Latest News

Thursday, August 4, 2016

လူငယ်နှစ်ဦးမှ ပုသိမ်မြို့ ကန်သုံးဆင့်(ကန်ပတ်လမ်း)တွင် ဓါးမြောင်ဖြင့်ထောက်ကာဖုန်းနှင့်ငွေများယူဆောင်မှုဖြစ်ပွားခြင်း


အမည်မသိလူငယ်နှစ်ဦးမှ ပုသိမ်မြို့ ကန်သုံးဆင့်(ကန်ပတ်လမ်း)တွင် ဓါးမြောင်ဖြင့်ထောက်ကာကြောင်အောင်ပြုလုပ်ပြီးဖုန်းနှင့်ငွေများယူဆောင်မှုဖြစ်ပွားခြင်း
ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းမြင့်ထူး၏လမ်းညွှန်းချက်ဖြင့် ပုသိမ်ခရိုင်အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့မှရဲအုပ်ငြိမ်းချမ်းကျော် ရဲအုပ်စန်းယုနိုင် တကကစိုးဝင်းနိုင် တကကျော်စွာဝင်း တကညီညီဇော် ဒုတကစိုးနောင်ဇော် ပုသိမ်မြို့မရဲစခန်းမှတသအောင်မင်းသူ ပုသိမ်နယ်မြေရဲစခန်းမှတသထက်အောင်ထွန်းတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူပုသိမ်မြို့ပေါ်တွင်လည့်ကင်းဝပ်ကင်းများဆောင်ရွက်နေစဉ် ၄့၈့၂၀၁၆ ရက်နေ့ ၂၁၃၀ အချိန်တွင် မောင်ထွန်းလင်ဦး ပုသိမ်ဆေးရုံဝန်ထမ်းအိမ်ယာနေထိုင်သူသည် သူငယ်ချင်းဖြစ်သူ မ့နှင့်အတူ ကန်သုံးဆင့် ကန်ပတ်လမ်းတွင် စကားပြောရန်အတွက်လာရောက်ခဲ့ကြောင်း ကန်ပတ်လမ်းလျောက်လမ်းအနီးတွင် ဆိုင်ကယ်အားဇက်သော့ခတ်ရပ်ခဲ့ပြီးဆိုင်ကယ်နှင့်မလှမ်းမကမ်းရှိရွှေစင်လမင်းစက်သုံးဆီအရောင်းဆိုင်နောက်ဖက်ရှိထိုင်ခုံတွင်စကားပြောနေစဉ် အမည်မသိလူငယ်နှစ်ဦးမှ ထီးတစ်ချောင်းအားနှစ်ယောက်အတူဆောင်း၍ရောက်ရှိလာပြီး မောင်ထွန်းလင်းဦးနှင့်မ့တို့ထိုင်စကားပြောနေသည့် ထိုင်ခုံအနီးမှဖြတ်လျောက်သွားကြောင်း ထိုနောက်ထိုအမည်မသိလူငယ်နှစ်ဦးမှာ ကိုယ်ပေါ်ပိုင်းအင်္ကျိမပါဘဲမျက်နှာအားအဝတ်များစည်းကာ တစ်ဦးမှလက်ထဲတွင်ဓါးမြောင်တစ်ချောင်းအားကိုင်လျက် မောင်ထွန်းလင်းဦးတို့ထံရောက်ရှိလာပြီးဓါးမြောင်ကိုင်ထားသောလူငယ်မှထွန်းလင်းဦး၏လည်ပင်းအားဓါးဖြင့်ထောက်၍ပါသည့်ပစ္စည်းများပေးရန်ပြောကာ ဖုန်းနှင့်ငွေများအားထည့်ထားသည့် ထွန်းလင်းဦး၏လည်ပင်းတွင်ရေစိုခံအိတ်၏ကြိုးအား ဓါးမြောင်ဖြင့်ဖြတ်ကာယူဆောင်ထွက်ပြေးသွားသဖြင့် ထွန်းလင်းဦးမှ ဓါးမြောင်ဖြင့်ထောက်ကာ ကြောင်အောင်ပြုလုပ်ပြီးပစ္စည်းများနှင့်ငွေများအားယူဆောင်သွားသူအမည်မသိလူငယ်နှစ်ဦးအားစုံစမ်းဖော်ထုတ်ဖမ်းဆီးပေးပါရန်အကူအညီတောင်းဖြင့် ဆက်လက်၍စုံစမ်းဖော်ထုတ်မှုများပြုလုပ်ရာ ငြိမ်းချမ်း ၁၈/၁၆နှစ် (ဘ)ဦးပြုံး ကုသိန္ဒာရုံအတွင်းလမ်း (၆)ရပ်ကွက် ပုသိမ်မြို့နေသူနှင့် မြတ်မင်းစိုး ၁၈/၁၆နှစ် (ဘ)ဦးကိုဦး ကျေုာက်စရစ်ကုန်းအတွင်းလမ်း (၈)ရပ်ကွက် ပုသိမ်မြို့နေသူတို့နှစ်ဦးအား အခင်းဖြစ်ပြီး ၂၂၃၀ အချိန်တွင် စုံစမ်းဖော်ထုတ်ဖမ်းဆီးရမိပြီး ၅့၈့၂၀၁၆ရက်နေ့ ၀၃၅၅အချိန်တွင် ထွန်လင်းဦးမှ ပုသိမ်မြို့မရဲစခန်းတွင် တရားလိုပြုလုပ်ပြီး ပုသိမ်မြို့မရဲစခန်း(ပ)၃၄၄/၂၀၁၆ ရာဇသတ်ကြီးပုဒ်မလ၃၈၆ အရအမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပါသည်
Bu Gyi





No comments:

Post a Comment