Latest News

Saturday, July 16, 2016

ပုသိမ်မြို့ ဖုန်းဆိုင်များတွင် ငွေဖြည့်ကဒ် ခိုးယူသူအားဖမ်းဆီး

(၁၆.၇.၂၀၁၆) ရက်နေ့ နံနက် ၉ နာရီခန့်က ပုသိမ်မြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များသည် ပုသိမ်မြို့ (၈)ရပ်ကွက်မဟာဗောဓိအတွင်းလမ်းတွင် နေထိုင်သည့် ချမ်းသာ ဆိုသူ မှာ အလုပ်အကိုင်အတည်တကျမရှိပဲ ငွေများအလွန့်အကျွံ သုံးစွဲနေခြင်း ဖုန်းများအားကိုယ်တွယ် အသုံးပြုနေကြောင်း သတင်းအရ သက်သေများဖြင့် ၄င်းနေအိမ်သို့ဝင်ရောက်ဖမ်းဆီးခဲ့ရာ နေအိမ်အတွငိးမှ ဖုန်း (၂)လုံး ရွှေထည်ပစည်း (၂)မျိုး ငွေ ၄၃၀၀၀၀ိ/-ကျပ်အား တွေ့ရှိသိမ်းဆည်းရမိခဲ့။

၎င်းတရားခံအား လတ်တလောစစ်ဆေးမှုအရ ၄င်းသည် တစ်ရပ်ကွက်တည်းနေ လူတစ်ဦးနှင့်အတူ
ပုသိမ်မြို့အတွင်းရှိ ဖုန်းဆိုင်များမှ ဖုန်းငွေဖြည့်ကဒ်များကို ခိုးယူခဲ့ပြီးနောက် ရောင်းချရာမှ ရရှိသောငွေဖြင့်
ဝယ်ယူထားသော ပစ္စည်းများ နှင့် ကျန်ငွေများဖြစ်ကြောင်း စစ်ဆေးသိရှိရ။

၎င်းတရားခံ ချမ်းသာ အားပုသိမ်မြို့တွင် နောက်ထပ်အလားတူ ခိုးမှုများ ကျုးလွန်မှုကို အသေးစိတ်စစ်ဆေးလျက်ရှိပါကြောင်း ပုသိမ်မြို့သူ/သား များအား သိစေအပ်ပါသည်။
ကျေးဇူးတင်ပါသည်။
Zaw Min Tun





No comments:

Post a Comment