Latest News

Wednesday, September 7, 2016

ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ် ဆွဲပြေးခိုးယူသူ (၃) ဦးအား ဖမ်းဆီးရမိ


(၇.၉.၂၀၁၆) ရက်နေ့နေလည် (၂) နာရီအချိန်တွင် ပုသိမ်မြို့
မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များသည် အထည်ချုပ်စက်ရုံ
အနီး မြို့ရှောင်လမ်းတွင် ဒုစရိုက်မှုကျုးလွန်တက်သူများသတင်းအား စုံစမ်းနေစဉ် ဆိုင်ကယ်နောက်နံပါတ်ပြားတပ်ဆင် ထားပြီး အရှိန်ပြင်းစွာမောင်းနှင်သွားသူနောက်သို့ လိုက်လံ
ဖမ်းဆီးခဲ့ရာ ပုသိမ်-ငပုတောကားလမ်း ပေါက်ကုန်းရွာအနီးဖမ်းဆီးရမိပြီး စစ်ဆေးခဲ့ရာ ထိုသူမှာ
မိုးဦး ၂၃ နှစ် အောင်မင်္ဂလာ (၄)လမ်းနေသူဖြစ်ကြောင်း ၄င်းစီးနင်းလာသောဆိုင်ကယ်မှာ လွန်ခဲ့သော ၁၅ ရက်ခန့် ည ၉ နာရီခန့်တွင် သူငယ်ချင်းများဖြစ်သော ခေါ်လေး/ ဖိုးဇော်/နောင်နောင်တို့(၄) ဦးသည် ဆိုင်ကယ်ဖြင့်အတူ သွားကာ ကင်မလင်းကျွန်းလမ်း မီးရထားသံလမ်းအနီးတွင် ဆိုင်ကယ်တွန်းလာသည့် အမည်မသိ ဇနီးမောင်နှံထံမှ ပိုက်ဆံအိတ်အား ဆွဲပြေးခိုးယူခဲ့ရာ ငွေသိန်း(၂၀) ကျော်ခန့်ရရှိခဲ့ကြောင်းနှင့်
ထိုငွေများကို(၄)ယောက် ခွဲဝေခဲ့ပြီး ၄င်းခွဲတန်းရသည့်ငွေမှ ၃၀၀၀၀၀ သိန်းကျပ်ဖြင့် ဝယ်ထားခဲ့သော
ဆိုင်ကယ်ဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ထိုနောက် ပြစ်မှုကျုးလွန်သူ တရားခံများအား လိုက်လံဖမ်းဆီးစဉ် ခေါ်လေး ၂၃ နှစ် (ဘ) ဦးဘုန်းမြင့်အား ပြစ်မှုကျုးလွန်စဉ်က အသုံးပြုခဲ့သော ဆိုင်ကယ်နှင့်လည်းကောင်း ဖိုးဇော် ၁၈ နှစ် (ဘ) ဦးကြည်အေးအား ပေါက်ကုန်းရွာတွင် လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး
ကျန်တရားခံ နောင်နောင် စန်ငံကုန်းရပ်ကွက် ပုသိမ်မြို့နေအိမ် မှ ထွက်ပြေးသွားခဲ့

အမှုမှ ကျူးလွန်သူများအား ဥပဒေအရအရေးယူ ထားရှိပြီး သိန်း (၂၀) ကျော်ခန့်ပျောက်ဆုံးသည့်
ပစ္စည်းပိုင်ရှင်အား စုံစမ်းရှာဖွေနေလျက်ရှိပါကြောင်း တရားခံများထံမှ သက်
သေခံငွေအား ပြန်လည်သိမ်းဆည်းနိုင်ရေးအတွက် စစ်ဆေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင် ကျန်ထွက်ပြေးတရားခံကိုလည်း အမြန်ဖမ်းဆီးလျက်ရှိပါကြောင်းပုသိမ်သူ/သားများအား သိစေအပ်ပါသည်
ကျေးဇူးတင်ပါသည်။





No comments:

Post a Comment