Latest News

Tuesday, August 23, 2016

ထိုင်းအစိုးရနှင့် ဘုရင့် သမီးတော်တို့က ဧရာဝတီတိုင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ကျပ် ၁၈ ဘီလီယံတန်ဖိုးရှိ ပစ္စည်းများ ကို ပေးပို့လှူဒါန်း




ထိုင်းအစိုးရနှင့် ဘုရင့် သမီးတော်တို့က ဧရာဝတီတိုင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ကျပ် ၁၈ ဘီလီယံ(ကျပ်သန်းပေါင်းတစ်သောင်းရှစ်ထောင်)တန်ဖိုးရှိ ပစ္စည်းများ ကို သြဂုတ် ၁၆ ရက်က ပေးပို့လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းဘတ်ငွေသန်း၅၀၀ တန်ဖိုးရှိ ရေသန့်ဆေး၊ အသုံးအ ဆောင်များ၊ အစားအစာ၊အ၀တ် အထည်နှင့် ဆေးဝါးများပေးပို့ ထောက်ပံ့ခြင်းဖြစ်ပြီး ဧရာဝတီ တိုင်းဒေသကြီးရှိ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့မည်ဖြစ်ကြောင်း သြဂုတ် ၁၆ရက်တွင်နိုင်ငံပိုင်သတင်းများက ထုတ်ပြန်သည်။

အဆိုပါပစ္စည်းများကို ထိုင်း နိုင်ငံမဲဆောက်မြို့မှတစ်ဆင့်ဘား အံမြို့ရှိ ကရင်ပြည်နယ်အစိုးရအ ဖွဲ့ရုံးသို့ပေးပို့ခဲ့ကြောင်း၊ ရန်ကုန်မြို့ရှိ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဗဟိုသိုလှောင်ရုံသို့ ပို့ဆောင်ပြီး ထိုမှတစ်ဆင့်ဧရာဝတီတိုင်းဒေသကြီးသို့ ဆက်လက်ပို့ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၉ရက်မှ သြဂုတ် ၁၆ရက်အထိ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ရေဘေးကူညီရေးအဖြစ် အလှူငွေစုစုပေါင်းကျပ် တစ်ဘီလီယံကျော်အမေရိကန်ဒေါ်လာ ငါးသိန်းကျော်၊ထိုင်းဘတ်ငွေ ၈၉,၁၀၀၊ မလေးရှားရင်းဂစ် ၂,၀၀၀လက်ခံရရှိထားကြောင်း အဆိုပါကော်မတီက ထုတ်ပြန်ထားသည်။

နိုင်ငံတကာအကူအညီများ မှာ သြဂုတ် ၁၁ ရက်အထိ စာ ရင်းများအရ ထိုင်း၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံတို့မှ ရေဘေး ထောက်ပံ့ကူညီရေးအဖြစ် အမေ ရိကန်ဒေါ်လာလေးသိန်းခန့်နှင့် ထောက်ပံ့ရေးပစ္စည်းများရရှိထား ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း များနှင့် စီးပွားရေးဦးစီးဌာနမှ သ တင်းရရှိသည်။

ထိုင်းအစိုးရနှင့်ဘုရင့်သမီးတော်လှူဒါန်းသည့် ပစ္စည်းများသယ်ဆောင်လာသော ယာဉ်တန်းကိုတွေ့ရစဉ်(ဓာတ်ပုံ - MOI)

‪7Day‬

No comments:

Post a Comment