Latest News

Saturday, June 11, 2016

NLD လွှတ်တော်အမတ်ကို ခြိမ်းခြေက် ဟိန်းဟောက် စိန်ခေါ်လိုက်သော အာဂ မြေသိမ်းခရိုနီ ဒေါက်တာသန်းထွဋ်



ဒီတစ်ကြိမ်NLDလွှတ်တော်အမတ်တွေထဲမှာ ထူးထူးခြားခြားစော်ကားခံလိုက်ရတာကတော့။ဧရာဝတီတိုင်းဒေသကြီးညောင်တုန်းမြိုနယ်ကတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းဖြစ်ပါတယ်။

ရန်ကုန်မြို့ကျောက်တံတားမြိုနယ်ကခရိုနီဒေါက်တာသန်းထွဋ်ဟာဧရာဝတီတိုင်းညောင်တုန်းဗျောသလန်းကွင်းကြီးထဲက ဧက(999.21)ကို၎င်း အင်မကွင်းဘက်တွင်က(1000)ကျော်ကို၎င်း ကဇန်းကွင်းဘက်တွင်က(500)ကို၎င်းအာဏာကိုင်တွေဆီကနေ မြေလွှတ်မြေရိုင်းဥပဒေနဲ လုပ်ပိုင်ခွင့်တောင်းပါတယ် အဲဒါကိုခရိုင်လယ်/စီကမြေသိမ်းဥပဒေနဲ့မညီဘဲချပေးပါတယ်။သူတစ်ကယ်လုပ်နိုင်တာကဧကဆယ်ဂဏန်းပါ။သူကြောင့်ဒေသခံလယ်းသမားတွေဘဝပျက်ပြီးတရားစွဲခံနေရပါတယ်။

လူမိုက်တွေမွေးပြီး ဒေသခံဒါးမဦးချတွေကို အနိုင်ကျင့် ပြဿရှာ နေသူပါ။ဒါကို လူထုကတိုင်ကြားပေမဲ့ခရိုင်ဥက္ကဌဦးအေးသောင်းကအမြဲကာကွယ်ထားလို့လူထုကဘာမှလုပ်အရပါဘူး ၊၊တစ်ကယ်တော့ ဥပဒေအရ သူမလုပ်နိုင်ရင်နိုင်ငံတော်ကိုပြန်အပ်ရမှာပါ။

အခုပြောင်းလဲလာတဲ့ခေတ်မှာ လူထုကသူတို့ရွေးချယ်ထားတဲ့ NLD တိုင်းဒေသကြီးအမတ်ဦးကျော်ဆန်းကို ဖိတ်ခေါ်ပြီးတော့ ကွင်းဆင်းစစ်ဆေးဘို့မေတ္တာရပ်ခံချက်အရရောက်လာတာပါ။
(28.6.16)မှာ ကဇန်း ကွင်းဘက်မှာစစ်ဆေးဘို့ရောက်လာတဲ့ NLDအမတ်ဦးကျော်ဆန်းကို ဒေါက်တာသန်းထွဋ်က "မင်းဘယ်ကကောင်လဲ ? ဘာလာလုပ်တာလဲ ? ငါပိုင်နက်ထဲဝင်ခွင့်မရဘဲမလာရဘူး
မင်းကိုဘယ်သူကခိုင်းတာလဲ? တရားစွဲလို့ရတယ် စသည်ဖြင့် ခြိမ်းခြောက်ဟိန်းဟောက်ကြောင်းမျက်မြင်ကိုယ်တွေ့ရွာသားများမှရှင်းပြပါသည်သည်။ဦးကျာ်ဆန်းမှအေးအေးဆေးဆေးရှင်းပြပါသည်။

ယခုအခါ ၎င်းခရိုနီ၏မတရားသိမ်းပိုက်ထားသောလယ်သိမ်းယာသိမ်းကိစ္စများကို(12.6.16)တွင်ညောင်တုန်းမြို့တော်ခန်းမတွင်လယ်သမားများကသတင်းစာရှင်းလင်းပွဲပြုလုပ်ပါမည်။

credit by Zaw Yan



No comments:

Post a Comment