Friday, July 15, 2016
ကန်ကြီးထောင့်မြို့နယ်တရားရုံးက ဦးနေမျိုးဝေကို အပြစ်မရှိဟု အမိန့်ချ
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား အသရေပျက်စေသော ဓာတ်ပုံများ နှင့်ပြည်ထောင်စုပြိုကွဲရန်လှုံ့ဆော်ရေးသားသည်ဟုဆိုကာ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် အမှု့ဖွင့် အရေးယူခံထားရသော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေအား ယနေ့ (ဇူလိုင်၁၅ရက်)တွင် ကန်ကြီးထောင့်မြို့နယ်တရားရုံးက အပြစ်မရှိဟုဆိုကာ စွဲချက်မတင်ဘဲ လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
ဦးနေမျိုးဝေအား အရေးယူပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆ ရာမများအဖွဲ့ချုပ်မှ ဆရာဦးဝေယံအောင်က ကန်ကြီးထောင့်မြို့၊ မြို့မရဲစခန်း၌ မေလ ၂ ရက်က အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ဦးနေမျိုးဝေကို ကန်ကြီးထောင့်ရဲတပ်ဖွဲ့က မေလ၄ရက်တွင် ဖမ်းဆီးပြီး ရုံးထုတ်စစ်ဆေးနေရာမှ ယနေ့ (ဇူလိုင် ၁၅ရက်)တွင် တရားသူကြီးက အပြစ်မရှိဟုဆိုကာ စွဲချက်မတင်ဘဲ လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း မြန်မာ့အမျိုးသားရေးကွန်ရက်ဥက္ကဌ ဦးဝင်းကိုကိုလတ်က ပြောသည်။
7Day News Journal
ကန်ကြီးထောင့်မြို့နယ်တရားရုံးက ဦးနေမျိုးဝေကို အပြစ်မရှိဟု အမိန့်ချ
Reviewed by timeayeyar
on
12:30 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment