Latest News

Saturday, June 18, 2016

တည်ငြိမ်သွေးအေး ၍ နီရဲပြင်းထန်သော ခွပ်ဒေါင်းတစ် ကောင် သို့မဟုတ် သူ့ အကြောင်းတစ်စေ့တစ်စောင်း

သူ့ကို..ဒီနေ့ ဇွန်လ ၁၈ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဧရာဝတီတိုင်းဒေသကြီး အလုပ်အမှူဆောင်
အဖြစ် ရွေးချယ်တာဝန်ပေးခြင်းခံရသည်ဟု သိရသည်။

ပါတီဗဟို အလုပ်အမှူဆောင် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်မန်းဂျော်နီကြီးကြပ်သည် ဖြည့်တင်းေ၇ွးချယ်ရေးတွင်ပါတီတွင်း မဲပေးေ၇ွးချယ်ခွင့် ရှိသူ အများစု၏ ဆန္ဒမဲဖြင့် တာဝန်ပေးခံသည်ဟု သိရသဖြင့် ၀မ်းမြောက်
ဂုဏ်ယူ မိပါ ကြောင်း ဦးစွာပြောလိုပါသည်။

သူ့အကြောင်းကိုသူကလွဲလျှင် သူ့မိသားစုပင်မသိ ခဲ့သော အကြောင်းအရာ အချို့ကို ကျွန်တော်သိထား
သရွေ့ ရေးလိုရင်းဖြစ်သည်။
သူကားတည်ငြိမ်သွေးအေး ၍ နီရဲပြင်းထန်သော ခွပ်ဒေါင်းတစ်ကောင်ဖြစ်သည်ဟု ကျွန်တော်သူကို
စွတ်ဆွဲရေးသားလျှင်လွန်အံ့မထင်မိပါ။
သူကို၁၉၈၈ မတိုင်ခင်က ပုသိမ်မြို့ ကုန်သွယ်လယ်ယာ ကလပ်ဘောလုံးအသင်း လက်ရွေးစင်၊ အပျော်တန်း အနောက်တိုင်းတေးဂီတ အဖွဲ့၏ဂီတာသမား ကဗျာရူးသွပ်သူ အဖြစ် ကျွန်တော်သိထားခဲ့သည် သူ၌ ရီုးသားစွာယှဉ်ပြိုင်ရဲသော ပြိုင်ပွဲဝင်စိတ် နှင့်နူးညံ့ သိမ့်မွေ့စွာခံစားတတ်သော အနုပညာ နှလုံးသားတစ်စုံ
ထိုအ ချိန်ကတည်း ကရှိခဲ့သည်။


၁၉၈၈ ခုနှစ် မှာ ပုသိမ်မြို့၏ အင်အားအကြီးမားဆုံး သပိတ်အဖွဲ့ ဖြစ်ခဲ့ သည့် ပြည်သူ့ မျိုးချစ်လူငယ် တပ်ဦးအဖွဲ့ချုပ် ၏ အဖွဲ့ခွဲရောင်နီဦး အ ဖွဲ့ ခေါင်းဆောင်ဖြစ်ခဲ့ပြီး အစုအဖွဲ့ ကိုစနစ်တကျ ဦးဆောင်
တတ်သည့် အရည်အချင်း နှင့် ဦးဆောင်သူ တို့၏အထောက် အ ပံ့ဖြစ်သော နောက်လိုက်ကောင်းအရည် အချင်း သူ့တွင် ရှိနေသည် ကို တွေ့ရသည်။

၁၉၈၈ စက်တင်ဘာ လ ၁၈ ရက်နေ့ ဗိုလ်စောမောင်အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီ ပေါ်ပေါက်
လာပြိးနောက် ပုသိမ်အနောက်မြိဲ့နယ် ပုသိမ်မြို့ ပန်းဒင်းလမ်းဖြတ်လမ်း ရှိ ပုသိမ်အနောက်မြိဲ့နယ်
(ယခု ပုသိမ်မြိုနယ်) NLD ရုံး၏ ပထမ ဆုံးသော ရုံးအဖွဲ့မှူး ဖြစ်လာခဲ့သည်။

၁၉၈၉ ဒေါ်အောင်ဆန်းစုကြည် ၏ ဧရာဝတီတိုင်း စည်းရုံးရေး ခရီးစဉ်တွင် ပုသိမ်မြို့ တစ်ဖက်ကမ်း၌ စည်းရုံးဟောပြောနိုင် ရေးအတွက်သွားရောက် စီစဉ် ဆောင်၇ွက်ခဲ့ရာ သူ အပါအ၀င် ကိုသန်းမြင့် (ဒေါင်း
ဆိုး)၊ ကိုထွန်းဝင်း ၊ ကိုစိုးမိုး(ကွယ်လွန်)ပုသိမ်အနောက်မြို့နယ်စည်း တို့ ဖမ်းဆီးခံရပြီးရေတပ်မှ ဗိုလ်ကြီး ကိုကိုနိုင် ၏ ၇ိုက်နက်ခြင်း စစ်ဖိနပ်ဖြင့် ကန်ကျောက် ခြင်းခံရပြီး ထိုသူအားလုံး ပြင်းထန်ဒါဏ်ရာများ
ရရှိခဲ့သည်။

၁၉၈၉ ကုန်ခါနီးဟု ထင်သည် ပုသိမ်မြို့နယ် NLD လူငယ်များ ၏ မဲဆန္ဒ အရ မြို့နယ်လူငယ် လုပ်ငန်း အဖွဲ့ တွင်တာဝန်ခံ(၂) ဖြစ်လာခဲ့သည်၊ ထိုအချိန်စ၍ ထိုခေတ် NLD၏ ဖွဲ့စည်းပုံအရ သူ မြို့နယ်အလုပ်အမှူ
 ဆောင်အဖွဲ့ဝင်ဖြစ်ခဲ့သည်၊အသက် အငယ်ဆုံးသော အလုပ်အမှူဆောင်လည်းဖြစ်သည်။

NLD ပါတီတွင် တာဝန်ထမ်းဆောင် စဉ် ကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည် ၁၈၈၉ ဧရာဝတီ ခရီးစဉ်၊ ထော်ပိုင်အရေး အခင်း၊ စစ်အစိုးရ၏ NLD ဖြိုခွဲရေး စီမံချက်၊ ဂန္ဓီညီလာခံ အရေး ၊တို့တွင် စစ်အစိုးရ ဖမ်းဆီး
ထိန်းသိမ်းခြင်းခံရပြီး ပုသိမ် နရသိဏ်တွင် စံမြန်းခဲ့ရသည်၊အကျယ်ချုပ်၊ခြေချုပ်တို့ဖြင့် နေခဲ့ရသည်။

၁၉၉၄ ၀န်းကျင် တွင် ပါတီဗဟို နှင့် ဒေသတွင်း ခေါင်းဆောင် တို့ကအစိုးရနှင့် ထိပ်တိုက်တွေ့ဆုံရန် လိုလားသူ လူငယ်ဗဟို နှင့် ဒေသတွင်း လူငယ်တို့ကိုပါတီ မှကျင်ခဲ့ရာ တွင် သူပါအကျင်ခံခဲ့ရသည်၊ သို့သော်
အကျင်ခံရသည့်NLD လူငယ်များ က ပါတီတွင်း ပါဝင် ဆောင်ရွက်ခွင့်မရသော်လည်းပါတီကို သစ္စာစောင့်သိပြီး ၀န်းရံရာတွင် သူဆက်လက်ပါဝင်ခဲ့သည်။

၂၀၁၀ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက် ပြီးနောက် လူငယ်ကွန်ရက်များ ပြန်ဖွဲ့စဉ် ဗဟိုသို့သွားရောက် ပါဝင်ရန် ဖြစ်သော်လည်းဒေသအတွင်း NLD ပြန်လည် တည်ဆောက် နိုင်ရေးအတွက်
မိမိဒေသတွင်းမှနေ ၍သာဝန်းရံ နေခဲ့ သည်။

၂၀၁၂ ကြားဖြတ်ေ၇ွးကောက်ပွဲ တွင် ဗဟိုမှ တရားဝင် အောင်နိုင်ရေး အဖွဲ့တွင် တာဝန်ပေးခြင်းမခံရသော်လည်း ပုသိမ်မြို့နယ် ကမ်းခြေဒေသကျေးရွာအုပ်စု ၇ အုပ်စု နှင့် ကျေးရွာ အုပ်စု များတွင် NLD ရပ်ကျေးရုံး
များ ဖွင့်နိုင်ရေးနှင့်အကြွင်းမဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးကို ဦးဆောင် ကာဆောင်ရွက်နိုင်ခဲ့သည်။

၂၀၁၂ ကြားဖြတ်ေ၇ွးကောက်ပွဲ ပြီးနောက်NLD ပါတီ ညီလာခံဖြင့် ပါတီ အလုပ် အမှူဆောင် တာဝန်
အဆင့်ဆင့်ေ၇ွးချယ်ပွဲ တွင် သူပါဝင်ခဲ့ခြင်းမပြုခဲ့ ၊ ရာထူးနေရာ သည်သူ့အတွက် အဓိက မဟုတ်ဟုမှတ်ယူ
ထားပုံရသည်။ သို့သော် ပုသိမ်ခ၇ီုင် အလုပ်အမှူဆောင် အဖွဲ့ကသူ ကို ခ၇ီုင်ရုံးအဖွဲ့မှူး အဖြစ် ခန့်အပ်တာဝန် ပေးသည်။

သူ၏လုပ်နိုင် စွမ်းရည်သည် ရုံးလုပ်ငန်း တာဝန်ထက် ပိုမိုခက်ခဲ စည်းရုံး တာဝန်ဖြစ်သည်၊ထိုနောက် သူ့ကို တိုင်းအလုပ်အမှူ ဆောင် အဖွဲ့မှ NLD တိုင်းရုံး အဖွဲ့မှူး တာဝန်ကို ခန့်အပ်သည်၊ ယခုကား NLDဗဟို မှ
အသိအ မှတ်ပြုသည့် ဧရာဝတီတိုင်းဒေသကြီး NLD အလုပ်အမှူဆောင် အဖြစ်တာ ၀န်ပေးအပ်ခံရပြီဖြစ်
သည်။

သူကား NLDပါတီကို သစ္စာရှိ၍ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို အလေးအမြတ် ထားသူ ပြည်သူ အကျိုးစီးပွားကို ကာကွယ်ရန် အစဉ်တစ်စိုက် အသင့်ရှိသူ အာဏာရှင်ကို သေသည့်တိုင် ဆန့်ကျင်မည်
သူ..အမှန်စင်စစ်သူကားထင်ပေါ်ကြော်ကြားမှူမလိုလားသောသူ၊တည်ငြိမ်သွေးအေး ၍ နီရဲပြင်းထန်သော
ခွပ်ဒေါင်းတစ်ကောင်ဖြစ်သည်ဟု ကျွန်တော် သူကို စွတ်ဆွဲရေးသားလျှင်လွန်အံ့မထင်မိပါ။

တနည်းအားဖြင့် ၁၉၈၈ မြို့နယ် အလုပ်အမှူဆောင် မှ သည် ယနေ့အထိ ရှိနေသာ စီနီယာကျသည့် အလုပ်အမှူ ဆောင်မှာ သူသာလျှင် ဖြစ်မည်ထင် ပါသည်။
မှတ်မိသမျှရေးသား ဂုဏ်ပြုလိုက်ပါတယ်။ ပုသိမ်တစ်ဖက်ကမ်း ၌အ၇ိုက်ခံရ သည့်အချို့ အမည်မှားခြင်းကျန်
ရစ်ခြင်းရှိနိုင်ပါသည်။ အကျဉ်းစံရက် များမမှတ်မိပါ။
သူလိုမျိုးပါတီ၌ ထိုထက်ကြီးလေး သောတာဝန်မျိုးကို ထမ်းဆောင် နိုင်သေးသည်ဟု သာ NLD ဗဟို
 ခေါင်းဆောင် တို့ကိုသိစေချင်ပါသည်။
ဟုတ်ပါ့မလား...မောင်ကာလု
ဇွန်လ ၁၈ ရက်
Karlu Soe

No comments:

Post a Comment