Latest News

Saturday, June 18, 2016

လှပေမယ့်ကြောက်ဖို့ ကောင်းတဲ့လက်ဝှေ့ မယ်ရွန်ဒါ

လှပေမယ့်ကြောက်ဖို့ ကောင်းတဲ့လက်ဝှေ့ မယ်ရွန်ဒါ
By  timeayeyar

 ဒီအမျိုးသမီးက ရွန်ဒါရောက်စီလို့ ခေါ်တဲ့ အမေရိကန် ကိုယ်ခံပညာသည်ပါ။
MMA ပွဲတွေမှာ ၁၂ ပွဲဆက်တိုက်ရှုံးပွဲမရှိ ချန်ပီယံဖြစ်ခဲ့သူ။
အရှုံးဆိုတာဘယ်တော့မှမရှိနိုင်ဘူးလို့အထင်ရောက်ခဲ့သူ။
ရုပ်ရည်ကပါချောမောလှပလေတော့ The Expendables ကားမှာ
မင်းသားကြီး
စတားလုံး၊အားနိုးတို့ နဲ့တွဲဖက်ပြီးသရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။
လှသလောက်ရက်စက်တယ်လို့ ပြောရလေမလား။
သူ့ရဲ့ ပြောင်မြောက်တဲ့တိုက်ကွက် က လက်ကိုချုပ်လိမ်ချိုးတဲ့တိုက်ကွက်ဖြစ်ပြီး
ပြိုင်ဖက်တွေကို အဲဒီအကွက်တွေနဲ့ ရက်ရက်စက်စက် အနိုင်ယူခဲ့သူ။
အောင်မြင်မှုတွေနဲ့ ကျော်ကြားမှုတွေပြည့်လျှမ်းနေပေမယ့်သြစတြေးလျမဲလဘုန်းမှာ ကျင်းပတဲ့ သူ့ရဲ့ 
၁၃ ကြိမ်မြောက်ပွဲမှာ တော့ ဟိုလီဆိုတဲ့ ပြိုင်ဖက်က သူ့ကိုအလဲထိုးပြီး အနိုင်ယူသွားခဲ့တယ်။သူ့ရဲပြိုင်ဖက် ဟိုလီက ခြေကန်ချက်တွေပြင်းတယ်။သူ့နိုင်တဲ့ပွဲတွေမှာ ဒီလိုခြေကန်ချက်နဲ့ ပြိုင်ဖက်ကိုအလဲကန်တတ်
တယ်။
ချန်ပီယံရွန်ဒါနဲ့ ပွဲမှာလဲ ဒီခြေကန်ချက်နဲ့ ပဲရွန်ဒါကို အလဲသိပ်ခဲ့တာပေါ့။
ရှုံးပွဲမရှိဆက်တိုက်နိုင်ခဲ့တဲ့ ရွန်ဒါတစ်ယောက် မျက်နှာမှာ သွေးအလိမ်းလိမ်းနဲ့  အရှုံးကြီးရှုံးပြီးတဲ့နောက် နလံထဖို့ ခြောက်လလောက်အချိန်ယူခဲ့ရတယ်။
သူ့ ကိုယ်သူသတ်သေဖို့ တောင်ကြံခဲ့သေးတယ်လို့ အင်တာဗျူတစ်ခုမှာ
ထုတ်ဖော်ပြောခဲ့တယ်။
အားကစားလောက ရဲ့ အရှုံးအနိုင်လောကဓံတရား သံဝေယူစရာပါ။
တိုင်းဧရာ
https://www.youtube.com/watch?v=vrD-_xzCAeM





No comments:

Post a Comment