Latest News

Saturday, June 11, 2016

ဟင်္သာတမြို့၊လယ်တီကွင်း ဆိုင်ကယ်အက်ဆီးဒင့်


၂၉.၁၂.၂၀၁၅ရက်နေ့ ၀၈၁၅အချိန်တွင် တရားလို ရဲအုပ်ဇော်မင်းထွန်းသည်
ရဲစခန်းတွင် တာဝန်မှူးတာဝန်ဆောင်ရွက်နေစဉ် ဟင်္သာတမြို့၊ လယ်တီကွင်း
အုပ်စု၊ ရွာသစ်တောင်ရွာ၊ အင်္ဂပိုကားလမ်း၊ မိုင်တိုင်အမှတ်(၅/၁)နှင့် (၅/၂)ကြားတွင် အသက်(၆၀)ခန့်ရှိ အမည်မသိအမျိုးသားတစ်ဦး ဒဏ်ရာများနှင့်လဲကျသေဆုံးနေသည်ကိုတွေ့ရှိရပြီး ၄င်း၏ဘေးတွင် ဆိုင်ကယ်ကာဗာအပိုင်းအစများနှင့် ဆိုင်ကယ်ဘီင်္းရာများအား စစ်ဆေး
တွေ့ရှိရသဖြင့် ဆိုင်ကယ်(၁)စီးမှ ၀င်ရောက်တိုက်မိပြီး မောင်းနှင်ထွက်ပြေး
သွား၍ ဒဏ်ရာများရရှိကာ သေဆုံးရခြင်းဖြစ်ကြောင်း ရဲအုပ်ဇော်လင်းထွန်းမှ တရားလိုပြုလုပ်၍ တိုင်တန်းသဖြင့် ဟင်္သာတ အမှတ်(၁)မြို့မရဲစခန်း
ယာဉ်(ပ)၁၀၂/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၀၄-က/၂၀၂ဖြင့် အမှုရေးဖွင့်ခဲ့ပြီး စုံစမ်းစစ်ဆေးခဲ့ပါသည်။
အမှုမှာ ၅(လ)ကျော်ကြာ စုံစမ်းစစ်ဆေးခဲ့ရာ တရားခံပေါ်ပေါက်ခြင်းမရှိသဖြင့်အမှုကို စုံစမ်းမှုဆိုင်းဖြင့် ပိတ်သိမ်းထားရှိခဲ့
ပါသည်။
၉.၆.၂၀၁၆ရက်နေ့ ဟင်္သာတအမှတ်(၁)မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်
ရဲအုပ်နေမျိုးလင်းနှင့်အဖွဲ့သည် ပိတ်သိမ်းထားသော အမှုများအား ရက်(၁၀၀)
စီမံချက်အရ ပြန်လည်စုံစမ်းဖော်ထုတ်ခဲ့ရာ ဟင်္သာတမြို့၊ ရွာသစ်မြောက်အုပ်စု၊ ပြည်တော်သာကျေးရွာနေ အမာခံတစ်ဦး၏သတင်းပေးချက်
အရ လွန်ခဲ့သော ၅(လ)ခန့်က ကျော်နိုင်(ခ)ကျော်နိုင်ဦး(သ)၃၀နှစ်၊ (ဘ)ဦးကြည်မြင့်၊ ဈေးရောင်း၊ ပြည်တော်သာကျေးရွာနေသူသည် နံနက်(၃)နာရီခွဲခန့်တွင် အမည်မသိလူတစ်ဦးအား ၄င်း၏ဆိုင်ကယ် လော်ဂျား-၁၁၀ဆိုင်ကယ်ဖြင့် တိုက်မိပြီး ရွာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ၄င်း၏ဆိုင်ကယ်အား တစ်ရွာတည်းနေ ရဲကိုကိုထံ ပြင်ခိုင်းကြောင်း
သိရှိခဲ့ရသဖြင့် နယ်ထိန်းခေါင်းဆောင် ရဲအုပ်နေမျိုးလင်းနှင့်အဖွဲ့များမှ သွားရောက်စုံစမ်းခဲ့
ရာ ရဲကိုကိုထံသို့ ကျော်နိုင်ဦးမှ အမည်မသိလူတစ်ဦးအား တိုက်မိပြီး ဆိုင်ကယ်ဒူးကာများကွဲနေသဖြင့် ငွေ(၂၀၀၀၀)ကျပ်ပေး၍ ပြင်ခိုင်းခဲ့ရကြောင်း
စုံစမ်းသိရှိခဲ့ရပါသည်။ဆက်လက်၍ နယ်ထိန်းခေါင်းဆောင် ရဲအုပ်နေမျိုးလင်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူမသင်္ကာသူ ကျော်နိုင်(ခ)
ကျော်နိုင်ဦး ၏နေအိမ်သို့ ၀င်ရောက်ဖမ်းဆီးရာ ၄င်းအား နေအိမ်အနောက်ဘက် လယ်ကွက်အတွင်း ဖမ်းဆီးရမိခဲ့ပြီး
စစ်ဆေးမေးမြန်းချက်အရ ၄င်းသည် လွန်ခဲ့သော ၅(လ)ကျော်ခန့်က နံနက်(၃)နာရီ
ခွဲအချိန်ခန့်တွင် ရွာသစ်တောင်ရွာ၊ အင်္ဂပိုကားလမ်း၊ မိုင်တိုင်အမှတ်(၅/၁)နှင့် (၅/၂)ကြားလမ်းဘေးတွင် လှဲအိပ်နေသော အမည်မသိအမျိုးသား(၁)ဦးအား
၎င်း၏ဆိုင်ကယ်ဖြင့် ၀င်ရောက်တိုက်မိခဲ့ကြောင်း၊ ၄င်း၏ဆိုင်ကယ်အား ရဲကိုကိုထံတွင် ပြင်ခဲ့ပြီး လွန်ခဲ့သော၂(လ)ခန့်က ဟင်္သာတမြို့နယ်၊ ချင်ဗိုလ်ကျေး
ရွာနေ ကိုဖိုးတုတ်ထံသို့ ငွေ(၁၆၅၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့ပါသည်။တရားခံ၏ထွက်ဆိုချက်အရပိတ်သိမ်းထားသော
ဟင်္သာတ အမှတ်(၁)မြို့မရဲစခန်းမှယာဉ်(ပ)၁၀၂/၂၀၁၅၊
ပြစ်မှုပုဒ်မ-၃၀၄-က /၂၀၂အမှုအား ပြန်လည်ဖွင့်လှစ်ကာ တရားခံ ကျော်နိုင်
(ခ)ကျော်နိုင်ဦးအား အမှုဖြင့်ဖမ်းဆီးပြီး သက်သေခံပစ္စည်းဖော်ထုတ်သိမ်း
ဆည်းရန်၊ တရားစွဲတင်ပို့နိုင်ရန် စီစဉ်ထားရှိပါသည်။
Ayeyarwaddy region police force

No comments:

Post a Comment