Latest News

Sunday, June 12, 2016

ဧရာဝတီတိုင်းမှာ ကျေးရွာ ၁၀ ရွာနစ်မြုပ်


ဧရာဝတီတိုင်း ဟင်္သာတခရိုင် ကြံခင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က စပြီးရေကြီး၊ ရေလျှံ ခဲ့တာကြောင့် ကျေးရွာ ၁၀ ရွာလောက်ရေနစ်မြုပ်နေတာတွေကို ဧရာဝတီတိုင်းအစိုးရက အမြန်ဆုံး ဖြေရှင်းပေးဖို့ ရှိကြောင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
လတ်တလော ရေဘေးကယ်ဆယ်ရေးအတွက် လိုအပ်တဲ့ အစားအသောက်အကူအညီတွေပေးဖို့ တိုင်းအစိုးရ အဖွဲ့အနေနဲ့ ဆောင်ရွက်ပေးနေကြောင်း ရေမြုပ်တဲ့ကျေးရွာတွေကို သွားရောက်ခဲ့တဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသော်ဇင်ဝင်း ပြောပါတယ်။
ဇွန်လ ၁၂ ရက်နေ့မှာ ရေကျသွားပေမယ့် နှုံးရေတွေကြောင့် ကျေးရွာချင်းဆက်တံတားတွေ ပျက်စီးခဲ့ တာကြောင့် သွားလာဖို့ အခက်အခဲ ဖြစ်နေပြီး ကျောင်းသား၊ ကျောင်း သူတွေအတွက် ကျောင်းတက်ဖို့ အခက်အခဲ ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ၄ ရက်အတွင်း ဧရာဝတီ ပဲခူး၊ ရန်ကုန်တိုင်းတွေနဲ့ ရခိုင်ပြည်နယ်တွေမှာ မိုးကြီးတာကြောင့် နေရာအတော်များများမှာ ရေကြီးခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ တာကျိုးတာကြောင့် တလူမော်ကျေးရွာ ရေနစ်မြုပ်ခဲ့ပြီး မနေ့က ရေပြန်ကျခဲ့ပြီး သံတွဲနဲ့ တောင်ကုတ်မြို့နယ်တွေမှာလည်း ရေကြီးခဲ့ပါတယ်။
RFA


No comments:

Post a Comment