Latest News

Tuesday, August 30, 2016

ပုသိမ်မြို့တွင် ၂၁ ရာစုပင်လုံညီလာခံ ထောက်ခံကြိုဆိုပွဲ လူအင်အား(၁၀၀၀)ကျော်ဖြင့် လမ်းလျှောက်ပွဲ ပြုလုပ်

မျိုးမင်းထွန်း (မြစ်မခ)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် လူအင်အား(၁၀၀၀)ကျော်ဖြင့် ၂၁ ရာစုပင်လုံညီလာခံကြိုဆိုဂုဏ်ပြု ထောက်ခံလမ်းလျှောက်ပွဲကို သြဂုတ်လ(၃၀)ရက်၊ နံနက်တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကြိုဆိုဂုဏ်ပြုထောက်ခံပွဲကို ပုသိမ်မြို့ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များ၊အခြေခံပညာ ကျောင်းသား လူငယ်များနှင့် ဒေသခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Shwe Myitmakha Media Group


No comments:

Post a Comment