Friday, August 5, 2016
ပုသိမ်မြို့ စက်မှုဇုန်အလွန် ဆီဆုံလမ်းဆုံဖြစ်ပွားသော လူသတ်မှုမှ တရားခံများအား ဖမ်းဆီးရမိ
(၃၀.၇.၂၀၁၆) ရက်နေ့ည (၈)နာရီအချိန် ကန်ကြီးထောင့်မြို့
တံခွန်တိုင်ရွာနေ ဦးတင်စိုးနှင့် သားဖြစ်သူ ထက်ပိုင်စိုးမှာ
ပုသိမ်မြို့ စက်မှုဇုန်အနီး လင်းပြည့်ဆန်စက်သို့ စပါးလာ
ရောက်ကြိတ်ခွဲပြီးနောက် ရွာသို့ပြန်ရန် ဆန်စက်ဘေး ကွမ်းယာဆိုင် စောင့်နေစဉ် ဆန်စက်အလုပ်သမား ညွန့်ဝင်း (ခ) ဆံရှည် ၃၈ နှစ် စိုင်ခြံရွာနေသူနှင့် အမည်မသိသူတစ်ဦးတို့
ရောက်ရှိလာကာ စကားများပြီး၎င်းတို့နှစ်ဦးမှ ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခဲ့သဖြင့် ထက်ပိုင်စိုးတွင်ဒဏ်ရာများရရှိကာ (၃၁.၇.၂၀၁၆) ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီးတွင်သေဆုံး
သွားခဲ့။
အမှုမှ ကျုးလွန်ပြီးထွက်ပြေးတိမ်းရှောင်နေသော တရားခံများ
အား ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ပုသိမ်မြို့မရဲစခန်းမှူးတို့ဧ် ကြီးကြပ်မှုဖြင့် ပုသိမ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အဖွဲ့မျာခွဲလျက် လိုက်လံဖမ်းဆီးခြင်း တရားခံဧ် စိုင်ခြံရွာအနီးတွင် ကင်းပုန်းဝပ်စောင့်ဆိုင်းဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ရာ (၅.၈.၂၀၁၆)ရက်နေ့ နေ့လည်ပိုင်းတွင် တရားခံ ညွန့်ဝင်း (ခ) ဆံရှည်နှင့် ၄င်းယောက်ဖဖြစ်သူ မင်းသူ (ခ) လင်းနိုင်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း
ပုသိမ်မြို့သူ/သားများအား သိစေအပ်ပါသည်
ကျေးဇူးတင်ပါသည်
Zaw Min Tun
ပုသိမ်မြို့ စက်မှုဇုန်အလွန် ဆီဆုံလမ်းဆုံဖြစ်ပွားသော လူသတ်မှုမှ တရားခံများအား ဖမ်းဆီးရမိ
Reviewed by timeayeyar
on
7:27 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment