Latest News

Saturday, June 11, 2016

ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးမန်းဂျော်နီရဲ့ ပြောကြားချက်(ဇွန် ၁၀ရက်လူထုနှင့်တွေ့ဆုံပွဲ)


"ကိစ္စတွေအားလုံးကို ကျွန်တော်တို့ အစိုးရဖြစ်လာတဲ့ အတွက်ကြောင့် ဆောင်ရွက်ပေးဖို့ဆိုတာ ချက်ချင်းချက်ချင်းတော့ မဖြစ်နိုင်ပါဘူးဗျာ။ ချက်ချင်းအခု လုပ်နိုင်တယ် ဆိုတဲ့သူလာ။ ကျွန်တော်နေရာ ဖယ်ပေးသွားမယ်။ ခေတ်အဆက်ဆက်က သိမ်းထားတဲ့မြေကြီးတွေ အခုချက်ချင်း တစ်မုဟုတ်ချင်း ပြီးအောင် လုပ်ရမယ်ဆိုတဲ့သူ ချက်ချင်းလာ။ ကျွန်တော်နေရာ ဖယ်ပေးလိုက်မယ်"

"ကျွန်တော်ကိုယ်တိုင် ကျွဲကျောင်းသား ဖြစ်ခဲ့ဖူးတာကြောင့် ကိုယ်ချင်းစာပါတယ်။ လယ်သမားတွေကို ချစ်လည်း ချစ်ပါတယ်။ ဒီလယ်သမားတွေအတွက် လုပ်ခဲ့လို့ အနစ်နာခံခဲ့လို့ ကျွန်တော့်ကို ၀န်ကြီးချုပ်အဖြစ် ပြည်သူတွေက ရွေးကောက်လိုက်တဲ့သူ ဖြစ်ပါတယ်။ ပြည်သူတွေကို ဘယ်တော့မှ ပစ်မထားပါဘူး"

"မန်းဂျော်နီ ပါးစပ်ရှိတယ်။ သူလည်း မစားဘဲ နေပါ့မလား။ လာစမ်းကြည့်လိုက်ပေါ့။ လာစမ်းကြည့်လိုက်ပါ။ ကျွန်တော် ကောင်းကောင်းကြီး အာမခံပါတယ်။ ကျွန်တော့် အသက် ၇၅ နှစ် ရှိနေပါပြီ။ ကျွန်တော် ဘာလိုချင်သလဲ။ တိုက်လိုချင်သလား။ ကျွန်တော် ပိုက်ဆံလိုချင်သလား။ ကျွန်တော်ဆွဲကြိုးကြီး လိုချင်သလား မေးလိုက်ပါ။ ကျွန်တော်လိုချင်တာ သိက္ခာပဲ လိုချင်ပါတယ်ဗျာ"

No comments:

Post a Comment