Latest News

Saturday, October 8, 2016

လယ်မြေပြန်ရရေး မြို့နယ်ခြောက်ခုက တောင်သူများ စုပေါင်းကာ ပုသိမ်တွင် ဆန္ဒပြ

ပုသိမ်၊ အောက်တိုဘာ ၇

သိမ်းဆည်းခံထားရသည့် လယ်ယာမြေများ ပြန်လည်ရရှိရန် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်ခြောက်ခုမှ တောင်သူလေးရာခန့် စုပေါင်းကာ ပုသိမ်မြို့တွင် အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲ တစ်နာရီခန့်က စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။

ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ငပုတောမြို့နယ်၊ သာပေါင်းမြို့နယ်၊ မြောင်းမြမြို့နယ်နှင့် လပွတ္တာမြို့နယ်တို့မှ မြေသိမ်းဆည်းခံ တောင်သူများသည် ပုသိမ်မြို့၊ ကန်သာယာကွင်းမှ တစ်ဆင့် ပုသိမ်မြို့တွင်းသို့ လှည့်လည်ဆန္ဒပြခဲ့ကြသည်။

မတရား သိမ်းဆည်းခံ လယ်မြေများ ပြန်လည်ရရှိရေး၊ ဒေသခံပြည်သူများ မြေယာလုပ်ကိုင်ခွင့် ရရှိရေး၊ သစ်တောပိုင်မြေများနှင့် လုပ်ပိုင်ခွင့်ရသူများမှ ဒေသခံပြည်သူနှင့် လယ်သမားများ တရားစွဲဆိုခံရမှုများအပေါ် ပြန်လည်စိစစ်ပေးရေး၊ အကျင့်ပျက်ဝန်ထမ်း အလိုမရှိ စသော ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။

ဓာတ်ပုံ - Zaw G
The Voice 





No comments:

Post a Comment