တင်တင်ဝေ(မြစ်မခ)
ပုသိမ်၊ စက်တင်ဘာ(၇)ရက်။
ပုသိမ်မြို့၊ အမှတ်(၂)ရပ်ကွက် ကမ်းနားလမ်တွင် ဆောက်လုပ်နေသည့် ကမ်းနားဈေးသစ်ကြီး၌ အလုပ်လုပ် ကိုင်နေသည့် နေ့စားအလုပ်သမား(၁၀၀)ခန့် လုပ်အားခမရရှိသည်မှာ (၁၅)ရက်ခန့် ကြာမြင့်နေပြီဖြစ်သဖြင့် စက်တင်ဘာလ(၇)ရက် နေ့လည်ပိုင်းက လုပ်ငန်းခွင်ပြင်ပတွင် စုရုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဈေးအား ချမ်းမြေ့ရွေစင်ဆောက်လုပ်ရေးမှ တာဝန်ယူဆောက်လုပ်နေခြင်းဖြစ်ပြီး ပန်းရံ၊ လက်သမားနှင့် အထွေထွေလုပ်သား(၁၀၀)ကျော်မှ လုပ်အားခရလိုခြင်းအတွက် စုရုံးမူဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်လုပ်သားတွေကို လုပ်အားခငွေမရှင်းပေနိုင်တာ(၁၅)ရက်ကျော်နေပြီ ကန်ထရိုက်က ဒီနေ့ နေ့လည် (၁)နာရီတွေ့ပေးမယ်လို့ ပြောလို့ စောင့်နေရကြောင့် ဖုန်းဆက်မေးတော့လည်း နောက်ကျမယ်အခုလာမယ် ပြောပြီးမရောက်လာလို့ စုရုံးမှုဖြစ်ပွားခဲ့တာ။” ဟု ယင်းအလုပ်မှ ပန်းရံခေါင်းဆောင် ကိုမျိုးဝင်းကပြောသည်။
အဆိုပါဈေးဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်အားခပေးချေမှုကို ကန်ထရိုက်၊ ဆပ်ကန်ထရိုက်များမှ တစ်ဆင့်ပေးချေမှုများ လုပ်ဆောင်နေပြီး လုပ်ငန်း၏ (၉၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
“ကျွန်တော်ကလုပ်ငန်းပမာဏ ပြီးဆုံးမူပမာဏအပေါ်မူတည်ပြီး ဆပ်ကန်ထရိုက်ကို ငွေကြေးပမာဏကို ပေးချေတဲ့ စနစ်ဖြစ်တယ်။ လက်ရှိလုပ်ငန်းမပြီးသေးလို့ ငွေကိုမပေးတာပါ။ ဒါပေမယ့်သူဌေးကို အကြောင်းကြားထားပါတယ်။ သူဌေးရောက်တာနဲ့ အမြန်ဆုံးဖြေရှင်းဖို့ရှိပါမယ်။”ဟု ယင်းဈေးဆောက် လုပ်နေသည့် အင်ဂျင်နီယာ ကိုတင်ထွန်းဦးက ပြောသည်။
အလုပ်သမားများအား ငှားရမ်းလုပ်ကိုင်သည့် ကန်ထရိုက်များသည် ကုမ္ပဏီမှ ငွေမရှိခြင်းကြောင့် လုပ်အားခများ မပေးချေနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
“လုပ်ငန်းခွင်သုံးဆောက်လုပ်ရေးပစ္စည်းများပြတ်တောက်မူကြောင့် လုပ်ငန်းမပြီးပြတ်နိုင်တာတွေရှိတယ်။ အစိတ်အပိုင်းတွေအတွက် ကျွန်တော့်အနေနဲ့ ကုမ္ပဏီမှာရရှိမယ့်ငွေကျပ်သိန်း(၃၀၀)ရှိတယ်။ ဒါတွေ မရသေးတာကြောင့် လုပ်အားခမပေးနိုင်ဘူးဖြစ်တယ်။ လုပ်သားအတွက်လဲအခက်အခဲဖြစ်ပါတယ်။” ဟု ယင်းဆောက်လုပ်ရေးလုပ်ငန်းမှ labour ကန်ထရိုက် ဦးမိုးဇင်၏ တာဝန်ခံအင်ဂျင်နီယာ ဦးတင်ခိုင်က ပြောသည်။
အဆိုပါ ဈေးသစ်ကြီးအား ၂၀၁၅ ခုနှစ် ဇွန်လ(၂၄)ရက်မှ စတင်ဆောက်လုပ်နေခြင်းဖြစ်ကာ တည်ဆောက်ချိန်မှ စတင်ကာ ယခုကဲ့သို့ လုပ်အားခကြံ့ကြားမှုတစ်ကြိမ်မှ မဖြစ်ပေါ်ခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။
myitmakhamediagroup
Wednesday, September 7, 2016
ပုသိမ်ကမ်းနားဈေးသစ် ဆောက်လုပ်ရေးအလုပ်သမား(၁၀၀)ခန့် လုပ်အားခကြန့်ကြာမှုကြောင့် စုရုံးမှု ဖြစ်ပေါ်
ပုသိမ်ကမ်းနားဈေးသစ် ဆောက်လုပ်ရေးအလုပ်သမား(၁၀၀)ခန့် လုပ်အားခကြန့်ကြာမှုကြောင့် စုရုံးမှု ဖြစ်ပေါ်
Reviewed by timeayeyar
on
8:49 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment