Latest News

Sunday, August 21, 2016

ဝမ်းရေးအတွက် အသက်ပေးခဲ့ ရတဲ့ ဆရာမလေး


မျိုးမင်းပိုင်
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့ နယ် ရွေညောင်ပင်အုပ်စု ဘုရားငူ ကျေးရွာ ကမူလတန်းပြ ဆရာမ
 ဒေါ်နွဲ့ ရီစိုးတစ်ယောက်  ခင်ပွန်းဖြစ်သူကိုနေလင်းကျော်တို့ သြဂုတ်လ(၁၄)ရက်နေ့ မှာ ငါးဖမ်းသွားရင်း
 လှေမှောက် သေဆုံးခဲ့ ပါတယ်။
ရေကြီးရေလျံမှုကြောင့် စားဝတ်နေရေးအဆင်ပြေဖို့ အတွက် အမျိုးသား မြုန်းထောင်သွားတာကိုလိုက်သွားရင်း ကွင်းလယ်မှာ လေရော လှိုင်းပါမိပြီး လှေနစ်မြုပ်သွားလို့  မူလတန်းပြဆရာမလေးရော သူ့ အမျိုးသားပါ သေဆုံးခဲ့ တာပါ။
သြဂုတ်လ(၁၆)ရက်နေ့ ဆရာမလေးကို ဂြိုလ် မယ့်နေ့ မှာပဲ အမျိုသားဖြစ်သူ ကိုနေလင်းကျော်အလောင်းကိုလည်း ပြန်လည် ဆည်ယူရရှိခဲ့ ပါတယ်။

ဒေါ်နွဲ့ ရီစိုးနဲ့  ကိုနေလင်းကျော်တို့ နှစ်ဦးဟာ တက္ကသိုလ်တက်ရင်း မေတ္တာမျှကာ ၂၀၁၀ ခုနှစ် မတ်လ ၃၁ရက်နေ့  မှာ အိမ်ထောင်ပြု ခဲ့ ကြတာပါ။
အခုလက်ရှိမှာတော့ သူတို့ ဇနီးမောင်နှံမှာ လေးနှစ်အရွယ်သားလေးတစ်ယောက် ရှိနေပါပြီ။
ကျနော့်သားက  ကျောင်းတက်ရင်း မေတ္တာမျှတဲ့ အခါတောင်းရမ်းပေးပါဆိုလို့ ကျနော်ကိုယ်တိုင်တောင်းရမ်းမင်္ဂလာဆောင်ပေးခဲ့ တာပါ ဟု ကိုနေလင်းကျော် ဖခင်ဦးကျော်ဆန်းကဆိုပါတယ်။
၂၀၀၉ခုနှစ်မှာမြန်မာစာအထူးပြုဘာသာရပ်နဲ့ ဘွဲ့ ရခဲ့ ကြတဲ့ စိတ်တူကိုယ်တူ လင်မယားနှစ်ယောက် ဆရာ၊ဆရာမ လုပ်ဖို့  စိတ်ကူးပြီး လုပ်အားပေးဝင်ကူ ရင်း နေ့ စားလပေး အဖြစ်လျောက်ထားခဲ့ ပေမဲ့ ကိုနေလင်းကျော်တစ်ယောက်က ဆရာဖြစ်ဖို့ ကံပါမလာခဲ့ ပါဘူး။
ကျနော့်သားက လည်းဆရာဖြစ်ချင်လို့  နှစ်နှစ်ဝင်ဖြေပေမဲ့  မပါဘူးအဲ့ တော့ လယ်လုပ်တယ် ရေကြီးချိန်ဆို မြုန်းထောင်းတယ် မြုန်းထောင်းတာက ဟင်းစားလည်းရတယ် ဈေးသုံးလည်းရတယ်ဆိုပြီးလုပ်တာ လို့  ဦးကျော်ဆန်းကပြောပါတယ်။
အသက်(၂၉)နှစ်ခန့် ရှိ ဆရာမ ဒေါ်နွဲ့ ရီစိုး ဟာ သာပေါင်းမြို့ နယ် ကျွန်းကုန်း ကျေးရွာဇာတိဖြစ်ပြီး  ဘုရားငုကျေးရွာခင်ပွန်းဖြစ်သူရွာမှာ တာဝန်ကျကာ  တာဝန်ထမ်းဆောင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။
သူတို့ လင်မယားဟာ သိပ်ချစ်ကြတာ ဘယ်သွားသွားအတူတူ စားလည်းအတူ သွားလည်းအတူ တူလို့ ဒေသခံများကပြောပါတယ်။
မြုန်းထောင်းသွားတိုင်း အမျိုးသားဖြစ်သူက လေတွေမိုးတွေနဲ့ ခေါ်မသွားချင်ပေမဲ့  ဆရာမလေးကလည်း ကျောင်းပိတ်တဲ့ နေတိုင်းလိုက်သွားလေ့ရှိပါတယ်.။
ခေါ်မသွားရင်လည်း သူ့ မိန်းမစိတ်ကောက်မှာလည်းစိုးတယ် ခေါ်သွားရင်လည်း အန္တရာယ်ဖြစ်မှာ စိုးရိမ်တယ်လို့  ကိုနေလင်းကျော်က ရေနစ်မသေဆုံးခင် ရက်တွေ က ပြောလေ့ ရှိတယ် လို့ ဦးကျော်ဆန်းကဆိုပါတယ်.
လတ်တလာမှာ ကိုနေလင်းကျော်တို့ မှလေးနှစ်အရွယ်နေမင်းထက်လို့ ခေါ်တဲ့  သားလေးတစ်ဦး ကျန်ရစ်ခဲ့ ပြီး ဦးကျော်ဆန်းတို့ က မွေးစားဖို့  စီစဉ်ထားပါတယ်
သူ့ ကလေးကို လည်းသိပ်ချစ်ကြတာ သူ့ ကလေးကို သိပ်သိပ်ငယ်ငယ် ဘယ်တော့မှမထားဘူး ပညာတတ်လေးတစ်ယောက် လူတော်လူကောင်းလေးတစ်ယောက် သိပ်ဖြစ်စေချင်တာ အဲ့ တော့ ကျနော်ရှိနေဖို့ ပဲလိုတယ် ကျနော်ဒီကလေးကို ကျနော့်သားနဲ့  သူ့ မိန်းမ ဖြစ်စေချင်လို မဖြစ်ဖြစ်အောင်ထားမယ်လို့ လည်းဦးကျော်ဆန်းက မျက်ရည်များသုတ်ရင်း ပြောပါတယ်။
ယခုနှစ် (၂၀၁၆ ခုနှစ်) သြဂုတ်လ ပထမပတ်နှင့် ဒုတိယအပတ်အတွင်း  ဖြစ်ပေါ် ခဲ့တဲ့ တနိုင်ငံလုံး အနှံ့ ရေကြီး မှုတွေကြောင့် လူ (၈)ဦး သေဆုံးခဲ့ ပြီး   လူဦးရေ ငါးသိန်းခန့် ဟာ အိုးအိမ်တွေ စွန့်ခွာ ရွှေ့ပြောင်း ခဲ့ရပါတယ်.။
သြဂုတ်လ ၁၇ ရက် နေ့အထိ ရေနစ်သေဆုံးမှုစာရင်းများအရ စစ်ကိုင်းတိုင်းတွင် သေဆုံးသူ ၂ဦး၊ ကချင်ပြည်နယ်တွင် ၂ဦး၊ ရန်ကုန်တိုင်း တွင် တဦး၊ ပဲခူးတိုင်းတွင် တဦး ဧရာဝတီတိုင်းတွင်း(၂)ဦးစုစုပေါင်း၈ ဦး ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။
အခြားတိုင်းနဲ့ ပြည်နယ်မကသေဆုံးသူတွေဟာရေဘေးကြောင့် ရေစီးနဲ့ မျောပါရင်း သေဆုံးခဲ့ ကြတာဖြစ်ပေမဲ့  ဧရာဝတီတိုင်းထဲက ဆရာမနဲ့  သူ့ ခင်ပွန်းဟာ ၀မ်းစာအတွက်  ငါဖမ်းရင်း ရေနစ်သေဆုံးခဲ့ ရတာပါ။
ရေဘေး အန္တရာယ်တွေကြုံနေသည့်တိုင် ၀မ်းရေးအတွက် မြစ်ပြင်မှာ ငါးရှာရသည်က သူတို့ ရဲ့ မိသားစု စာဝတ်နေရးအခက်အခဲပြဿနာကို ထုတ်ဖော်ပြောဆိုနေသလိုလည်းဖြစ်နေပါတယ်လို့  ပညာရေးအသိုင်းဝိုင်းကပြောဆိုနေကြပါတယ်။
ကျေးလက်ဒေသမှာတာဝန်ထမ်းဆောင်နေတဲ့  ဆရာ ဆရာမ အများစု က ချို့ တဲ့ ကြပါတယ် ခုဆိုလည်း ဒီဆရာမလေးအတွက် ရော ကျန်ခဲ့ တဲ့  ကလေးလေးအတွက်ပါ စိတ်မကောင်းဖြစ်ရတယ် လို့ မြို့ နယ် ပညာရေးမှူး ဒေါ်ဝင်းဝင်းတင်ကဆိုပါတယ်
အများအားဖြင့် ကျေးလက်ဒေသမှာတာဝန်ထမ်းဆောင်နေတဲ့ ဆရာ ဆရာမ အများစုမှာ စားဝတ်နေရေးပြဿနာနဲ့  သွားရေးလာရေး အခက်အခဲများစွာရှိနေပါတယ်။
နေမင်းထက်ကတော့ သူ့ အဖေနဲ့ အမေ ဘယ်တော့မှ ပြန်မလာတော့ ဘူးလို့ ပြောတဲ့ အခါတိုင်း ကောင်းကင်ပေါ်တက်သွားပြီလို့ ဆိုပါတယ်။

No comments:

Post a Comment