Latest News

Tuesday, September 20, 2016

ပုသိမ်-ကြံခင်းရထားလမ်းပေါ်တွင် လူတစ်ဦး ရထားကြိတ်မိသဖြင့် သေဆုံး


လှမြင့်ထွန်း (မြစ်မခ)

မြန်အောင်၊ စက်တင်ဘာ(၂၀) ရက်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်-ကြံခင်းရထားလမ်းပေါ်တွင် စက်တင်ဘာ(၂၀) ရက် နံနက် (၅း၃၀)နာရီ အချိန်က လူစီးအမြန်ရထားဖြင့် လူတစ်ဦးအားကြိတ်မိသဖြင့် သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

မြန်အောင်မြို့နယ် အင်ပင်မြို့အနီး အင်ပင်မီးရထားဘူတာမှ ဟင်္သာတဘက်သို့အထွက် မိုင်တိုင် 152/7နှင့် 152/8 အကြား ကြံခင်းဘက်မှ ပုသိမ် ဘက်သို့ထွက်လာသော စက်ခေါင်းမောင်း ဦးဝင်းလတ် မောင်းနှင်သည့် အမှတ် 182 အမြန်ရထားဖြင့် ကြိတ်မိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ အင်ပင်အုပ်စု မကျီးတန်းရွာနေ ဇော်လွင်(ခ)မုဒု အသက်(၃၅)နှစ် (ဘ)ဦးထွန်းချို ဖြစ်ကြောင်း သိရသည်။

“ရထားလမ်းဘေး  ရိုးချောင်းထဲကို ညတိုင်း  ငါးသွားရှာရပါတယ် အရင်ညတွေတော့ အိမ်ပြန်တာက
စောတယ်။ ဒီညတော့ အိမ်ပြန် နောက်ကျတာပါ။ သူက ရိုးချောင်းထဲ ဆင်းပြီး ငါးရှာတာပါ။ ရထားလမ်းပေါ် အိပ်ရေးပျက်တော့ ပြန်တက် အိပ်နေရင်းနဲ့ အခုလိုဖြစ်တာပါ။”ဟု သေဆုံးသူ၏ ဇနီးဖြစ်သု မယဉ်အေးက ပြောသည်။

အဆိုပါ ရထားကြိတ် သေဆုံးမှုကို မြန်အောင်မြို့နယ် အင်ပင်နယ်မြေ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်
၆/၂၀၁၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း အင်ပင်နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်ထွန်းထံမှ သိရသည်။

No comments:

Post a Comment