Latest News

Saturday, October 8, 2016

မအူပင်လွှတ်တော်အမတ် သတင်းစာရှင်းပွဲတွင် ရုန်းရင်ဆန်ခတ်ဖြစ်ပွား


By သော်ဇင်မျိုး 7 October 2016

ဧရာဝတီတိုင်း မအူပင်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အာဏာပြခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်တိုဘာ ၇ ရက်နေ့ မအူပင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမမှာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သတင်းစာရှင်းလင်းပွဲ တခုပြုလုပ်ခဲ့ပြီး ရှင်းလင်းပွဲမှာ ရုန်းရင်းဆန်ခက်ဖြစ်ပွားခဲ့တယ်လို့ ရှင်းလင်းပွဲတက်ရောက်ခဲ့တဲ့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ကနေ လမ်းတံတား ချထားပေးတာနဲ့ ပတ်သက်ပြီး မအူပင်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကညင်ဝ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရွာသားတွေနဲ့ မကျေနပ်မှုတွေဖြစ်ပွားခဲ့ရာကနေ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ အာဏာပြခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့တယ်ဆိုပြီး လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ကတော့ လမ်းတံတားချထားပေးရမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ မအူပင်မြို့နယ် တိုင်းဒေသကြီး ၂ လွှတ်တော်ကိုယ်စားလှယ်ဦးသက်ကိုလေးက ဒီဗွီဘီကို ပြောပါတယ်။

DVB TV News

No comments:

Post a Comment