Latest News

Tuesday, August 30, 2016

၆၆ ဃ ဖြင့် ဖမ်းဆီးခံရသည့် လပွတ္တာမြို့ခံ သတင်းထောက် လင်မယားနှစ်ဦး ကိုယ်ပိုင်ခံဝန်ဖြင့် လွတ်မြောက်


မျိုးမင်းထွန်း (မြစ်မခ)

လပွတ္တာ၊ သြဂုတ်(၃၀)ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့မှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသော သူရိယအလင်းဂျာနယ်မှ သတင်းထောက် ကိုဇော်မျိုးဦးနှင့် ဇနီး မစန်းစန်းအေးတို့အား သြဂုတ် (၂၉)ရက် ရက်နေ့ ရုံးချိန်းတွင် ဆက်သွယ်ရေးဝန်ကြီးထံမှ မှတ်ချက်မကျ၍ ကိုယ်ပိုင်ခံဝန်ဖြင့်ပြန်လွှတ်ပေးခဲ့ကြောင်း လပွတ္တာမြို့နယ်တရားရုံးမှ သိရှိရသည်။

ကိုဇော်မျိုးဦးသည် Zawmyo Stephan အမည်ဖြင့် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ၂၀၁၅ ခုနှစ် စက်တင်ဘာ လအတွင်းက ဘီတွတ်ကျေးရွာ NLD ပါတီဝင်များအပေါ် အသရေဖျက်ခြင်း မလျှော်သြဇာသုံး၍ခြိမ်းခြောက်ခြင်း တို့ ပြုလုပ်ခဲ့သည်ဟုဆိုကာ ဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန် သြဂုတ်လ ၁၅ ရက်နေ့က ပါတီဝင် ဦးရွှေကိုကိုက ကန်ဘက်ရဲစခန်းသို့ လာရောက်တိုင်ကြားသဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

“အကောင့်တစ်ခုက ရေးထားတဲ့ စာကို မိတ္တူထုတ်ထားတဲ့ စာရွက်ပြပြီး ၀ရမ်းမလိုဘူးဆိုပြီး ရဲ ၆ ယောက်လောက်က မိုးချုပ်ခါနီးလာဖမ်းတာ။ အမျိုးသမီးကိုလဲ ဆွဲလွဲပြီး ကလေးနှစ်ယောက်ကလည်းငိုယိုပြီး ဖြစ်ကြတော့ ကလေးတွေရှေ့မှာ စိတ်ထိခိုက်အောင် ပတ်ဝန်းကျင်မှာသိက္ခာကျအောင် လုပ်ပြီးဖမ်းခဲ့တာပါ။ တကယ်လို့ ဖမ်းချင်ရင်တောင် အကောင့်တစ်ခုထဲ ဖြစ်တဲ့အတွက် ကျွန်တော့်ကို ပဲဖမ်းရမှာပါ။”ဟု ဖမ်းဆီးခံရသူ ကိုဇော်မျိုးဦးက ပြောသည်။

အကောင့်တစ်ခုတည်းနှင့် လင်မယားနှစ်ယောက်စလုံးဖမ်းထားခြင်းသည် ဆက်သွယ်ရေးဥပဒေနှင့် ညီမညီ ပြန်လည်စိစစ်ပေးလိုကြောင်း ထိုသို့သာ တိုင်ကြားသမျှအား ရဲတပ်ဖွဲ့မှ အာမခံမရသည့် ပုဒ်မဖြင့် လိုက်လံ ဖမ်းဆီးနေပါက Facebook သုံးစွဲနေသည့် ပြည်သူများ၏ ဘ၀လုံခြုံမှု မရှိသလိုဖြစ်လာနိုင်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူ ကိုထွန်းထွန်းဦးက ပြောသည်။

ကိုဇော်မျိုးဦးတို့ ဇနီးမောင်နှံသည် ဘီတွတ်ကျေးရွာနှင့် ပတ်သတ်ပြီး မဟုတ်မမှန် ရေးသားမှုများစွာကို လူမှုကွန်ယက်တွင် တင်ကာဖြန့်ချိမှုများ ပြုလုပ်ခဲ့သဖြင့် ဆက်သွယ်ရေးဥပဒေပုဒ်မနှင့် အရေးမယူခင်ကပင် ရဲတပ်ဖွဲ့ထံသို့ တိုင်ကြားမှုများပြားစွာရှိခဲ့ကြောင်း လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။

“ဇူလိုင်လအတွင်းကလည်း မဘသအဖွဲ့ကို ညစ်ညမ်းတဲ့စာသားတွေရေးသားခဲ့တာကို ဆရာတော်တွေက ရေးသားသူကို စုံစမ်းဖော်ထုတ်ပေးပါရန် ဆိုပြီး တိုင်တော့ ရဲစခန်းကို ခေါ်တဲ့အခါ ဖေ့ဘွတ်စ်ပေါ်မှာ ဇော်မျိုးဦးဆိုတဲ့ သူ့ရဲ့အကောင့်နာမည်ကို အသုံးပြုပြီး တစ်စုံတစ်ယောက်ကနေ ရေးသားပါတယ်လို့ ထွက်ဆိုဖူးပါတယ်။”ဟု လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူး တင်မောင်ဌေး ကပြောသည်။

ကိုဇော်မျိုးဦးနှင့် ၎င်း၏ ဇနီး မစန်းစန်းအေးတို့အား ကန်ဘက်နယ်မြေ ရဲစခန်းမှ (ပ) ၆၇/၂၀၁၆ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး သြဂုတ်(၂၉)ရက်က လပွတ္တမြို့နယ် တရားရုံးမှ ကိုယ်ပိုင်ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ကာ စက်တင်ဘာလ ၈ ရက်နေ့သို့ ရုံးချိန်းပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။
myitmakhamediagroup

ပုသိမ်မြို့တွင် ၂၁ ရာစုပင်လုံညီလာခံ ထောက်ခံကြိုဆိုပွဲ လူအင်အား(၁၀၀၀)ကျော်ဖြင့် လမ်းလျှောက်ပွဲ ပြုလုပ်

မျိုးမင်းထွန်း (မြစ်မခ)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် လူအင်အား(၁၀၀၀)ကျော်ဖြင့် ၂၁ ရာစုပင်လုံညီလာခံကြိုဆိုဂုဏ်ပြု ထောက်ခံလမ်းလျှောက်ပွဲကို သြဂုတ်လ(၃၀)ရက်၊ နံနက်တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကြိုဆိုဂုဏ်ပြုထောက်ခံပွဲကို ပုသိမ်မြို့ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များ၊အခြေခံပညာ ကျောင်းသား လူငယ်များနှင့် ဒေသခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Shwe Myitmakha Media Group


တိုင်းဧရာအတွင်း စက်တင်ဘာ(၁)ရက်နေ့မှ စတင်၍ လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်များကို စီမံချက်ဖြင့် ဖမ်းဆီးမည်


ဧရာဝတီတိုင်းဒေသကြီးအတွင်း အသုံးပြုနေကြသော လိုင်စင်မဲ့ မော်တော်ကားနှင့် ဆိုင်ကယ် အားလုံးကို စက်တင်ဘာ(၁) ရက်နေ့မှ စတင်ကာ စီမံချက်ချမှတ်၍ ဖမ်းဆီးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

မည်သည့်အဖွဲ့အစည်း၊ မည်သူပိုင်သည့် လိုင်စင်ကားကိုမဆို ဖမ်းဆီးသွားမည်ဖြစ်ပြီး တပ်မတော်နှင့် ဌာနဆိုင်ရာအားလုံးမှ ကားများသည် အထက်အဆင့်ဆင့်သို့ အကြောင်းကြား စာရင်းပြုစုခိုင်းထားကြောင်း သိရသည်။

လူနာတင်ကားများအား လာရောက် အကြောင်းကြားစေကာ သံဃာတော်များ စီးနင်းနေသော ကားများကို သာသနာရေးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“ဖမ်းဆီးတဲ့အခါမှာ ဘယ်သူကိုမဆို မေတ္တာရပ်ခံ ရပ်တန့်စစ်ဆေးပြီး ဖမ်းဆီးမှာပါ။ ရာထူးသြဇာကြီးတဲ့ သူတွေ စီးလာတဲ့ ကားဆိုရင်လည်း ဒီတိုင်းပါပဲ။ စစ်ဆေးတာ မနာခံတာ ရှိကောင်းရှိနိုင်ပါတယ်။ မောင်းသွားမယ် ဆိုရင်တော့ သူ့ဌာန အကြီးအကဲကို သတင်းပို့ပါမယ်။ တိုင်းဒေသကြီး အကြီးအကဲဖြစ်တဲ့ ၀န်ကြီးချုပ်ဆီလဲ သတင်းပို့မယ်။ ကျွန်တော်တို့ တာဝန်ဝတ္တရား ဆောင်ရွက်တာကိုတော့ အနှောင့်အယှက် အဟန့်အတား မခံပါဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက ပြောသည်။

ဖမ်းဆီးသည့်အဖွဲ့တွင် ဌာနဆိုင်ရာအဖွဲ့ပေါင်း ၁၄ ခု အနည်းဆုံး ပါဝင်မည်ဖြစ်ပြီး စီမံချက်ကို စက်တင်ဘာလနှင့် အောက်တိုဘာလဟု သတ်မှတ်ထားပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို စနစ်တကျ လိုက်နာမောင်းနှင်သည့် အနေအထား ရောက်သည့်အခါတွင် စစ်ဆေးတော့မည်မဟုတ်ကြောင်း သိရသည်။

စက်တင်ဘာလအတွင်း ဖမ်းဆီးမိသည့် လိုင်စင်မဲ့ကားများကို အပ်နှံစေပြီး ပိုင်ရှင်အား ပညာပေးကာ ပြန်လွှတ်မည်ဖြစ်ကြောင်း သိရသည်။

သို့သော် အောက်တိုဘာလအတွင်း ဖမ်းမိသည့် လိုင်စင်မဲ့ကားများကို အပ်နှံစေသည့်အပြင် ပိုင်ရှင်ကို ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် တရားစွဲဆိုသွားမည်ဖြစ်သည်။

လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား ဖမ်းမိပါက သက်ဆိုင်ရာ တရားရုံးတွင် ဒါဏ်ကြေးပေး ဆောင်စေကာ ကုန်းလမ်းညွန်ကြားမှု ဦးစီးဌာနမှ သတ်မှတ်ထားသော နှုန်းအတိုင်းဖြင့် လိုင်စင်ဝင်စေပြီး အဆိုပါနှုန်းထားအား မတတ်နိုင်ပါက ဆိုင်ကယ်ကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။

“အရေးပေါ် လူနာတင်ယာဉ်တွေအဖြစ် ပုသိမ်က လူမှုအဖွဲ့အတော်တော်များများမှာ လိုင်စင်မဲ့ကားတွေ ရှိကြတယ်။ ဒေသခံတွေ ကျန်းမာရေးအတွက် စိတ်အေးအေးလေးထားပြီး အကောင်းဆုံးဖြစ်အောင် အောက်ခြေအထိ ဘာအခက်အခဲတွေ ဖြစ်ပေါ်လာနိုင်မလဲဆိုတာ ဆင်းစစ်ပြီး ဆုံးဖြတ်စေချင်ပါတယ်” ဟု ပုသိမ်မြို့ စေတနာမွန်လူမှုကူညီရေးအဖွဲ့ ခေါင်းဆောင် ကိုဝင်းနိုင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း လိုင်စင်ရှိ ဆိုင်ကယ်စီးရေ ၁၃၃၀၀၀ ကျော်နှင့် လိုင်စင်ရှိ ကားအစီးရေ ၁၃၀၀၀ ကျော်ခန့် ရှိကြောင်း သိရသည်။

၂၀၁၆ ခုနှစ်အတွင်း သြဂုတ်လ အထိ စာရင်းများအရ လိုင်စင်မဲ့ မော်တော်ယာဉ်များအား ဖမ်းဆီးမှု ၉၂ မှုတွင် ကား ၁၉ စီးအထိ သိမ်းထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။

MMK
The Ladies News

http://www.theladiesnewsjournal.com/…/tue-2016-08-30-1…/3160

Monday, August 29, 2016

Angel of Eden



Angel of Eden by burmesemovie


Sunday, August 28, 2016

တိုင်းဒေသကြီး ၊ပြည်နယ် အစိုးရအဖွဲ့များ အမည်စာရင်း


တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များ၏ အမည်စာရင်းများ၊ လွှတ်တော် ဥက္ကဋ္ဌများ၊ ဥပဒေချုပ်များ၊ စာရင်းစစ်ချုပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ၏ အမည် စာရင်းများကို စုစည်းဖော်ပြပေးလိုက်ပါသည်။


(မှတ်ချက်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်းများမှ ကောက်နှုတ် ဖော်ပြခြင်းဖြစ်ပါသည်။)

ကချင်ပြည်နယ် (နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁၄/၂၀၁၆)

၁။ ဒေါက်တာခက်အောင် ဝန်ကြီးချုပ်

၂။ ဦးထွန်းတင် လွှတ်တော်ဥက္ကဋ္ဌ

၃။ ဦးခင်မောင်မြင့်(ခ)ဦးဒိတ် ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးဌာန

၎။ ဦးစိုင်းစိန်လင်း ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၅။ ဦးအားတီယောဟန် လီဆူတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာန

၆။ ဦးရန်နမ်းဖုန် ရဝမ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၇။ ဗိုလ်မှူးကြီး သူရမျိုးတင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန

၈။ ဦးဝေလင်း ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဌာန

၉။ ဦးဝင်းညွန့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဌာန

၁၀။ ဦးမြသိန်း စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

၁၁။ ဦး H လအောင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန

၁၂။ ဦးနေဝင်း စည်ပင်သာယာရေးဝန်ကြီးဌာန

၁၃။ ဒေါက်တာသင်းလွင် လူမှုရေးဝန်ကြီးဌာန

၁၄။ ဦးဒီဆင်ရမ် ဥပဒေချုပ်

၁၅။ ဦးတင်လှိုင် စာရင်းစစ်ချုပ်

ကယားပြည်နယ် (နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၂၃/၂၀၁၆)

၁။ ဦးအယ်လ်ဖောင်းရှို ဝန်ကြီးချုပ်

၂။ ဦးလှထွေး လွှတ်တော်ဥက္ကဋ္ဌ

၃။ ဦးလှမျိုးဆွေ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၎။ ဗိုလ်မှူးကြီးဇော်မျိုးတင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန

၅။ ဦးခင်မောင်ဖြူ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန

၆။ ဦးဘော့စ်ကို စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

၇။ ဒေါက်တာအောင်ကျော်ဌေး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန

၈။ ဦးတီရယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန

၉။ ဦးမော်မော် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

၁၀။ ဦးစိုင်းကျော်ဇံ ဥပဒေချုပ်

၁၁။ ဦးအောင်မောင်း စာရင်းစစ်ချုပ်

ကရင်ပြည်နယ် (နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁၅/၂၀၁၆)

၁။ ဒေါ်နန်းခင်ထွေးမြင့် ဝန်ကြီးချုပ်

၂။ ဦးစောချစ်ခင် လွှတ်တော်ဥက္ကဋ္ဌ

၃။ ဦးတေဇထွဋ်လှိုင်ထွေး ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၎။ ဦးမင်းတင်ဝင်း မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၅။ ဦးခွန်မျိုးတင့် ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၆။ ဗိုလ်မှူးကြီးအောင်လွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန

၇။ ဦးသန်းနိုင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန

၈။ ဦးစောမြင့်ဦး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

၉။ ဦးစိုးလှိုင် လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာန

၁၀။ ဦးစောပြည်သာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊သစ်တော၊သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန

၁၁။ ဒေါက်တာတင်ဝင်းကျော် လူမှုရေးဝန်ကြီးဌာန

၁၂။ ဦးစောချစ်မြင့်လေး ဥပဒေချုပ်

၁၃။ ဦးစောလှထွန်း စာရင်းစစ်ချုပ်

ချင်းပြည်နယ် (နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၂၅/၂၀၁၆)

၁။ ဦးဆလိုင်းလျန်လွယ် ဝန်ကြီးချုပ်

၂။ ဦးဇိုဘွေ လွှတ်တော်ဥက္ကဋ္ဌ

၃။ ဗိုလ်မှူးကြီးကျော်ကျော် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန

၎။ ဦးဝီကော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

၅။ ဦးမန်ဟင်းဒါးလ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန

၆။ ဦးရွှေထီးအိုး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

၇။ ဆလိုင်းအိုက်ဇက်ခင် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာန

၈။ ဦးပေါင်လွန်းမင်ထန် လူမှုရေးဝန်ကြီးဌာန

၉။ ဦးထန်ကျုံး(ခ) ဦးဆနီဇာဟိုး ဥပဒေချုပ်

၁၀။ ဦးလာလ်တင်မန်း(ခ) ဦးဒေးဗစ်လာလ်တင်မောင် စာရင်းစစ်ချုပ်

စစ်ကိုင်းတိုင်းဒေသကြီး (နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁၆/၂၀၁၆)

၁။ ဒေါက်တာမြင့်နိုင် ဝန်ကြီးချုပ်

၂။ ဦးသန်း လွှတ်တော်ဥက္ကဋ္ဌ

၃။ ဦးကေဆိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ

၎။ ဒေါ်မွှေးမွှေးခင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၅။ ဦးလာလ်ထောင်ထန်း ချင်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာန

၆။ ဗိုလ်မှူးကြီးကျော်သန့်နိုင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန

၇။ ဦးစိုးဦး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

၈။ ဦးကမ်ဇာမုံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

၉။ ဦးသန်းညွန့်ဝင်း လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန

၁၀။ ဦးမြင့်ကြည် စည်ပင်သာယာရေးဝန်ကြီးဌာန

၁၁။ ဒေါက်တာဇော်ဝင်း လူမှုရေးဝန်ကြီးဌာန

၁၂။ ဦးခင်မောင်လှ ဥပဒေချုပ်

၁၃။ ဦးစိုးလွင် စာရင်းစစ်ချုပ်

တနင်္သာရီတိုင်းဒေသကြီး (နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁၇/၂၀၁၆)

၁။ ဒေါက်တာလဲ့လဲ့မော် ဝန်ကြီးချုပ်

၂။ ဦးခင်မောင်အေး လွှတ်တော်ဥက္ကဋ္ဌ

၃။ ဦးစောလုကာ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၎။ ဗိုလ်မှူးကြီးဇော်လွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန

၅။ ဦးဖြိုးဝင်းထွန်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

၆။ ဦးဟိုပင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန

၇။ ဦးမြင့်မောင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန

၈။ ဦးကြည်လှိုင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

၉။ ဦးမြင့်စန်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဌာန

၁၀။ ဦးစိုးမြင့် ဥပဒေချုပ်

၁၁။ ဦးသိန်းထွန်း စာရင်းစစ်ချုပ်

၁၂။ ဦးတင်အောင် တရားလွှတ်တော်တရားသူကြီးချုပ်

ပဲခူးတိုင်းဒေသကြီး (နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၂၄/၂၀၁၆)

၁။ ဦးဝင်းသိန်း ဝန်ကြီးချုပ်

၂။ ဦးခင်မောင်ရီ လွှတ်တော်ဥက္ကဋ္ဌ

၃။ ဒေါ်နော်ပွယ်ဆေး ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန

၎။ ဗိုလ်မှူးကြီးခင်မောင်ဌေး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြိးဌာန

၅။ ဦးအောင်ဇော်နိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန

၆။ ဦးကျော်မင်းဇံ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန

၇။ ဦးမောင်မောင်လွင် စည်ပင်သာယာနှင့် လူမှုရေးဝန်ကြီးဌာန

၈။ ဦးညွှန့်ရွှေ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

၉။ ဦးသန်းဝင်း စက်မှုလျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

၁၀။ ဦးအုန်းမြင့် ဥပဒေချုပ်

၁၁။ ဒေါ်သန်းဝင်း စာရင်းစစ်ချုပ်

၁၂။ ဦးမောင်မောင်အေး တရားလွှတ်တော် တရားသူကြီး

၁၃။ ဒေါ်လွင်လွင်အေးကျော် တရားလွှတ်တော် တရားသူကြီး

မကွေးတိုင်းဒေသကြီး (နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁၈/၂၀၁၆)

၁။ ဒေါက်တာအောင်မိုးညို ဝန်ကြီးချုပ်

၂။ ဦးတာ လွှတ်တော်ဥက္ကဋ္ဌ

၃။ ဦးလှထွန်း ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၎။ ဗိုလ်မှူးကြီးနိုင်ဦး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန

၅။ ဦးတင်နွယ်ဦး ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန

၆။ ဦးစိုးမြင့် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

၇။ ဒေါက်တာခင်မောင်အေး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

၈။ ဦးဇော်မင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန

၉။ ဦးမြင့်ဇော် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန

၁၀။ ဦးဆန်းလင်း ဥပဒေချုပ်

၁၁။ ဦးလှသန်း စာရင်းစစ်ချုပ်

မန္တလေးတိုင်းဒေသကြီး (နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁၉/၂၀၁၆)

၁။ ဒေါက်တာဇော်မြင့်မောင် ဝန်ကြီးချုပ်

၂။ ဦးအောင်ကျော်ဦး လွှတ်တော်ဥက္ကဋ္ဌ

၃။ ဒေါက်တာရဲလွင် စည်ပင်သာယာရေးဝန်ကြီးဌာန မြို့တော်ဝန်

၎။ ဦးစိုင်းကျော်ဇော ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန

၅။ ဗိုလ်မှူးကြီးမျိုးမင်းအောင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန

၆။ ဒေါက်တာစိုးသန်း (ခ) ဦးကျော်စိုးသန်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန

၇။ ဦးဇာနည်အောင် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန

၈။ ဦးမျိုးသစ်(ခ) ဦးပါလေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန

၉။ ဦးမြတ်သူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

၁၀။ ဦးအောင်ဝင်း ဥပဒေချုပ်

၁၁။ ဒေါ်ခင်အေးဆွေ စာရင်းစစ်ချုပ်

မွန်ပြည်နယ် (နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၂၀/၂၀၁၆)

၁။ ဦးမင်းမင်းဦး ဝန်ကြီးချုပ် စည်ပင်သာယာနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန

၂။ ဒေါ်တင်အိ လွှတ်တော်ဥက္ကဋ္ဌ

၃။ ဦးရွှေမြင့် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၎။ ဒေါ်စံဝင့်ခိုင် ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၅။ ဦးအောင်မြင့်ခိုင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၆။ ဗိုလ်မှူးကြီးဝင်းနိုင်ဦး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန

၇။ ဦးမင်းထင်အောင်ဟန် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန

၈။ ဒေါက်တာထိန်လင်း လူမှုရေးဝန်ကြီးဌာန

၉။ ဦးထွန်းဌေး စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန

၁၀။ ဒေါက်တာမင်းကြည်ဝင်း(ခ) နိုင်ကြည်ဝင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန

၁၁။ ဦးဝဏ္ဏကျော် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန

၁၂။ ဒေါ်အေးအေးမို့ ဥပဒေချုပ်

၁၃။ ဒေါ်သိန်းသိန်းဦး စာရင်းစစ်ချုပ်

ရခိုင်ပြည်နယ် (နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၂၆/၂၀၁၆)

၁။ ဦးညီပု ဝန်ကြီးချုပ်

၂။ ဦးစံကျော်လှ လွှတ်တော်ဥက္ကဋ္ဌ

၃။ ဦးပုန်ဘွေ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၎။ ဗိုလ်မှူးကြီးထိန်လင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန

၅။ ဦးကျော်အေးသိန်း ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန

၆။ ဦးကျော်လွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တု တွင်းဝန်ကြီး ဌာန

၇။ ဦးအောင်ကျော်ဇံ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန

၈။ ဦးမင်းအောင် စည်ပင်သာယာရေးဝန်ကြီးဌာန

၉။ ဒေါက်တာချမ်းသာ လူမှုရေးဝန်ကြီးဌာန

၁၀။ ဦးကျော်လှထွန်း ဥပဒေချုပ်

၁၁။ ဒေါ်ယဉ်လှ စာရင်းစစ်ချုပ်

ရန်ကုန်တိုင်းဒေသကြီး (နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၂၁/၂၀၁၆)

၁။ ဦးဖြိုးမင်းသိန်း ဝန်ကြီးချုပ်

၂။ ဦးတင်မောင်ထွန်း လွှတ်တော်ဥက္ကဋ္ဌ

၃။ ဦးမောင်မောင်စိုး မြို့တော်ဝန်၊ စည်ပင်သာယာရေးဝန်ကြီးဌာန

၎။ နော်ပန်းသဉ္ဇာမျိုး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၅။ ဦးဇော်အေးမောင် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန

၆။ ဗိုလ်မှူးကြီးတင်အောင်ထွန်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန

၇။ ဦးမြင့်သောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

၈။ ဦးဟံထွန်း စိုက်ပျိုးရေး၊ မွေးမြူရေး၊သစ်တောနှင့် စွမ်းအင် ဝန်ကြီးဌာန

၉။ ဒေါ်နီလာကျော် လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန

၁၀။ ဦးနိုင်ငံလင်း လူမှုရေးဝန်ကြီးဌာန

၁၁။ ဦးဟန်ထူး ဥပဒေချုပ်

၁၂။ ဒေါ်ခင်သန်းလှ စာရင်းစစ်ချုပ်

ရှမ်းပြည်နယ် (နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၂၇/၂၀၁၆)

၁။ ဒေါက်တာလင်းထွဋ် ဝန်ကြီးချုပ်

၂။ ဦးစိုင်းလုံးဆိုင် လွှတ်တော်ဥက္ကဋ္ဌ

၃။ ဦးခွန်ထွန်းလူ (ခ) ဒီကီ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း

၎။ ဦးကျောက်တယ်ချန် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

၅။ ဦးဝင်းကျော် (ခ) ဦးအိုက်မန်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

၆။ ဦးခွန်စံလွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ

၇။ ဦးအာကာလင်း ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ

၈။ ဒေါက်တာ အောင်သန်းမောင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၉။ ဦးဇုတ်ဒေါင် ကချင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၁၀။ ဦးဂူဆာ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၁၁။ ဦးယောသပ် လားဟူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၁၂။ ဦးအာဗေလှ အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၁၃။ ဒေါက်တာထွန်းလှိုင် အင်းသားတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၁၄။ ဦးခွန်အေးမောင် ကယန်း (ခ) ပဒေါင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန

၁၅။ ဗိုလ်မှူးကြီးစိုးမိုးအောင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန

၁၆။ ဦးစိုင်းလုံကျော် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန

၁၇။ ဦးခွန်ရဲထွေး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

၁၈။ ဒေါက်တာညီညီအောင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန

၁၉။ ဦးဆွေသိန်း လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန

၂၀။ ဦးစိုးညွန့်လွင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန

၂၁။ ဒေါက်တာမျိုးထွန်း လူမှုရေးဝန်ကြီးဌာန

၂၂။ ဦးစိုင်းရှဲန်တစ်လုံ ဘဏ္ဍာရေးဝန်ကြီးဌာန

၂၃။ ဦးစိုင်းစွံဆိုင်း စည်ပင်သာယာရေးဝန်ကြီးဌာန

၂၄။ ဦးတင်ဦး ဥပဒေချုပ်

၂၅။ ဒေါ်နန်းဝိုဟိန်း စာရင်းစစ်ချုပ်

ဧရာဝတီတိုင်းဒေသကြီး (နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၂၈/၂၀၁၆)

၁။ ဦးမန်းဂျော်နီ ဝန်ကြီးချုပ်

၂။ ဦးအောင်ကျော်ခိုင် လွှတ်တော်ဥက္ကဋ္ဌ

၃။ ဂါ့မိုးမြတ်မြတ်သူ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၎။ ဦးတင်စော ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၅။ ဗိုလ်မှူးကြီးကျော်စွာလှိုင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန

၆။ ဦးလှကျော် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

၇။ ဦးဘဟိန်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန

၈။ ဦးဝင်းဌေး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ် ရေး ဝန်ကြီးဌာန

၉။ ဦးကျော်မြင့် စည်ပင်သာယာရေးဝန်ကြီးဌာန

၁၀။ ဒေါက်တာလှမြတ်သွေး လူမှုရေးဝန်ကြီးဌာန

၁၁။ ဦးသိန်းရွှေ ဥပဒေချုပ်

၁၂။ ဒေါ်စန်းစန်းခိုင် စာရင်းစစ်ချုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်(နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၃၄/၂၀၁၆)

၁။ ဒေါက်တာမျိုးအောင် မြို့တော်ဝန် နေပြည်တော်ကောင်စီ (ဥက္ကဋ္ဌ)

၂။ ဗိုလ်မှူးကြီးမင်းနောင် ကောင်စီဝင်

၃။ ဦးအောင်မြင်ထွန်း ကောင်စီဝင်

၎။ ဦးတင်ထွန်း ကောင်စီဝင်

၅။ ဦးတင်ထွဋ် ကောင်စီဝင်

၆။ ဦးအေးမောင်စိန် ကောင်စီဝင်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီး အဖွဲ့ဥက္ကဋ္ဌများ (နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၂၉/၂၀၁၆)

၁။ ဦးကေဆိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ

၂။ ဦးခွန်စံလွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ

၃။ ဦးဝင်းကျော်(ခ)ဦးအိုက်မိန်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ

၎။ ဦးကျောက်တယ်ချန် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ

၅။ ဦးခွန်ထွန်းလူ (ခ) ဒီကီ “ ဝ ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း
MOI Webportal Myanmar



Friday, August 26, 2016

ဝန်ကြီးချုပ်ဦးမန်းဂျော်နီ ဖေ့ဘွတ်ပေ့ခ်ျသတင်းလင့်။ ( August 2016)


၂၄-၈-၂၀၁၆

၂၃-၈-၂၀၁၆



၂၂-၈-၂၀၁၆


၂၁-၈-၂၀၁၆


၂၀-၈-၂၀၁၆
၁၉-၈-၂၀၁၆
၁၈-၈-၂၀၁၆


၁၇-၈-၂၀၁၆


၁၆-၈-၂၀၁၆

၁၅-၈-၂၀၁၆

၁၄-၈-၂၀၁၆

၁၃-၈-၂၀၁၆


၁၂-၈-၂၀၁၆
၁၁-၈-၂၀၁၆


၁၀-၈-၂၀၁၆

၉-၈-၂၀၁၆

၈-၈-၂၀၁၆

၇-၈-၂၀၁၆

၆-၈-၂၀၁၆


၅-၈-၂၀၁၆



၎-၈-၂၀၁၆

၁-၈-၂၀၁၆

အလောင်းကစားတဲ့ဓလေ့



ရေဘေးအတွက်လှူကြသူများ၊ အိမ်ခေါင်မိုးကိုလှေနဲ့တိုက်မှာစိုးရိမ်နေသူအိမ်ရှင်



Do You Want To See Me လှန်ပြမယ်၊ချွတ်ပြမယ်


ဒီဇိုင်းကွာခြားသဖြင့် ရပ်ဆိုင်းခံရသည့် ပုသိမ်ကုတင်(၅၀၀)ဆေးရုံသစ်ကြီးကို စိစစ်၍ ဆက်လက်တည်ဆောက်မည်


မျိုးမင်းထွန်း(မြစ်မခ)

ပုသိမ်၊ သြဂုတ်(၂၆)ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ဒီဇိုင်းကွာခြားသဖြင့် ရပ်ဆိုင်းခံရသည့် ပုသိမ်မြို့ကုတင်(၅၀၀)ဆန့် ဆေးရုံသစ်ကြီးကို ကျန်းမာရေးဝန်ကြီးဌာနမှ တည်ဆောက်ရေးကော်မတီများဖြင့် ပြန်လည်စိစစ်ပြီး ဆက်လက်တည်ဆောက်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရှိရသည်။

အဆိုပါ ဆေးရုံတည်ဆောက်မှုစီမံကိန်းတွင် ယခင်အစိုးရ လက်ထက်က ကွန်ကရစ်အဆောက်အဦးအဖြစ်(၉) ထပ်တည်ဆောက်ရန် စီမံကိန်းတင်ပြထားသော်လည်း ဆေးရုံသစ်ကြီးသည် (၉)လွှာအထိ အကြမ်းထည်ပြီးစီး နေချိန်တွင် စတီးလ်တိုင်များဖြင့် တည်ဆောက်ခဲ့ခြင်းကြောင့် ရပ်ဆိုင်းထားခံရခြင်းဖြစ်ကြောင်း သိရသည်။

“သိန်းပေါင်းများစွာအကုန်ခံပြီး ကွန်ကရစ်အဆောက်အဦးအဖြစ်ဆောက်မယ် ထင်ထားပေမယ့် အခု တကယ့် တကယ်စစ်ဆေးကြည့်လိုက်တော့ စတီးလ်တွေနဲ့ဖြစ်နေလို့ ရပ်ခိုင်းထားတာပါ။အခုက ကျန်းမာရေးဝန်ကြီးဌာန က တည်ဆောက်ရေးအဖွဲ့တွေနဲ့ ပြန်လည်စီစစ်ပြီး ဆက်လက်ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်။”ဟု ဧရာဝတီ တိုင်းဒေသကြီး၊လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောသည်။

ဆေးရုံသစ်ကြီးကို Royal Lotus ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေပြီး အဆိုပါ ကုမ္ပဏီနှင့် ယခင်အစိုးရအဖွဲ့ကြားတင်ဒါစပေးစဉ်က ကြီးကြပ်ရေးအဖွဲ့များရှိနေခဲ့သော်လည်း အစိုးရသစ်တွင် ဆက်လက် တည်ဆောက်ပါက ကြီးကြပ်ရေးအဖွဲ့ကိုလည်းစီစစ်၍ ပြန်လည်ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားထားသည်။

ပုသိမ်ကုတင်(၅၀၀)ဆန့် ဆေးရုံသစ်ကြီးကို ၂၀၁၅ ခုနှစ်အတွင်း စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လအတွင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး လာရောက် စစ်ဆေး ပြီးနောက် ရပ်ဆိုင်းထားခြင်းဖြစ်သည်။

“ဆေးရုံကိစ္စက အခုလက်ရှိတာဝန်ယူနေတဲ့ အစိုးရကိုပဲ မေးကြည့်ပါ။ ကျွန်မသေချာတော့ မမှတ်မိတော့ဘူး။ သူတို့က လက်ရှိတာဝန်ယူနေတဲ့သူတွေဆိုတော့ အဲ့မှာပဲမေးရင် အဆင်ပြေလိမ့်မယ်။”ဟု ဧရာဝတီတိုင်းဒေသ ကြီး ယခင်အစိုးရအဖွဲ့က လူမှုရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ယခု ကန်ကြီးထောင့်လွှတ်တော် ကိုယ်လှယ် ဒေါ်ခင်စောမူက ပြောသည်။

ပုသိမ်ကုတင်(၅၀၀)ဆန့် ဆေးရုံသစ်ကြီး တည်ဆောက်ရေးအတွက် ယခင်အစိုးရအဖွဲ့လက်ထက်တွင် ပထမ အကြိမ်လွှတ်တော်တွင်တင်ပြ၍ သဘောထားရယူခြင်း မရှိသကဲ့သို့ ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူခြင်းမရှိဘဲ ဆောက်လုပ်မည့် ကုမ္ပဏီအားပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဟောင်းများထံမှ သိရသည်။
myitmakhamediagroup