Latest News

Tuesday, July 5, 2016

ခြံဝင်းအတွင်းဖက်တွင် ဇက်သော့ခတ်ထားသော ဆိုင်ကယ် ခိုးခံရမှု ဘိုကလေးမြို့တွင် ဖြစ်ပွား

ဘိုကလေးမြို့၌ အိမ်ခြံဝင်း အတွင်းဖက်တွင် ဇက်သော့ခတ်ထားသော ဆိုင်ကယ်ကို ခြံတခါးသော့ဖျက်ပြီး ခိုးယူခံခဲ့ရတယ်လို့ သိရှိရပါတယ်။

မနေ့ ဇွန်လ ၃ ရက်နေ့ နံနက် ၇ နာရီလောက်က အိမ်တံခါးဖွင့်ပြီး ခြံတခါးဖွင့်မယ်လုပ်တော့ ခြံတံခါးပွင့်နေတာ တွေ့ရပြီး ဘေးပတ်လည်ကို လိုက်ရှာတော့ တခုခုနှင့် ဖြတ်တောက်ပြီး ဖွင့်ထားတဲ့သော့ခလောက်ကို တွေ့ရတယ်လို့ ပိုင်ရှင်ဖြစ်သူ မ ... က ပြောကြားပါသည်။

ဘိုကလေးမြို့တွင် ယခုလို ဆိုင်ကယ် အခိုးခံရမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာဖြစ်ကြောင်း အခိုးခံရတဲ့ ဆိုင်ကယ်တွေလဲ ပြန်လည်ဖမ်းဆီးရမိတယ်ဆိုတာ မရှိကြောင်းလည်း ဆိုင်ကယ်ခိုးခံရသူ မ ... က ပြောကြားပါတယ်။

ဆိုင်ကယ်ခိုးယူခံခဲ့ရတဲ့အတွက် ရဲစခန်းကို အကြောင်းကြားထားကြောင်း ယခုအချိန်ထိ စုံစမ်းစစ်ဆေးမှု သတင်းယူမှု မပြုလုပ်သေးကြောင်း ဆိုင်ကယ် အခိုးခံရမှုကြောင့် မည်သူတဦးတယောက်ကိုမျှ မနစ်နာစေလိုပေမယ့် ယခုလို ခိုးဆိုးမှုဒုစရိုက်တွေ ပပျောက်စေလို၍ တင်ပြရတာဖြစ်ကြောင်းလည်း ပြောကြားပါသည်။

ဆိုင်ကယ်ခိုးယူခံခဲ့ရသော အိမ်မှာ ရဲစခန်းအနီးမှာရှိသော အိမ်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

ကိုစိန်သန်း

ဇူလိုင်လ ၄ ရက် ၊ ၂၀၁၆ ခုနှစ်






No comments:

Post a Comment