Latest News

Tuesday, June 21, 2016

ဝန်ချကန်တော့တောင်းပန်ခြင်း



ဝန်ချကန်တော့တောင်းပန်ခြင်း။ .............
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မော်လမြိုင် ကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များအား လူမှုကွန်ယက်စာမျက်နှာတွင် ဂုဏ်သိက္ခာကျဆင်းစေရန် အသေရေဖျက်ရေးသားမိခဲ့သော "Pu Sue" အကောင့်ပိုင်ရှင်မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား အမှုးထား၍
ဆရာကြီးဦးဝင်းဆွေ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)အား ၀န်ချ ကန်တော့တောင်းပန်၍ ခံဝန်ကတိရေးထိုးခဲ့ပါသည်။ မူလက မြိုနယ်ရဲစခန်းတွင် တရားစွဲဆိုရန် အမှုဖွင့်တိုင်ကြားခဲ့ပါသည်။

သို့သော် လူထုခေါင်းဆောင်၏ လမ်းညွန်ချက်ဖြစ်သော အမျိုးသားရင်ကြားစေ့ရေးကို ရှေးရှု၍ ၎င်း ၊ Pu Sue အကောင့်ပိုင်ရှင်မှ မိမိအမှားကို ၀န်ခံပြီး ဆရာကြီးဦးဝင်းဆွေအား ၀န်ချတောင်းပန်ခဲ့ခြင်းကြောင့်၎င်း လွှတ်တော်ကိုယ်စားလှယ်များမှ တိုင်ကြားချက်အား ရုပ်သိမ်းပေးခဲ့ပါသည်။ မှတ်ချက်....။
ယခုကိစ္စ နှင့်ပတ်သက်ပြီး Double Blaming ဂုဏ်သိက္ခာထပ်မံကျဆင်းစေလိုသော သဘောမျိုးများဖြင့် ကွန်မန့်များရေးသားခြင်းမပြုလုပ်ကျပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
 Linnthit Eaim

No comments:

Post a Comment