News in Burmese

No comments:

Post a Comment