ပုသိမ် ဟင်္သတ ဖျာပုံ မအူပင် မြောင်းမြ ဝါးခယ်မအစရှိသော မြို့ကြီး ၆ မြို့ကို ဆက်သွယ်ပေးမည့်
ခေတ်မှီ မိုးပျံအဝေးပြေးလမ်းမကြီးကို ယ္ခုအစိုးရလက်ထက်တွင် အပြီးဆောက်လုပ်ပေးသွားမည်
ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ ကDVBကို ပြောကြားလိုက်ပါတယ်။
ယင်း မိုးပျံအဝေးပြေးကားလမ်းကြီးဆောက်လုပ်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဦးဝင်းခိုင် ကို
တိုင် ကြီးကြပ်၍ဆောက်လုပ်ရေှး Engineer များမှ လမ်းအူကြောင်းရှာခြင်း Survey တိုင်းတာခြင်း
များ ပြုလုပ်နေပြီ ဖြစ်ပါသည်။
မိုးပျံလမ်းမကြီးကို Bore pile စနစ်ဖြင့် ဖေါက်လုပ်မည်ဖြစ်ရာ pile ကျရောက်သည့်လယ်ကွက်
များကို သိမ်းယူမည် မဟုတ်ပဲ ကာလပေါက်ဈေးနှင့် ပေးဝယ်သွားမည်ဖြစ်ကြောင်း သိရပါသည်။
အဆိုပါ မိုးပျံ အဝေးပြေးလမ်းမကြီးကို နိုင်ငံခြားရင်းနှီးမြှပ်နှံမှု နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန မှ
Engineer များ နိုင်ငံခြားမှ ပညာရှင်များနှင့်အတူပူးပေါင်း တည်ဆောက်သွားမည်ဖြစ်ပြီး ယ္ခု အစိုးရ
သက်တမ်း ၅ နှစ် အတွင်းအပြီးတည်ဆောက်သွားမည် ဖြစ်ပါသည်။
ko moe aungg
( photo များမှာ ပြည်ပ တနိုင်ငံတွင် မိုးပျံလမ်း
တည်ဆောက်နေပုံများ ဖြစ်ပါသည်။)
1
Tuesday, July 12, 2016
ဧရာဝတီတိုင်းတွင် မြို့ကြီး ၆ မြို့ကို ဆက်သွယ် မည့် ခေတ်မှီ မိုးပျံအဝေးပြေး ကားလမ်းမကြီး တည်ဆောက်တော့မည်။
ဧရာဝတီတိုင်းတွင် မြို့ကြီး ၆ မြို့ကို ဆက်သွယ် မည့် ခေတ်မှီ မိုးပျံအဝေးပြေး ကားလမ်းမကြီး တည်ဆောက်တော့မည်။
Reviewed by timeayeyar
on
5:54 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment