Tuesday, June 14, 2016
မိုးထဲရေထဲ အထည်ဖျင်စက်ရုံ မီးလောင်မှုဖြစ်ပွား
ပုသိမ် ဇွန် ၁၄
ပုသိမ်မြို့ အမှတ်(၁၃)နယ်မြေ ကင်မလင်း ကျွန်းလမ်းနေ ဦးအာရှင်(ခ)ဦးတင်မောင် လတ်၏ နေအိမ် အိမ်တွင်းမှုအထည်ဖျင် စက်ရုံ၌ ဇွန် ၁၄ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့ တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ရဲဗလဦးမျိုးဝင်း ဦးဆောင်၍ တိုင်းဒေသကြီး မီးသတ် စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ မီးသတ်ရေ သယ်ယာဉ်နှစ်စီး၊ ကွပ်ကဲယာဉ်တစ်စီး၊ အထောက်အကူပြုယာဉ်တစ်စီး၊ ပုသိမ် နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် တစ်စီး၊ မီးသတ်ရေသယ်ယာဉ် တစ်စီး၊ ငဝန်ကျွန်းသာနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ မီးသတ်ရေသယ် ယာဉ်နှစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅ဝ၊ အရန် ၁ဝ ဦး၊ မနောဖြူရေသယ်ယာဉ် တစ်စီးနှင့် ရပ်ကွက်ပြည်သူများ ပူးပေါင်း ၍ ငြှိမ်းသတ်မှုကြောင့် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
မီးလောင်မှု ဖြစ်ပွားရခြင်းမှာ ကင်မလင်းကျွန်းလမ်းနေ အထည်ဖျင် စက်ရုံပိုင်ရှင် ဦးအာရှင်(ခ)ဦးတင်မောင် လတ်၏ နေအိမ် အိမ်တွင်းမှု အထည်ဖျင် စက်ရုံ၌ အလုပ်သမား မောင်ဇော် (၃၆ နှစ်) သည် နိုင်လွန်ဖျင်စများကို စက်ဖြင့် မျှင်ထုတ်ရာ၌ လျှပ်စစ်ဘုတ်ခုံရှိ ဓားမိန်း ခလုတ်ဖွင့်လိုက်ရာမှ လျှပ်စစ်မီးပွားများ လွင့်စဉ်ကျပြီး နိုင်လွန်ဖျင်စများကို မီးလောင်ကျွမ်းရာက ဖျင်စသိုလှောင်ခန်း သို့ ကူးစက်လောင်သွားပြီး ပေ(၂ဝx၄ဝ) ရှိ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း အဆောက်အအုံနှင့် အထည်ဖျင်စက် နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။ မီးလောင် မှုနှင့်ပတ်သက်၍ စက်ရုံအလုပ်သမား မောင်ဇော်ကို မြို့မရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ပုသိမ်-လှကြည်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိုးထဲရေထဲ အထည်ဖျင်စက်ရုံ မီးလောင်မှုဖြစ်ပွား
Reviewed by timeayeyar
on
10:55 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment