Latest News
Monday, August 8, 2016
ရေဘေးအလှူမှာ ပြီးမြောက်တဲ့  အလုပ် Work Done ဖြစ်ကြပါစေ
မနှစ်ကရေဘေးမှာ စင်္ကာပူကကျနော့် သူငယ်ချင်းကပြောသွားတယ် ဒီကသူတွေ လူနေမှုပုံစံကိုကြည့် ရတာ သေမယ့်နေ့ ကို ထိုင်စောင့်နေသလိုပဲတဲ့  အဲ့ တာက သူပြောခဲ့ တာ ။
ဒါနဲ့ ဒီနှစ်ရေတွေတတ်လာတော့ ရေကြီးတဲ့  နေရာဒေသတစ်ချို့ ကျနော်ရောက်တော့ ရေဘေးလာပေးတာလားမသိဘူးတဲ့  ရွာသားတွေရဲ့ အာမေဠိတ်အသံကကျနော် ကြားလောက်တဲ့ အထိ ဖြစ်လာတယ်ကျနော်တို့ လူမျိုးတစ်ချို့ လေ  ထိုင်စောင့်နေတယ်လို့ ပဲပြောချင်တယ် ။
အစိုးရအဖွဲ့ ကိုယ်တိုင်ကိုပင်ဖြစ်လာမှသာလျှင် ခါးတောင်းကျိုက်ပြီး တာတွေဆည်တွေ လိုက်ကြည့်တယ်။
စစ်ဆေးတယ် ။မနှစ်ကသမ္မတတို့  ပါတီခေါင်းဆောင်တစ်ချို့ ဆိုတာလည်းရဟတ်ယာဉ်ကြီးတွေနဲ့ 
နိုင်ငံခေါင်းဆောင်တွေ ဆိုတော့ ကျနော်တို့ ဂျာနယ်လစ်တွေကလည်းမနေနိုင်မထိုင်နိုင်လိုက်ကြ မေးကြရေးကြ။တစ်ချို့ ဝန်ကြီးချုပ်ဆို ရေဘေးသင့် ဒေသတွေသွားရင်းဒုက္ခရောက်နေလို့ ဆိုပြီး လဖက်သုတ်တစ်ပွဲ
ရှစ်ထောင်ပေးစားတဲ့  ၀န်ကြီးချုပ်တောင်ရှိတယ် ။
ဂျာနယ်လစ်တစ်ချို့ ဆိုလည်း ကျနော်ပါပါပါတယ် သနားလို့  မနေတတ်လို့ ဆိုပြီးဆန်အိတ်တွေကြိုံးထမ်း
အကူညီတွေတောင်းဘာတွေလုပ်ညာတွေလုပ်ဆိုတော့ စီနီယာအမတစ်ယောက်က ဆန်တစ်အိတ်ဝန်ထမ်းတာလည်းလုပ်ပါ ကူပါမကူနဲ့ မပြောဘူးသို့ သော်လူပေါင်းများစွာသိသွားအောင် အစိုးရကသိသွားအောင် သတင်းတစ်ပုဒ် ဆောင်းပါးတစ်ပုဒ်ရေးပေးရင်ပိုမကောင်းဘူးလားဆိုလို့ ကိုယ်တောင်ဟုတ်သားဆိုပီး
မနည်းမရှိန်လျော့ရတာ။
ရေကြီးတာ တစ်ချို့ ဒေသတွေ ရေဘေးသင့်တာ လက်ခံတယ် သို့ သော်တစ်ချို့ နေရာတွေကရေကြီးတဲ့ 
ဒေသမှာနေပြီး ရေကြီးတာ မဆန်းဘူး ရေဘေးသင့်မှု ရေကြီးနစ်မြုပ်မှုဆိုတာ တစ်ကြီမ်တစ်ခါမှ မဖြစ်ဘူးတာ စံချိန်တင်နစ်မြုပ်တာ လူတွေ ဒုက္ခရောက်ကြတာ ။။
နေစရာမရှိတော့တာ ၀တ်စရာမရှိတော့တာ စားစရာမရှိတော့တာ ။
သို့ သော်လည်း နောက်ပိုင်းမှာ လူမှုကွန်ယက်တွေပေါ် ပုံတွေ တက်လာကြ လှူတဲ့ သူတွေကလည်း လှူကြနဲ့ ကောင်းပါတယ် ။မနှစ်ကဆိုလည်းကျနော်တို့ ကိုယ်တိုင်ပဲပါဝင်ခဲ့ တယ် သို့ သော် ကျနော် ဂျာနစ်လစ်တစ်ယောက်အနေနဲ့  အစိုးရကို မေးခဲ့ တယ် ဒီနှစ်ဒီလိုဖြစ်ရင် နောက်နှစ်မဖြစ်အောင် ဘယ်လိုကြိုတင်ပြင်ဆင်မှုလုပ်မလဲဆိုတာ တိကျတဲ့ အဖြေမပေးခဲ့ ဘူး ဒီနှစ်လည်းအစိုးရ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ဆည်တွေ ရေပို လွဲတွေ စီစစ်ခိုင်းတယ်ပြောတယ် ။
သို သော်ဒီနှစ်မှာလည်း ရေကြီးမှုတွေ ဖြစ်လာတယ် တစ်နိုင်ငံလုံးရေဘေးသင့် သုံးသိန်း ရှိနေပြီး လူလေးဦးသေပြီလို့  သြဂုတ်လ (၇)ရက်နေ့ အထိလူမှုဝန်ထမ်းးကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးက
ဆိုတော့ လိုတိုရှင်းပြောရရင် ကျနော် လေ့ လာမိသလောက် ရေကလည်းတက်တယ်။
ဟုတ်တယ် မနှစ်ကတက်တဲ့ ရေကိုမှီတော့မယ် စားစရာမရှိတော့ဘူး ဒုက္ခရောက်နေပြီးဆိုလားဆိုလည်း
ဟုတ်တာပဲ။ဘာကြောင့်လည်းဆို မိုးတွင်းကာလ ရေတက်တဲ့ ကာလက လုပ်ငန်းခွင်မှာကိုက ရှာလို့ 
ဖွေလို့ ခက်ခဲ့ တဲ့ အချိန်လေ။ ဒါနဲ့ အိမ်ထောင်စုတစ်စုကိုကျနော်လေ့လာတယ် သူတို့ နှစ်စဉ်လုပ်နေတဲ့ 
အလုပ် မြုန်းထောင်တဲ့ သူ တစ်နေ့ လေးထောင်လောက်ရတယ် ဒါဆိုတစ်နေ့ စာလုံးလောက်တယ်ပြော
တယ်..
နောက်အိမ်ထောင်စုတစ်စုကတော့ ဘယ်ကသာအလုပ်ကလည်းပါးလုပ်စရာလည်းမရှိတော့ စာဖို့ သောက်ဖို့ အဆင်မပြေတော့ဘူးတဲ့  အဲ့ တာ ရေဘေး လေးများပေးရင်တော့ ကောင်းမယ်တဲ့  ။
ဝန်ထမ်းတွေကတော့ အဆင်ပြေပါတယ် လစာလေးလည်းရှ်တော့ ဒါပေမဲ့ နေစရာထိုင်စရာတော့
ဒုက္ခရောက်တာပေါ့တဲ့ ။
ကိုယ့် ဘာသာ စဉ်းစားပေါ့ဗျာ။။
အလှူရှင်တွေအနေနဲ့ ကိုကျနော် မလှူနဲ့ ပြောတာမဟုတ်ဘူး လှူတာကအလှူလေ ပေးကမ်းခြင်း တစ်မျိုး
ပဲပေါ့။ ဟုတ်တယ်တကယ်ပဲ အကျိုးရှိတယ်လေ ဘာ့ကြောင့်လဲဆို ဆင်းရဲတဲ့ နိုင်ငံ အိမ်ထောင်စုတစ်စု ဆိုလည်း သူလုံလာက်တဲ ၀င်ငွေမရှိဘူးလေ အိုကေ ခုဆို လှူမယ်ဆို သွားမယ်ဆို ရေကြိးတဲ့ ဒေသရေတွေတက်နေတဲ့ နေရာဒေသတွေကိုသွားလို့ ရပြီ လှူလို့ ရပြီ ကျနော် တစ်ခုပြောချင်တာက ကျွမ်းကျင်သူတွေချိတ်
ဒေသခံတွေ နယ်မြေကျွမ်းကျင်သူတွေ ချိတ် လာလှူပြီး လှူတဲ့ သူတစ်ချို့  အန္တရာယ်တစ်စုံတစ်ရာဖြစ်မယ်
ဆိုရင် ပြီးမြောက်တဲ့ အလုပ်မဟုတ်ဘူး ။
တကယ်လိုအပ်တဲ့ သူတွေဆီအကူညီမရောက်ရင်လည်း ပြီးမြောက်တဲ့  အလုပ်မဖြစ်ဘူး။
အစိုးရကလည်း ဖြစ်လာမှာခါးတောင်းကြိုက်လိုက်ကြည့်လည်း ပြီးမြောက်တဲ့ အလုပ်မဖြစ်ဘူး ။
ရေကြီးတဲ့ ဒေသတွေရေကြီးရင်ရေဘေးလာပေးမယ်ဆို့ တဲ့  စိတ်ဓတ် ကလည်းပြီးမြောက်တဲ့ 
အလုပ်မဖြစ်ဘူး ။
စေတနာအရင်းခံထားကူညီပေးတဲ့ သူတစ်ချို့ စိတ်အနျောက်ယှက်ဖြစ်မယ်ဆိုလည်း ပြီးမြောက်တဲ့ 
အလုပ်မဖြစ်ဘူး။
ကိုယ်ပေးလှူခဲ့ ပြီးနောက်မှာ အဝေမမျှလို့ ရန်ဖြစ်နေကြမယ်ဆိုလည်း ပြီးမြောက်တဲ့အလုပ်မဖြစ်ဘူး။
သို့ သော် ပြီးမြောက်တဲ့ အလုပ်ဖြစ်အောင် အားလုံးဝိုင်းကြိုးစားကြမှရမယ်လို့ကျနော်ထင်တယ် ။
ဧရာဝတီတိုင်းအတွင်း သွားချင်တယ်လာချင်တယ်ဆို ရင်တော့ ကျနော်တတ်နိုင်သလောက်ကူပါ့မယ်။
မျိုးမင်းပိုင်။
၀၉ ၉၇၂၅၄၆၈၅၈။သြဂုတ်လ (၇)ရက်နေ့  ၂၀၁၆ ခုနှစ်
ဓာတ်ပုံ
သာပေါင်းမြို့ နယ် သဘော့ချောင်း ကျေးရွာ- လိပ်ကမ္ဘာ ကျေးရွာ- ဂျုံးဂျုံးကျ ကျေးရွာ
- သရက်တော ကျေးရွာ- မကျီးကုန်း ကျေးရွာ- ထန်းပင်ကွင်း ကျေးရွာ- ဒလယ်အက် ကျေးရွာ
- ကညင်ပင် ကျေးရွာ- အင်းကလေး ကျေးရွာ- ထန်းကြို့ကုန်း ကျေးရွာ- ထန်းဇင်လှ ကျေးရွာ
- ကန့်လန့် ကျေးရွာ- ဆယ်ကြီးကျေးရွာ- မာန်တိုင် ကျေးရွာ- စစ်ပင်ကြီး ကျေးရွာ- ဘုရားညီ ကျေးရွာ
- ရေချို ကျေးရွာ- ဂုန်ညှင်းတန်း ကျေးရွာ- ရွာဟောင်း ကျေးရွာ- အလယ်ကျွန်း ကျေးရွာ
- ရေကျော်ဝ ကျေးရွာ ကြို့ ကုန်း ဒေါင့်ကြီး သိမ်ချောင်း ပိန္နဲချောင်း ၊ ဇီးဖြူကွင်း ငုချောင်း ထန်းပင်ချောင်း ကင်းတပ် နှင့် ၎င်းတို့နှင့်တစ်ဆက်တည်းတည်ရှိကြသည့် ကျေးရွာများထဲက ပုံအချို့။
No comments:
Post a Comment